News

ပညာရေးအတွက် ရင်းနှီးဖို့…

HSBCရဲ့ ထုတ်ပြန်ချက်တစ်ခုအရ သြစတြေးလျနိုင်ငံဟာ Overseaကျောင်းသားတွေ အတွက် နေထိုင်စရိတ်၊ စာသင်ကြားစရိတ် အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကုန်ကျစရိတ် စုစုပေါင်း ဒေါ်လာ ၃၈၀၀၀ခန့် ကုန်ကျပေမယ့်လည်း အဆိုပါနိုင်ငံဟာ Overseaကျောင်းသားတွေ ကြားမှာ ပေါ်ပြူလာဖြစ်နေဆဲပါ။ ဒါ့အပြင် HSBCရဲ့ ပြောကြားချက်အရလည်း သြစတြေးလျဒေါ်လာ ဟာမကြာခင် ဈေးတက်လာမယ်လို့ ဆိုပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ထဲမှာလည်း Overseaကျောင်းတက်ချင်သူတွေ လေ့လာဖို့အတွက် ကုန်ကျစရိတ် အမြင့်ဆုံးနိုင်ငံတွေကို အစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။

၁။ သြစတြေးလျ (နှစ်စဉ်ကြေး- ဒေါ်လာ ၃၈၅၁၆)
၂။ အမေရိကန် (နှစ်စဉ်ကြေး- ဒေါ်လာ ၃၅၇၀၅)
၃။ UK (နှစ်စဉ်ကြေး- ဒေါ်လာ ၃၀၃၂၅)
၄။ UAE (နှစ်စဉ်ကြေး- ဒေါ်လာ ၂၇၃၇၅)
၅။ ကနေဒါ (နှစ်စဉ်ကြေး- ဒေါ်လာ ၂၆၀၁၁)
၆။ စင်္ကာပူ (နှစ်စဉ်ကြေး- ဒေါ်လာ ၂၄၂၄၈)
၇။ ဟောင်ကောင် (နှစ်စဉ်ကြေး- ဒေါ်လာ ၂၂၄၄၃)
၈။ ဂျပန် (နှစ်စဉ်ကြေး- ဒေါ်လာ ၁၉၁၆၄)
၉။ တရုတ် (နှစ်စဉ်ကြေး- ဒေါ်လာ ၈၇၆၆)
၁၀။ ထိုင်၀မ် (နှစ်စဉ်ကြေး- ဒေါ်လာ ၈၂၇၅)
၁၁။ စပိန် (နှစ်စဉ်ကြေး- ဒေါ်လာ ၇၀၀၆) နဲ့
၁၂။ ဂျာမနီ (နှစ်စဉ်ကြေး- ဒေါ်လာ ၆၂၈၅) တို့ပဲ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံရဲ့ နေထိုင်မှုစရိတ်နဲ့ ကျောင်းစရိတ်ဟာ Overseaကျောင်းသားတွေ အတွက် စဉ်းစားစရာ ဖြစ်နေပေမယ့် အဆိုပါနိုင်ငံရဲ့ နိုင်ငံတကာကျောင်းသား ဦးရေဟာ များပြားနေဆဲပါ။ ကျောင်းသားတွေဟာ အရည်အသွေး မြင့်မားတဲ့ ပညာရေး၊ နေထိုင်မှုပုံစံစတဲ့ အချက်တွေကြောင့် ကုန်ကျစရိတ်ကို သိပ်မကြည့်ကြတာလည်း ဖြစ်ပါတယ်လို့ သိရပါတယ်။

၂၀၀၉နဲ့ ၂၀၁၂ခုနှစ်တွေ အတွင်းမှာတော့ သြစတြေးလျရဲ့ ပညာရေးကဏ္႑မှာ ကျောင်းအပ်စရိတ် ၁၂ရာနှုန်းလောက် ကျဆင်းခဲ့ပေမယ့် အစိုးရရဲ့ပြောင်းလဲမှုတွေက ၂၀၁၂ခုနှစ်မှာ စတင်ခဲ့ပါတယ်။ နိုင်ငံတကာ ကျောင်းသားတွေ အတွက်ဗီဇာကိစ္စ စတဲ့ကဏ္႑တွေကို လွယ်ကူအောင် ပြောင်းလဲပေး လိုက်တာကလည်း သူတို့နိုင်ငံကို ကျောင်းလာတက်ချင်အောင် ဆွဲဆောင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *