News

ရာထူးဆိုတာ အာဏာပြရန်မဟုတ်

ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ပဲ အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှုပေးရန်အတွက်သာ ပေးအပ်ထားခြင်း ဖြစ်သည်ဟု သြဂုတ်လ ၁၉ရက်နေ့ နံနက်က နေပြည်တော် ကောင်စီနယ်မြေ ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု သိရသည်။

မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ၆၄,၀၀၀ကျော်ရှိရာ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူထုက ရွေးချယ်တင်မြှောက်ထားသော ကျေးရွာအုပ်ချုပ်ရေးမှုးများ တော်ရန်၊ ကောင်းရန် အရေးကြီးကြောင်း၊ ရှေးဦးစွာ ကျေးရွာများတွင် တရားဥပဒေ စိုးမိုးအောင် လောင်းကစားဝိုင်းများ၊ အရက်ပုန်းချက်လုပ်ခြင်းများ၊ ချဲထီဒိုင်များ၊ မူးယစ်ဆေးဝါးများ မရှိအောင် ထိထိရောက်ရောက် လုပ်မှသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုများ ကင်းစင်ပြီး တရားဥပဒေ စိုးမိုးသည့် ကျေးရွာများဖြစ်လာကာ စီးပွားရေး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ တိုးတက်အောင် လုပ်၍ရမည်ဟု နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

“တည်ငြိမ်အေးချမ်းမှု မရှိပဲ၊ တရားဥပဒေ စိုးမိုးမှုမရှိပဲ၊ စည်းလုံးညီညွတ်မှု မရှိပဲ၊ ဘယ်လိုမှ တိုးတက်လာနိုင်မည် မဟုတ်ကြောင်း၊ ရာထူးဆိုသည် အာဏာပြရန် မဟုတ်ကြောင်းနှင့် အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှုပေးရန် ပေးအပ်ထားခြင်းဖြစ်သည်”ဟု ဆိုသည်။

လက်ရှိအချိန်တွင် ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးနေပြီး မြို့နယ်၊ ကျေးရွာများတွင် မြို့နယ်အုပ်ချုပ်ရေးမှုး၊ ကျေးရွာ အုပ်ချုပ်ရေးမှုးတို့အပြင် မြို့နယ်ကျေးရွာ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဆောင် ကော်မတီကို မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့များ၊ မြို့နယ်မှ ရွေးချယ်သည့် စည်ပင်အဖွဲ့များ ရှိနေပြီဖြစ်သည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “ရာထူးဆိုတာ အာဏာပြရန်မဟုတ်

  1. Nandar Thiri says:

    President speech အတိုင်နောက်လိုက်ကောင်းရှိနေရင် တိုင်းပြည်ကောင်းမှာ?

  2. Nyan Lin September says:

    ပြောတော့လဲ ခင်ဗျားပါဘဲ

Leave a Reply

Your email address will not be published. Required fields are marked *