News

KMD နှင့် NEC တို့ ပစၥည်းသစ်မိတ်ဆက်ပွဲ Traders တွင်ကျင်းပ

ယမန်နေ့ညနေ ၄ နာရီက ရန်ကုန်မြို့ Traders Hotel တွင် ဂျပန်နိုင်ငံအခြေစိုက် NEC Computer Company နှင့် KMD Computer Group တို့ပူးပေါင်း၍ ပစၥည်းသစ်များမိတ်ဆက်ပွဲကျင်းပခဲ့သည်။ NEC သည် Super Computer မှ Desktop, Laptop များထိ ထုတ်လုပ်နေပြီး ဂျပန်စျေးကွက်တွင် အောင်မြင်မှုအထူးရရှိနေသော Company ကြီးဖြစ်သည်။ KMD မှ ၂ဝဝ၈ ခုနှစ်မှ စ၍ တရားဝယ်ကိုယ်စားလှယ်ယူ ဖြန့်ချိကာ NEC Products များအားလုံးကို 1 Year Warranty နှင့် သုံးနှစ်လက်ခမဲ့ Service ပေးကြောင်း သိရသည်။ Business ကိုဦးတည်သည့် Product များ ထုတ်လုပ်လျက်ရှိပြီး စျေးနှုန်းအားဖြင့်အနည်းငယ်မြင့်မားသော်လည်း အကြမ်းခံကာ အရည်အသွေးအထူးကောင်းမွန်ပြီး Software Error, Hardware Error လုံးဝမရှိသည့် ဂျပန်နိုင်ငံထုတ် NEC Products များဖြစ်ပါသည်။ KMD မှ GM တစ်ဦး၏ ပြောကြားချက်အရ ယခု မိတ်ဆက်လိုက်သည့် NEC Laptop များသည် Commercial ကိုဦးတည်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

NEC HA eBo× သည် စီးပွားရေးအဖွဲ့အစည်းများတွင် Network Error ဖြစ်သည့်အခါ လုပ်ငန်းများရပ်တန့်မသွားရေး လုပ်ဆောင်သည့် Mini Tower Server ဖြစ်သည်။ အဆိုပါ Product သည် အာရှ၊ ပစိဖိတ်ဒေသများတွင် စျေးကွက်အောင်မြင်မှုများ ရရှိခဲ့ပြီး Networking အတွက် User များအထူးနှစ်ခြိုက်သည့် Network ပစၥည်းတစ်မျိုးပင်ဖြစ်သည်။

ထို့နောက် စီးပွားရေးသုံး Laptop များကို NEC မှ မိတ်ဆက်ခဲ့သည်။ ပထမဦးစွာ NEC VersaPro Type VB ကို မိတ်ဆက်ပြသခဲ့သည်။ Magnesium သတၱဳဖြင့် တည်ဆောက်ထားပြီး အလေးချိန်ပေါ့ပါးကာ ရေစိုခံကီးဘုတ် ပါရှိသည်။ ထို့ပြင် ခြစ်ရာ၊ ပွန်းပဲ့ရာများကို အလိုလျောက်ကာကွယ် ဖျောက်ဖျက်ပေးနိုင်သော အလွာမျက်နှာပြင်ဖြင့် ကာကွယ်ပေးထားသည့် Cover နှင့် မျက်နှာပြင်အကျယ် 12.1 inches WXGA Screen ဖြစ်သည်။ Windows 7 Professional 32bit OS နှင့် Third Generation Intel Core i5 Processor (2.6 GHz to 3.3 GHz) ကို အသုံးပြုထားကာ RAM DDR3 4GB, Intel HD Graphics 4000, USB 3.0 port နှင့် 3 Years Warranty ပေးကြောင်းသိရပါသည်။

ထို့နောက် NEC VersaPro Type VH ကို မော်နီတာ ၁၃.၃ လက်မ၊ Intel Core i7 Processor နှင့် Numeric Keyboard built-in ပါဝင်လာသည်။ Windows 8 Pro 64-bit, 4GB RAM, Intel HD Graphics 4000, 500GB HDD, 3.0 USB port အပြင် Web Cam ကိုလည်း HD resolution ဖြင့်ရိုက်နိုင်ကြောင်း သိရသည်။ NEC မှ Regional Director Mr.David OOI သည် အဆိုပါ Laptop ပေါ် တစ်ကိုယ်လုံးမတ်တပ်ရပ်ပြခဲ့ပြီး NEC Products များ၏ စွမ်းဆောင်ရည်ကို သက်သေထူခဲ့သည်။

ထို့ပြင် NEC VersaPro Ultralite VG ကမာဘ့အပေါ့ပါးဆုံး 875 gram ရှိ Laptop ကို ပွဲထုတ်ပြသခဲ့ပြီး အထူကလည်း ၁၄.၉ မီလီမီတာသာ ရှိသည်။ ဘက်ထရီအားသွင်းရာတွင်လည်း တစ်နာရီခန့်အားသွင်းရုံဖြင့် ၈ဝ ရာနှုန်းအထိ ပြန်လည်ဖြည့်စွမ်းနိုင်ကြောင်း တွေ့ရှိရသည်။ Intel Core i7- 3517 U Processor, 13.3 inches TFT LCD Display, Windows 8 Pro 64-bit, 1.9 GHz to 3 GHz အထိအသုံးပြုနိုင်ပြီး 4GB RAM, Bluetooth 4.0, Intel HD Graphics 4000, HD Audio တို့ပါဝင်ကြောင်းသိရသည်။

NEC Comanpy အနေဖြင့် အိုင်တီနှင့်ဆိုင်သည့် ထုတ်ကုန်များစွာ ထုတ်လုပ်ထားကြောင်းလည်း သိရသည်။ စီးပွားရေးလုပ်ငန်းသုံးဆာဗာများကို အဆင့်လိုက်ခွဲခြားထုတ်လုပ်ပြီး Super Computer, Laptop, Desktop, Projector စသည်တို့သာမက Networking, Hardware စသည်တို့အတွက် အသုံးတည့်ပြီး ထိပ်တန်းအရည်အသွေးရှိ Products များစွာကို ထုတ်လုပ်သွားရန် ရှိကြောင်းသိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *