Education, Lifestyle, News

University of Southampton နှင့် ဗြိတိသျှကောင်စီတို့မှ အခမဲ့ အွန်လိုင်းသင်တန်းတက်ရန် စာရင်းပေးနိုင်ပြီ။

British Council

University of Southampton နှင့် ဗြိတိသျှကောင်စီတို့မှ အခမဲ့ အွန်လိုင်းသင်တန်းတက်ရန် စာရင်းပေးနိုင်ပြီ။

University of Southampton နှင့် ဗြိတိသျှကောင်စီတို့၏ ပူးတွဲပို့ချမည်ဖြစ်သည့် နိုဝင်ဘာလ ၁၇ ရက် တွင်စတင်မည်ဖြစ်သော “Understanding Language: Learning and Teaching” အခမဲ့ အွန်လိုင်း သင်တန်းကို တက်ရောက်လိုသူများ ယခုစတင်စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်းသိရပါသည်။

ဤသင်တန်းတွင် Applied Linguistics and English Language Teaching ဘာသာရပ်ကို ဘွဲ့လွန်သင်တန်းများ ပို့ချလျက်ရှိသော University of Southampton နှင့် ဗြိတိသျှကောင်စီတို့၏ ပူးတွဲပို့ချသော ဤသင်တန်းတွင် English Language Teaching ELT MA မဟာဘွဲ့သင်တန်းမှ အယူအဆတစ်ချို့ကို မိတ်ဆက်ပေးမည်ဖြစ်ပါသည်။ သင်တန်းကာလ လေးပါတ်ကြာမည်ဖြစ်ကာ တစ်ပတ်လျှင် ၃ နာရီခန့် အချိန်ပေးရန်လိုအပ်မည်ဖြစ်သည်။

ဤသင်တန်းသည် ဘာသာစကား ဖွံ့ဖြိုးရေးနှင့် ဘာသာစကား သင်ကြားရေးကို စိတ်ဝင်စားသော ဘွဲ့ရပြီး (အင်္ဂလိပ်ဘာသာ အဆင့် C1 level on CEFR သို့မဟုတ် အနည်းဆုံး IELTS band score 7 ရနိုင်သူ) အင်္ဂလိပ်စာဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ပါသည်။ သို့ရာတွင် စိတ်ဝင်စားသူ မည်သူကိုမဆို အကန့်အသတ်မရှိ တက်နိုင်သည်။ တက်ရောက်ရန် https://www.futurelearn.com/courses/understanding-language သို့သွားရောက်ကြိုတင် စာရင်းပေးရမည်။

ရက်သတ္တ ငါးပါတ်ကြာမြင့်မည်ဖြစ်သည့် ဤသင်တန်းတွင် ဘာသာစကား လေ့လာသင်ကြားမှုတွင် အကောင်းဆုံးသော တွေ့ရှိချက်များနှင့် နည်းဗျူဟာများကို မိတ်ဆက်ပေးမည်ဖြစ်ပါသည်။ သင်တန်း ပြီးဆုံးသောအခါ ဘာသာစကားကို ထိရောက်စွာ သင်ကြားလေ့လာရာတွင် မည်သည်တို့ကို လိုအပ် သည်ကို သိရမည်ဖြစ်ပါသည်။ ထို့အပြင် ဒုတိယဘာသာစကား လေ့လာခြင်းနှင့် အဘယ်ကြောင့် ဘာသာစကား လေ့လာခြင်းဆိုသည့် အကြောင်းများကို ရှင်းလင်းသင်ပြခြင်း၊ စာသင်ခန်းများ၏ ကဏ္ဍကို ထည့်သွင်းစဉ်းစားကာ ဘာသာစကားလေ့လာခြင်းတွင် သင်ကြားမှု၏ သက်ရောက်မှုကို ရှင်းပြခြင်း၊ နည်းပညာအသုံးချမှု နှင့် ဘာသာစကားလေ့လာမှုအပေါ် ၎င်း၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို လေ့လာခြင်းတို့ ပါဝင်မည်ဖြစ်ပါသည်။ အဆုံးသတ်တွင် ကမ္ဘာ့အသုံးအများဆုံး၊ သင်ယူမှု သင်ကြားပေးမှု အများဆုံးဖြစ်သည့် အင်္ဂလိပ်ဘာသာအား လေ့လာခြင်းကို စူးစမ်းလေ့လာ ပါမည်။ အင်္ဂလိပ်စာသည် အဘယ်ကြောင့် ထိပ်ဆုံးနေရာကို ရနေသည်၊ သင်ကြားရေး ပေါ်လစီ နှင့် အခြား ဘာသာစကားများအပေါ် အင်္ဂလိပ်စာ၏ ပြန့်နှံ့မှုများကိုလည်း ထည့်သွင်းဆွေနွေးသွားမည် ဖြစ်သည်။

ဤသင်တန်းတွင် ပဟေဠိများ၊ လေ့ကျင့်ခန်းများ၊ ဆွေးနွေးပွဲများနှင့် ကမ္ဘာအရပ်ရပ်တွင် ရိုက်ကူးထားသော ဗီဒီယိုများ ပါဝင်ပါသည်။ ဗီဒီယိုများထဲတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဗြိတိသျှကောင်စီမှ ဆရာ ဆရာမများ နှင့် University of Southampton မှ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ ပါဝင်ကြပါသည်။ သင်တန်းတစ်လျှောက်တွင်လည်း ထင်မြင်ချက်များနှင့် အကြံဉာဏ်များ ဖလှယ်ကြသည့် ဆွေးနွေးပွဲများကို နားထောင်ရမည်ဖြစ်ပြီး တက်ရောက်သူများ ကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။သင်တန်းတက်ရာတွင် PC နှင့် laptop များဖြင့်သာမက tablet နှင့် မိုဘိုင်လ်ဖုံးများဖြင့်လည်း လွယ်ကူစွာအသုံးပြုနိုင်ပြီး ဗီဒီယိုကြည့်ရှူ ရန် အင်တာနက်နှေးကွေးနေပါက ဗီဒီယိုပါ အကြောင်းအရာအားလုံးကို pdf ဖိုင်ဖြင့် download ရယူသိမ်းဆည်းဖတ်ရှူ နိုင်သည်။

ဗြိတိသျှကောင်စီ ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Kevin Mackenzie က သင်တန်း အစမှ အဆုံး လုံးဝအခမဲ့ဖြစ်ပြီး သင်တန်းဆင်းလက်မှတ် “Statement of Participation” ကို နိုင်ငံတကာသုံး credit card ရှိပါက ဝယ်ယူလိုပါက ဝယ်ယူခွင့်ပြုထားမည် ဖြစ်ပါသည်။ သင်တန်းတက်ရန် သက်သက် ဆိုပါက ငွေကြေးကုန်ကျမှုလုံးဝမရှိကြောင်းပြောကြားပါသည်။ စက်တင်ဘာလ တွင်ပြုလုပ်ခဲ့သည့် ဗြိတိသျှကောင်စီ၏ “Exploring English: Language and Culture – အင်္ဂလိပ်ဘာသာ စူးစမ်းလေ့လာခြင်း၊ ဘာသာစကား နှင့် ယဉ်ကျေးမှု” အွန်လိုင်းသင်တန်းအား မြန်မာနိုင်ငံမှ တက်ရောက်ခဲ့သူ ခြောက်ထောင်နီးပါးခန့်ရှိခဲ့သည်ကို အားရဖွယ်တွေ့ရှိရကြောင်း၊ အခြားနိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူနည်းသေးသော်လည်း ယူကေရှိ ဗြိတိသျှကောင်စီ ရုံးချုပ်မှ တာဝန်ရှိသူများ အံ့အားသင့်လောက်အောင်ပင် မြန်မာနိုင်ငံမှ လူအရေအတွက်များစွာ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပြီး အင်္ဂလိပ်ဘာသာတိုးတက်ရေးအတွက် စိတ်ပါဝင်စားမှုကို ပြသ ခဲ့ကြောင်း၊ ယခုနိုဝင်ဘာတွင်ဖွင့်မည့် သင်တန်းမှာ သင်ပြမည့် အင်္ဂလိပ်ဘာသာ အဆင့်မြင့် သည့်အတွက် C1 level on CEFR သို့မဟုတ် IELTS ရမှတ် အနည်းဆုံး ၇ ရနိုင်သူများသာ တက်ရောက်ရန်တိုက်တွန်းကြောင်း ပြောကြားသွားပါသည်။

“Understanding Language: Learning and Teaching” အခမဲ့ အွန်လိုင်းသင်တန်း အကြောင်းအသေးစိတ် ထပ်မံသိရှိလိုပါက ဗြိတိသျှကောင်စီ၏ Myanmar Network ဝက်ဆိုဒ် www.myanmar-network.net တွင်ဝင်ရောက်ကြည့်ရှူ နိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *