Gaming

Remember Me

Remember-Me-Game

Capcomက ထုတ်တဲ့ Action ဂိမ်းတစ်ခုပါဘဲ။ ၂၀၁၃ မှာCapcom ခြေလှမ်းသွက်သွက်နဲ့ ဂိမ်းတွေ ထုတ်နေတယ် ထင်တယ်။ သူ့ရဲ့ဂိမ်းတွေက ထွက်လာတိုင်း မိုက်နေတော့လဲ ခက်သားလားဗျ။ အခုအမိုက်ဆုံး Actionဂိမ်းကို June 4ရက်နေ့မှာ USမှာ စတင် ဖြန့်ချိတော့မှာတဲ့။ Capcomက ထုတ်မယ့် Remember Me ဆိုတဲ့ Actionအကြောင်းလေး လေ့လာ ကြည့်ကြရအောင်ဗျာ။ Remember Meလို့ ဘာကြောင့် နာမည် ပေးထားတာလဲဆိုတာ စိတ်၀င်စားဖို့ ကောင်းပါတယ်။ ကဲ Preview လုပ်လိုက်မယ်ဗျာ။ ဂိမ်းက Action ဂိမ်းဖြစ်နေတာရယ်၊ ဂိမ်းလောကထဲမှာ ဒီလိုမျိူးဇာတ်လမ်းကို အခြေခံထုတ်ထားတဲ့ ဂိမ်းမရှိသေးတာကြောင့် Remember Meက အနေအထား တစ်ခုထိ ရောက်လိမ့်မယ် ဆိုတာ တွေးလို့ရပါတယ်။ ဒီဂိမ်းရဲ့ ဇာတ်လမ်းနဲ့ တူတဲ့ ဇာတ်ကားမျိုး မရှိပေမယ့် In Time ဇာတ်ကားနဲ့ဆင်ပါတယ်။ In Time ဇာတ်ကားထဲကလို လူတွေကို သတ်မှတ်ပေးထားတဲ့ သက်တမ်းကို အချိန်နဲ့ တိုင်းတာထားတဲ့ ပုံစံမျိုးပါပဲ။ အဲ့ဒီအချိန်ကုန်သွားရင် လူတစ်ယောက် သေဆုံးမှာ ဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက်လည်း အချိန် မျှပေးလို့ ရပါတယ်။

အချိန်တွေကိုတော့ လူတစ်ယောက်တိုင်းအတွက် Limitနဲ့ ပြန်ဖြည့်လို့ရပါတယ်။ ဒီလို ဇာတ်လမ်း သဘောမျိုး ဖြစ်ပေမယ့် Remember Meမှာတော့ တကယ့်အဖိုးတန်တာ ရွေှတွေ ငွေတွေ အချိန်တွေ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ဘဲ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ သတ်မှတ်ပေးထားတဲ့ ဇုန်တစ်ခုက အရမ်းကို ထူးဆန်းနေပါတယ်။ အဲ့ဒီ့မြို့မှာရှိတဲ့ လူတွေရဲ့ မှတ်ဉာဏ်တွေက တနေ့တခြား ကုန်ဆုံးနေပါတယ်။ ရှိသမျှ လူတွေအကုန်လုံး တစ်စုံတစ်ယောက်ရဲ့ စေခိုင်းမှုအောက်ကို ကြရောက်နေကြပါတယ်။ အကုန်လုံး ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် မဟုတ်ကြတော့ပါဘူး။ ဒီမြို့ထဲမှာ အကြောက်ရဆုံး သူတွေက မှတ်ဉာဏ် ခိုးတဲ့လူတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ရင်ဆိုင်နေရတဲ့ ကောင်မလေးတစ်ယောက်က ဒီဒုက္ခတွေထဲက လွတ်မြောက်ဖို့ ကြိုးစားနေပါတယ်။ သူ့နာမည်က Nilinခေါ်တဲ့ မှတ်ဉာဏ် အခိုးခံခဲ့ရသူ တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ သူကလည်း Memory Hunterအဖြစ် မှတ်ဉာဏ်တွေ ပြန်ခိုးနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ဘ၀အမှန်ကို ပြန်ရအောင် ကြိုးစားနေရတဲ့အတွက်ပါ။
သူ့ကိုတစ်ချိန်လုံး ဘယ်ကိုသွားပြီး ဘာတွေလုပ်ရမလဲဆိုတာကို အမိန့်ပေးနေတဲ့ သူရှိပါတယ်။ ဒါကြောင့် သူဘယ်လိုမျိူး ဘ၀အမှန်ကို ပြန်ရမလဲဆိုတာ စိတ်၀င်စားစရာ ကောင်းပါတယ်။ ကစားသူက သူ့နေရာကနေ ဝင်ရောက် ကစားသွားရမှာ ဖြစ်ပါတယ်။ အမိန့်ပေးထားတဲ့ Mission တွေကို ပြီးမြောက်အောင် ဆောင်ရွက်ရမယ့်အပြင်၊ Puzzelတွေလည်း ကစားရဖို့ ရှိနေပါတယ်။ ဇာတ်လမ်းကတော့ လုံး၀ အသစ်ဖြစ်နေတဲ့အတွက် Actionဂိမ်းတွေကြိုက်တဲ့ TPS ဂိမ်းမာတွေအတွက်တော့ Remember Meက ရောက်လာတော့မှာပါ။

ဆက်ပြောနေရင် နှစ်မျက်နှာလောက် ဖြစ်တော့မယ်ဗျို့။ DONTNOD Entertainmentက Developerတွေရဲ့ ဖန်တီးထားမှုတွေနဲ့အတူ ဇာတ်လမ်းအသစ်နဲ့ ဂိမ်းကောင်းတစ်ခုဖြစ်တဲ့ Remember Me ဂိမ်းကို စောင့်မျှော်နေမယ့် မြန်မာဂိမ်းမာတွေအတွက် သတင်းကောင်း ပါးလိုက်ပါတယ်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *