Mobile

Asus ZenBook UX51V

Asus--ZenBook--UX51V

ASUS ZenBook UX51V ရဲ့စွမ်းရည်တွေကတော့ ခံ့ညားတဲ့ဒီဇိုင်း၊ စိတ်ကြိုက်သုံးစွဲနိုင်မှု၊ ကောင်းမွန်ဆန်းသစ်တဲ့ Keyboard ၊ အသံထွက်ကောင်းမွန်တဲ့ Speaker ၊ Battery သက်တမ်းရှည်ကြာစွာ အသုံးပြုနိုင်မှုတွေဖြစ်ပါတယ်။ အားနည်းချက်တွေကတော့ ဈေးနှုန်းကြီးမားမှု၊ Cooling Fan မပါရှိမှု၊ Touch Screen မပါ၀င် မှုတွေဖြစ်ပါတယ်။ ဈေးနှုန်း ကြီးမြင့်တယ်ဆိုတာကလည်း ZenBook UX51V တစ်လုံးကို ဒေါ်လာ ၉၉၄.၄၀ ဖြစ်တာကြောင့်ပါ။ ယေဘူယျ ကြည့်မယ်ဆိုရင်တော့ ZenBook UX51V တစ်လုံးဟာ ၁၅.၆ လက်မ အရွယ်အစားရှိတဲ့ မြန်နှုန်းမြင့် Notebook တစ်လုံးလို့ဆိုနိုင်ပါတယ်။ တကယ်တမ်းမှာလည်း ZenBook UX51Vဟာ IPS Display၊ Core i7quad-core processor တွေတပ်ဆင်ထားပြီး၊ ရုပ်ထွက်ကောင်းမွန်မှုတွေနဲ့ အသုံးပြုရလွယ်ကူမှုတွေကို မြင်ရမှာပါ။ ZenBook UX51V မှာ Memory pair လုပ်နိုင်မှုက 128 GB အထိအောင်ရှိပါတယ်။ ZenBook UX51V ဆိုတာကလည်း Display ကို ၁၅.၆ လက်မရှိပြီး၊ အလေးချိန်ကိုလည်း ၄.၆ ပေါင်ပဲရှိအောင် ဖန်တီးထားတာပါ။ Body ပိုင်းအနေနဲ့လည်း Aluminium အသားပေးသုံးစွဲ တည်ဆောက်ထားပြီး၊ Unibody လို့ခေါ်တဲ့ ဒီဇိုင်းမျိုးဖန်တီးထားပါတယ်။ Display ရဲ့အပေါ်ဖုံးဟာလည်း ထူထဲပြီး အပျက်အစီး ထိခိုက်မှုတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။ သတိမူရမဲ့အချက်ကတော့ ကြမ်းတမ်းတဲ့မျက်နှာပြင်နဲ့ ထိခိုက်မှုမရှိအောင် ထိန်းသိမ်းဖို့ပါပဲ။ တကယ်လို့ သားရေ Cover တစ်ခုခုကို သုံးမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ZenBook UX51Vဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဒီဇိုင်း အသစ် တစ်ခုဖြစ်ပြီး၊ တကယ်တမ်းလည်း စိတ်၀င်စားဖို့ကောင်းပါတယ်။ စဉ််းစားချင့်ချိန်ရမဲ့ အချက်တစ်ခုကတော့ သူ့ရဲ့ဈေးနှုန်းပါ။ သူရဲ့ Upgrade စွမ်းဆောင်ရည်ကိုတော့ ကန့်သတ်ထားတာတွေ့ရပါတယ်။ ZenBook UX51Vကို ဖွင့်ကြည့်မယ်ဆိုရင်တော့ Screwdriver ရှိမှ အဆင်ပြေမှာပါ။ Media နဲ့ Upgrade အပိုင်းတွေကို သုံးဖို့ အတွက်ကတော့ RAM တစ်ခု ပါ၀င်ပါသေးတယ်။ Port အနေနဲ့ကတော့ USB 3.0 Port ၊ HDMI ၊ mini-Display Port တွေ တပ်ဆင်အသုံးပြုနိုင်မှာပါ။ သူ့ရဲ့ထူးခြားချက်ကတော့ Internal Optical Drive မပါ၀င်တာဖြစ်ပြီး၊ ပုံထွက်အားလုံးဟာ ဘယ်ကနေ ညာကို ရွေ့လျားမှာပါ။ Keyboard ရဲ့ဒီဇိုင်းကတော့ Chiclet-style ဖြစ်ပြီး၊ LED မီးလုံးတွေနဲ့ အလှဆင်ထားတာတွေ့ရမှာပါ။ ဒါ့အပြင် Numeric Keypad ကိုလည်း သီးခြားတည်ဆောက်ထားပါတယ်။

Keypad တွေရဲ့မျက်နှာပြင်ကို ချောမွေ့ညီညွတ်အောင် ပြုလုပ်ထားတာကြောင့် သုံးစွဲချိန်ကြာမြင့် လာခဲ့ရင်တောင် ခလုတ်ချောင်ခြင်း၊ လှုပ်ခြင်းတွေ မရှိနိုင်လောက်ပါဘူး။ Clicking နဲ့ပတ်သက်လို့ကတော့ တပြေးညီမြန်နှုန်းနဲ့ လုပ်ဆောင်နိုင်မှာပါ။ ကျွန်တော့်အမြင်မှာတော့ ZenBook UX51Vဟာ အရမ်းကြည့်ကောင်းတဲ့ IPS(In-Plain Switching) တစ်ခုဖြစ်ပြီး၊ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ရှုထောင့်မျိုးစုံကနေ ခံစားကြည့်ရှုနိုင်မှာပါ။ Brightness နဲ့ Color ပို်င်းလည်း ညီမျှလွန်းတာကြောင့် မှန်လို အလင်းပြန်ခြင်းမျိုးတွေလည်းမဖြစ်နို်င်ပါဘူး။ Display Resolution က ၁၉၂၀×၁၀၈၀ Pixels ရှိလို့ အကောင်းမွန်ဆုံး Image တွေကိုပေးစွမ်းနိုင်ပါလိမ့်မယ်။ အားနည်းမှု နောက်တစ်ချက်ဖြစ်တဲ့ Touch လုပ်နိုင်မှုမရှိတာကတော့ အဓိကပြစ်ချက်လို့ ဆိုရပါမယ်။ Sound အပိုင်းမှာတော့ Separate Speaker တွေက Bass အသံတွေနဲ့ Stero အသံတွေကို သီးခြားထုတ်ပေးမှာပါ။ ဒါကြောင့် ZenBook UX51Vဟာ အားသာချက်များစွာနဲ့ လူကြိုက်များတဲ့ Notebook တစ်ခုအဖြစ် ဈေးကွက်မှာ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *