Cameras

Nikon D7000

Nikon--D7000

Nikon D7000ဟာ 16.2MP ပါဝင်ပြီး 1080P Full HD Videoတွေကို 24fps 1 Full-Time Autofocusနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အလင်းအမှောင် ချိန်ညှိဖို့အတွက် ISO Range 100-25600အထိ ပါဝင်ပြီး Nikon DX Cameraတွေထဲမှာ အကောင်းဆုံး အနေအထားပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို 6fps (Frame Per Seconds)နှုန်းနဲ့ ဆက်တိုက်ရိုက်နိုင်မှာ ဖြစ်ပြီး 2016-Pixel 3D Colour Matrix Metering System 39-Point Auto-Focus Systemတို့လည်း ပါဝင်ပါတယ်။ ဖုန်နဲ့ ရေငွေ့ရိုက်ခြင်းက ကာကွယ်ပေးဖို့ Magnesium Alloyကိုယ်ထည်နဲ့ Nikon D7000မှာ အကျယ် ၃လက်မရှိတဲ့ 921k dot LCD Screen ပါဝင်ပြီး SD Card Slot နှစ်ခုပါပါတယ်။ ကင်မရာရဲ့ အလေးချိန်ကတော့ Battery Pack အပါအဝင် 780g ရှိပြီး EN-EL15 Batteryကို အသုံးပြုထားပါတယ်။ Battery Lifeကတော့ ပုံပေါင်း ၁၀၅၀ပုံလောက် ရိုက်ကူးနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းကတော့ USD 1115ခန့်လို့ သိရပါတယ်။ ပေါ့ပါး အကြမ်းခံပြီး ရုပ်ထွက်ကောင်းမွန်တဲ့အပြင် ကင်မရာ ကောင်းကောင်း တစ်လုံးအတွက် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ Nikon D7000ကို ကင်မရာချစ်သူများ ကြိုက်နှစ်သက်ကြလိမ့်မည်လို့ မျှော်လင့်ပါတယ်။

Related Posts

5 thoughts on “Nikon D7000

  1. Brian Aung says:

    အဲဒီမော်ဒန်နဲ့Canon 7D ယှဉ်ရင် ဘယ်ဟာကပိုကောင်းပါသလဲ။ဒီရက်ပိုင်းဝယ်မလို့ပါ။canon7D is yen 139800 ။တွေဝေနေလို့ပါ။

  2. Real Choice says:

    ဈေးနှုန်းလေးသိချင်ပါတယ် … ကျေးဇူးပြုပြီးဖြေကြားပေးပါ..

Leave a Reply

Your email address will not be published. Required fields are marked *