News

Laurel Artတွင် ဂျပန်နိုင်ငံမှ ကင်မရာပညာရှင် လာရောက်ဆွေးနွေးမည်

Laurel အနုပညာသင်တန်းကျောင်း၏ ဖိတ်ခေါ်မှုဖြင့် ဂျပန်နိုင်ငံမှ ကင်မရာပညာရှင် Mr.Miyoshi Tomiqaသည် သြဂုတ်လ ၂၅ရက်နေ့ မွန်းလွဲ ၁နာရီတွင် ၎င်းသင်တန်း ခန်းမ၌ ရုပ်ရှင်ကင်မရာများ၊ ဗီဒီယို ကင်မရာများနှင့် ပတ်သက်သော နည်းပညာရပ်များအား  ဆွေးနွေးမည်ဖြစ်ကြောင်း Laurel Art School တည်ထောင်သူ ဦးမင်းရန်အောင်ထွန်းက မဇ္ဈိမသို့ ပြောကြားသည်။

“သူက ကင်မရာနဲ့ ပတ်သက်တဲ့ နည်းပညာတွေ၊ ဘယ်လို အသုံးပြုလို့ ရနိုင်သေးလဲဆိုတာကို ပြောပြပေးမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ မည်သူမဆို လာရောက်ဆွေးနွေး မေးမြန်းလို့ရပါတယ်။ ကျွန်တော့်ဆီမှာရှိတဲ့ Sony Ex-3ကို လက်တွေ့ပြသပြီး ရှင်းလင်းသွားမှာပါ။ အဓိကက မြန်မာနိုင်ငံက ကင်မရာမင်းတွေနဲ့ ဝါသနာရှင် လူငယ်တွေ အခုရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ ဆွေးနွေးပွဲပါပဲ”ဟု ၎င်းက ပြောသည်။

ယင်းသင်တန်းသို့ ပြည်တွင်းမှ ကင်မရာနှင့် ပတ်သက်၍ စိတ်ဝင်စားသူ မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် လာရောက် ဆွေးနွေးမေးမြန်းနိုင်သည့်အပြင် MRTV-4နှင့် Sky Net ရုပ်သံတို့မှလည်း ပါဝင်ကြမည်ဖြစ်သည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *