News

၂၀၁၄-၁၅ ပညာသင်နှစ် ကန်ဒေါ်လာ ၁၀သန်းသုံးမည်

အခမဲ့ မသင်မနေရ မူလတန်း ကလေးကျောင်းအပ်နှံမှုနှုန်း၊ ကျောင်းသားများ ကျောင်းနေမြဲမှုနှုန်း ထိန်းသိမ်းမြှင့်တင်နိုင်ရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း၆၀ကို ပညာရေး ကဏ္႑၌ သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဇော်မင်းအောင်၏ ပြောကြားချက်အရ သိရသည်။

“ပညာရေး ၀န်ကြီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္႑နှစ်မှာ အမေရိကန် ဒေါ်လာ ၁၀သန်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ လေးလံတဲ့ ကျေးလက်ဒေသများမှာရှိတဲ့ ကျောင်းများနဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ၂ဒသမ ၅၀ရာခိုင်နှုန်းကို တိုင်းဒေသကြီး ပြည်နယ်အစိုးရရဲ့ သဘောတူညီချက်နဲ့ သုံးစွဲသွားမှာပါ”ဟု ပညာရေး ဒု၀န်ကြီးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ပညာရေး ကဏ္႑မြှင့်တင်ရာ၌ မသင်မနေရ အခမဲ့ မူလတန်း ပညာရေးအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် မူလတန်း ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်မှုနှုန်း မြင့်မားလာခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချူပ်ရာ နယ်စပ် ဒေသများတွင် မူလတန်း ကျောင်းနေအရွယ် ကလေးများ ကျောင်းမတက်နိုင်မှု များပြားလျက်ရှိကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *