News

ဂျပန် Fuji Electric ရန်ကုန် ရုံးခွဲဖွင့်လှစ်

ဂျပန်နိုင်ငံအခြေစိုက် အီလက်ထရွန်နစ် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Fuji Electric ကုမ္ပဏီသည် ရန်ကုန်ရုံးခွဲကို ဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာ ၁ရက်တွင် လုပ်ငန်းများ စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း၊ Fuji Electric၏ ထုတ်ပြန်ချက်အရ သိရသည်။ Fuji Electricသည် မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် အများပြည်သူသုံး အခြေခံ အဆာက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် အခြားသော နိုင်ငံခြား ကုမ္ပဏီများနှင့်အတူ ပါ၀င်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် Fuji Electricသည် ဂျပန်ကုမ္ပဏီများအပြင် နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ပြည်တွင်း ကုမ္ပဏီများနှင့်လည်း စီးပွားရေး ဆက်ဆံရေး တည်ဆောက်သွားမည်ဖြစ်သည်။ လက်၇ှိ Fuji Electricမှ မြန်မာနိုင်ငံတွင် ဆောင်ရွက်ပေးသည့် လုပ်ငန်းအမျိုးအစားများမှာ UPS, Cast Resin Dry Type Transformer, AC (Drives (LV), AC Drives (MV), Motor, Servo Systems, AC Drive တို့ဖြစ်ကြောင်း သိရသည်။

Fuji Electric၏ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံတွင် ၁၉၈၀ပြည့်နှစ် ၀န်းကျင်မှ ယနေ့တိုင် အသုံးပြုနေကြကြောင်း သိရပြီး ၄င်း၏ ရုံးခွဲကို ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် ဖွင့်လှစ်ထားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *