Opinion

ပညာရေး အလေးထား အပြောင်းအလဲ မများစေချင်ပါ

မဒမ်ဘအေးက ကျောင်းဆရာမဆိုတော့ ကိုဘအေးလည်း ပညာရေးနဲ့ပတ်သက်တဲ့ အကြောင်းလေးတွေ နည်းနည်းပါးပါး လူတတ်ကြီးလုပ်ပြီးပြောလိုက်ဦးမယ်လို့ ။ အဲဒီလို မပြောခင် ကိုဘအေးတို့ဆွေမျိုးတွေထဲမှာ ကျောင်းဆရာ/ဆရာမလုပ်ခဲ့တဲ့သူတွေ လုပ်နေတဲ့ လူတွေကို နည်းနည်းပါးပါး စစ်တမ်းကောက်ကြည့်လိုက်ဦးမယ်။ ပြောရရင်ဘကြီးတစ်ယောက် က စတယ်။ သူက ကျုံပျော်မှာ ကျောင်းဆရာ လုပ်နေရင်းနဲ့ ပုသိမ်မှာပွဲရုံကို ဦးစီးလုပ်ဖို့ ကျောင်းဆရာကနေ ထွက်ခဲ့တာလို့သိရတယ်။ နောက်ပြီးဦးလေးတစ်၀မ်းကွဲ တစ်ယောက်၊ သူကတော့ကျောင်းဆရာလုပ်နေရင်းကနေ ထွက်ပြီးအပြင်ကျူရှင်ဖွင့်ထားတယ်။ ကိုဘအေးရဲ့ အောက် နို့ညှာညီမ တစ်ယောက်ကလည်း ကျောင်းဆရာမပဲ။ သူကအခုတော့ ဆုံးသွားပါပြီ။ ဇလွန်မှာလည်း ကျောင်းဆရာမ ညီမ၀မ်းကွဲတစ်ယောက်ရှိတယ်။ သူ့မောင်ရဲ့သမီး သူ့တူမတစ် ယောက်ကလည်း ပညာရေးကောလိပ်ဆင်း ကျောင်းဆရာမ တစ်ယောက်ပါ။ ဇလွန်က ညီမတို့ မောင်နှမနဲ့ မအေတူဖအေကွဲ ညီမတစ်ယောက်ကလည်း ပညာရေးကောလိပ်ဆင်းပဲ။ ဒါပေမယ့် သူကအိမ်ထောင်ကျသွားပြီး ကျောင်းဆရာမ မလုပ်တော့ဘူး။ ရန်ကုန်ကဘကြီးရဲ့ သမီးအငယ်တစ်ယောက်ကလည်း BEd ဆင်းပြီး ဒေသတွေအဆင့်ဆင့်ပြောင်းခဲ့ပြီး အခုနောက်ဆုံး နန်ယန်ကျောင်းမှာ အထက်တန်းပြဖြစ်နေတယ်။ သူ့ရဲ့ယောင်းမတစ်ယောက် ကလည်း ကျောင်းဆရာမပဲ။ သူရဲ့သမီးလေးက ပြည်လမ်း TTC မှာ အထက်တန်းပြ ပြန်လုပ် နေတယ်။ အော် ပြောဖို့ကျန်သွားသေးတယ်။ ညီမ၀မ်းကွဲတစ်ယောက်က တွံတေးမှာ လယ်/အုပ် လုပ်နေတယ်။ သူကပညာခေတ်ပညာရေးမဂ္ဂဇင်းမှာ စာရေးနေတယ်လို့ ပြောတယ်။ ကိုဘအေးလည်း ပညာရေးအကြောင်းပြောမယ်ဆိုပြီး သူဆွေမျိုးတွေအကြောင်း ပဲ ပြောနေတယ်လို့ အပြစ်တင်ချင်နေမလားမသိဘူး။ ကဲ…ပြောပါပြီဗျာ…

ဒီနေ့မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အခြေခံရော အဆင့်မြင့်ပါ အားနည်းနေသေး ကြောင်း ကမ္ဘာ့အဆင့်မီဖို့နေနေသာသာ အာရှအဆင့်တောင်မမီနိုင်သေးကြောင်း၊ လက်ရှိနိုင်ငံ တော်ရဲ့ ပညာရေးအဆင့်အတန်းကို အဖက်ဖက်ကအဆင့်မြင့်လာအောင် အမျိုးမျိုးကြံဆောင် လျက်ရှိကြောင်း၊ မြစ်ကြီးနားတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့က ပါမေက္ခချုပ်ကျောင်းအုပ်များနှင့်ဆရာ/မတွေကို တွေ့ဆုံရာမှာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ပါတယ်။ အစွန်းအထင်းမရှိ နှစ်သက်ရာအရောင်အသွေးဆိုးပေး တဲ့အတိုင်း အရောင်အသွေးအမျိုးမျိုး အဆိုးခံကြမယ့် တက္ကသိုလ်ကောလိပ်ကျောင်းသား/သူ များဟာ နောင်တချိန် အနာဂတ်တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုသွားကြမဲ့ သူတွေဖြစ်ကြောင်း အနာဂတ်နိုင်ငံ့ခေါင်းဆောင်များ၊ အနာဂတ်နိုင်ငံ့၀န်ထမ်းများ ဖြစ်ကြမယ့် သူများရဲ့အရည် အသွေးဟာ တကယ်မှာ ဥယျာဉ်မှူးဖြစ်တဲ့ ဆရာ/မကြီးများရဲ့ ပြုစုပျိုးထောင်မှုအပေါ်များစွာ မူတည်နေကြောင်း၊ ပြုစုပျိုးထောင်မှု ရှိရင်ရှိသလို ကောင်းရင်ကောင်းသလို၊ ညံ့ရင်ညံ့သလို၊ သစ်ပင်ပန်းပင်များ ရှင်သန်ကြမှာ ဖြစ်တဲ့အတွက် ဥယျာဥ်မှူးဖြစ်တဲ့ ဆရာ/မကြီးများကိုယ်တိုင် က ရှေ့ဆောင်လမ်းပြ မှန်ပါမှ စျေးကွက်၀င်တဲ့အသီးအပွင့်များအဖြစ် ဖွံ့ဖြိုးရှင်သန်ကြမှာ ဖြစ်ပါ ကြောင်း၊ မျှတတဲ့ရာသီဥတုနဲ့ မြေဆီ၊ မြေနှစ်ကောင်းလည်း လိုကြောင်း ပြောကြားရင်း ပညာရေးကဏ္ဍအားနည်းတဲ့အကြောင်းကို ဆက်လက်ပြောကြားခဲ့တာပါ။

ဒါ့အပြင် ယေဘူယျအားဖြင့် ပညာရေးကဏ္ဍမြင့်မားလာဖို့က ဆရာ၊ ဆရာမကြီးများရဲ့ အရည်အသွေး၊ ကျောင်းသားကျောင်းသူများရဲ့ပင်ကိုဥာဏ်နဲ့ကြိုးစားမှု၊ စာသင်ခန်းရဲ့ ခေတ်မီ အထောက်အကူပစ္စည်းပြည့်စုံမှု၊ သင်ရိုးညွှန်းတမ်း မှန်ကန်မှု၊ နိုင်ငံတော်ရဲ့ရှေ့မျှော်မှန်းတဲ့ စီးပွားရေးအခြေအနေနဲ့ ကိုက်ညီတဲ့ သင်ကြားသင်ယူမှု စနစ်တို့အပြင် မေ့လိုမဖြစ်တာဟာ ဆရာ၊ဆရာမကြီးများရဲ့ လူမှုစီးပွားရေးဘ၀ မြှင်တင်ပေးရန် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့ရဲ့ တပည့်သားသမီး ကျောင်းသားကျောင်းသူတွေကို တကယ်တတ်မြောက်အောင် သင်ကြား ပေးကြ စေလိုပါကြောင်း၊ တကယ်တတ် တကယ်တော်တဲ့ ဘွဲ့ရများကို များများမွေးထုတ် နိုင်အောင် ဆရာ၊ ဆရာမကြီးများကိုယ်တိုင်လည်း အရည်အသွေးပြည့်၀ သူတွေ မိမိတတ်ထား တဲ့ပညာကို အမြဲတမ်း up-date ဖြစ်နေအောင်လည်း မိမိကိုမိမိ လေ့လာနေပါ ဆည်းပူးနေပါ။ polish လုပ်နေပါလို့ တိုက်တွန်းပါကြောင်းနှင့် အကျယ်တ၀င့် လမ်းညွှန်မိန့်ကြားခဲ့တာဖြစ် ပါတယ်။

ပြီးခဲ့တဲ့ (၉၃)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတော်သမ္မတကြီးက ပေးပို့တဲ့သဝဏ်လွှာမှာ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် လုံး၀အမှီသဟဲ ပြုလျက်ရှိရာ ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်း များကို အရှိန်အဟုန်နဲ့ စီမံဆောင်ရွက်လျက်ရှိကြောင်းထည့်သွင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံသားတိုင်းဟာ မျိုးချစ်စိတ်ဓာတ်မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲရေးအတွက် ခိုင်မာတဲ့ ပညာရေးအခြေခံကောင်းများ ရရှိဖို့ လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ထောင်ရေးအတွက် သိသာထင်ရှားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပြုပြင်ပြောင်းလဲမှု အခြေခံ အုတ်ြမစ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီပြုပြင်ပြောင်းလဲမှုတွေအရ ပညာရေးပြုပြင်ပြောင်းလဲမှုများဟာ အဓိကကဏ္ဍကပါဝင်လျက်ရှိကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

နိုင်ငံတော်ရဲ့အမျိုးသားပညာရည်ြမင့်မားရေးအတွက် လက်တွေ့ကျတဲ့ ပညာရေးပြုြပင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၃-ခုနှစ်၊ အောက်တိုဘာ(၇)ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲရလာဒ်တစ်ခုအနေနဲ့ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ၊ အထူးလုပ်ငန်းအဖွဲ့၊ အကြံပေးအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းအဖွဲ့(၁၈)ဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့တွေဟာ အမျိုးသားပညာရေးမူ၀ါဒကို ညှိနှိုင်းရေးဆွဲပြီး မိဘပြည်သူတွေ၊ ပညာရှင်တွေ၊ ပညာရေးနဲ့ပတ်သက်တဲ့သူတွေ၊ မီဒီယာတွေကိုရှင်းလင်းတင်ြပပြီး၊ အကြံဥာဏ်များ ကျယ်ကျယ်ပြန့်ပြန့်ရယူစုစည်းကာ ချက်ချင်း ဆောင်ရွက်ရမဲ့ လုပ်ငန်းများနဲ့၊ ရေရှည်ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေခွဲခြားပြီး၊ လုပ်ငန်း စီမံချက်တွေ ရေးဆွဲဆောင်ရွက်လျက်ရှိတယ်ဆိုတာ သိရပါတယ်။

အထက်ပါလုပ်ငန်းအဖွဲ့(၁၈)ဖွဲ့ကို မြင်သာအောင်တင်ပြရမယ်ဆိုရင် (၁) မူကြို ပညာရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ (၂) ဘုန်းတော်ကြီးသင်ပညာရေးနှင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဘာသာရေးအဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ (၃) အ‌ြေခခံပညာရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့၊ (၄) ဆရာအတတ်သင် ပညာရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ (၅) ကလေး ဗဟိုပြုချဥ်းကပ်သင်ယူနည်းဆိုင်ရာ လုပ်ငန်းအဖွဲ့၊ (၆)  ကျောင်းပြင်ပနှင့်လူတိုင်းအကျုံး၀င် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ (၇) ဥပဒေပြုစုရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ (၈) စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ (၉) ၀န်ထမ်းစွမ်းရည်မြှင့်တင်ရေးနှင့် စွမ်းဆောင်ရည် အကဲဖြတ်ရေးလုပ်ငန်းအဖွဲ့၊ (၁၀) လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများမြှင့်တင်ဆောင် ရွက်ရေးလုပ်ငန်းအဖွဲ့၊ (၁၁) ပညာရပ်ဆိုင်ရာရုပ်ပတ်၀န်းကျင်ကောင်းများ ကြီးကြပ်ဖြည့်ဆည်း ရေးလုပ်ငန်းအဖွဲ့၊ (၁၂) သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာဆိုင်ရာလုပ်ငန်းအဖွဲ့ (အဆင် မြင့်)၊(၁၃) သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာဆိုင်ရာလုပ်ငန်းအဖွဲ့ (အခြေခံ)၊ (၁၄) အဆင့်မြင့် ပညာရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ (၁၅) ကျန်းမာရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ (၁၆) အသက်မွေး၀မ်း ကေျာင်းပညာရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ (၁၇) စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောပညာရေး ဆိုင်ရာလုပ်ငန်းအဖွဲ့၊ (၁၈) သတင်းအတတ်နည်းပညာနှင့်ဆက်သွယ်ရေးပညာဆိုင်ရာ လုပ်ငန်း အဖွဲ့တို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းအဖွဲ့အသီးသီးဟာ မိမိတို့လုပ်ငန်းနယ်ပယ်အလိုက် ဆိုင်ရာ ပညာရေးကိုမြှင့်တင်ရေးလုပ်ငန်းများ လုပ်ကိုင်ရမယ်၊ ဆွေးနွေးရမယ်၊ သုံးသပ်ညှိနှိုင်းရမယ်။ အကြံပြုချက်များ ပြုစုတင်ပြရမယ်လို့ တာ၀န်အပ်နှင်းထားတယ်လို့ သိရပါတယ်။

သမ္မတကြီးဟာ သူ့ရဲ့သမ္မတ သက်တမ်းကာလမှာ မြန်မာ့ပညာရေးပြုပြင် ပြောင်းလဲရေးကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရုပ်လုံးပေါ်နိုင်ဖို့ မျှော်လင့်ထားပုံရပါ တယ်။ တိုင်းြပည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုအရေးပါပုံကို မမေ့ မလျော့သိထားခြင်းနှင့်အတူ မြန်မာနိုင်ငံရဲ့ပညာရေးအခြေအနေ၊ ပညာရည်အခြေအနေများ ဟာ ပြည့်စုံလုံလောက်မှုမရှိဘူးလို့ သူကယူဆခဲ့ပါတယ်။ ဒါကြောင့်ပညာရေးပြုပြင်ပြောင်းလဲမှု တွေပြုလုပ်ဖို့ နည်းလမ်းရှာခဲ့ပြီး ပညာရေးအလုပ်ရုံဆွေနွေးပွဲတွေ ကျင်းပစေခဲ့တာြဖစ်ပါတယ်။ အဲဒီလို အမျိုးသားအဆင့်ပညာရေးအလုပ်ရုံဆွေးနွေးပွဲတွေက ပေါ်ထွက်လာတဲ့ ပညာရှင် တွေရဲ့ အကြံဥာဏ်များအတိုင်း ပညာရေးပြုပြင်ပြောင်းလဲရေးကို အဖြေရှာဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် အိမ်တစ်အိမ်မှာဖြစ်ဖြစ်၊ ရုံးတစ်ရုံးမှာဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံမှာပဲဖြစ် ဖြစ်၊ လုပ်ချင်တာတွေ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နိုင်ဖို့က ငွေရေးကြေးရေးသုံးစွဲနိုင်မှုက လည်း အဓိကကျပါတယ်။ ငွေမရှိရင်လည်း ဘာမှ မလုပ်နိုင်ပါဘူး၊ ငွေနည်းနေရင်လည်း တစ်ဝက်တစ်ြပက်နှင့်အပြီးလုပ်နိုင်မှာမဟုတ်ဘူး၊ အဲဒီအတိုင်းပဲ ကိုဘအေးတို့ဆီမှာ ပညာရေး ပြုပြင်ပြောင်းလဲရေးကို ဘယ်လောက်ပင်စေတနာထက်သန်ပြီး စိတ်စွမ်းအား ဇွဲသန်နေပေမယ့်၊ ဘတ်ဂျက်ခွင့်ပြုငွေဘောင်အတွင်းမှာပင် လုပ်ကိုင်ရတဲ့အတွက် စိတ်သွားတိုင်းကိုယ်မပါနိုင် သေးပါဘူး။ အမှန်တကယ်လည်း ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်အသုံးစရိတ်က နည်းနေ ပါသေးတယ်။ ပညာရေးဟာ ရေရှည်စီမံဆောင်ရွက်သွားရမယ့် လုပ်ငန်းလည်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ပညာရေးကိုအားပေးချင်လွန်းတဲ့အတွက် ပညာရေးအသုံးစရိတ် ကို အများဆုံးတိုးမြှင့်ချထားပေးရာမှာ ဝန်ကြီးဌာနအားလုံး စုစုပေါင်းသုံးစွဲငွေရဲ့ ၅ဒဿမ၂၄ ရာခိုင်နှုန်းကို ပညာရေးအတွက် ခွဲဝေပေးထားတာတွေ့ရပါတယ်။ ဒါဟာ၀န်ကြီးဌာန(၃၀)ထဲမှာ ပညာရေးအသုံးစရိတ်ဟာ အဆင့်နံပါတ်(၅)မှာ ရှိနေပါတယ်။ ဒါကိုကြည့်ရင် အတတ်နိုင်ဆုံး ရာခိုင်နှုန်းတစ်ခုအထိ တိုးပေးထားပေမယ့် နိုင်ငံရဲ့ ဘဏ္ဍာရေးအင်အားက နည်းနေသေးတဲ့ အတွက်အသုံးစရိတ်ကလည်း နည်းနေဦးမှာဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေးတိုးတက်လာပါမှ တစ်နိုင်ငံလုံးအသုံးစရိတ်လည်း တိုးမြှင့်ပေးနိုင်မှာြဖစ်ပါတယ်။ ဒါကြောင့်ဘဏ္ဍာရေးအကန့် အသတ်ရှိနေတဲ့ ပညာရေးရှေ့လုပ်ငန်းစဥ်တွေကို ဘယ်လိုလုပ်နိုင်မယ်ဆိုတာ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို တောင်းထားတယ်လို့ ဆိုပါတယ်။

ကိုဘအေးတို့ ပြည်ထောင်စုမြန်မာနိုင်ငံကြီးရဲ့ပညာရေးစနစ်ဟာ အခုထက်ထိ တည်ငြိမ်မှုမရှိသေးပါဘူး၊ အားလုံးလည်းသိကြပါတယ်။ ခေတ်အမျိုးမျိုးမှာစနစ်အမျိုးမျိုး ပြောင်းနေပါတယ်။ ရှင်းရှင်းပြောရရင် အမျိုးမျိုးစမ်းသပ်နေတာပါ။ လူပြောင်းသွားတာနဲ့ မူက ပြောင်းသွားပါတယ်။ စမ်းသပ်မှုတစ်မျိုးပြောင်းသွားပါတယ်။ သူတို့ကတော့ ကောင်းမယ် ထင်လို့ ကောင်းလာနိုင်မလားထင်လို့ လုပ်ကြတာြဖစ်မှာပါ၊ ဒါပေမယ့် အပြောင်းအလဲ များနေ တဲ့ ပညာရေးစနစ်တွေရဲ့အောက်မှာ တစ်နည်းအားဖြင့် တစ်ကေျာင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းနေတဲ့ ပညာရေးစနစ်တွေရဲ့အောက်မှာ သားကောင်ဖြစ်ရတဲ့သူတွေကတော့ ကျောင်းသူ၊ ကျောင်းသားတွေပါ။ အခြေခံရော၊ အဆင့်မြင့်ပါပေါ့။ မြေစာပင်တွေဖြစ်ကြရပါတယ်။ အခု လည်း ပညာရေးအလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီး အဖြေရှာနေပါတယ်။ အဲဒီအဖြေဟာ အမှန် ကန်ဆုံးနဲ့ တစ်ခုတည်းသောတိကျတဲ့အဖြေဖြစ်ရပါမယ်။ ‌မြေစမ်းခရမ်းပျိုး အဆင့်မဖြစ် သင့်တော့ပါဘူး။ တည်ငြိမ်တဲ့ပညာရေးစနစ်တစ်ခု ဖြစ်ရပါမယ်။ စောစောကပြောသလိုပဲ အဲဒီ စနစ်ကိုထူထောင်ဖို့ လုံလောက်တဲ့ဘဏ္ဍာရေးအင်အားလည်း ရှိရပါမယ်။ ဖန်တီးရပါမယ်။ အဲဒါ ဆိုရင် အဖက်ဖက်ကပြည့်စုံကောင်းမွန်တဲ့ ပညာရေးခရီးလမ်းဟာ ဖြောင့်ဖြူးသာယာနေမှာ အမှန်ပါ။

ပညာရေးအသုံးစရိတ်နဲ့ပတ်သက်လို့ ၀မ်းသာစရာကြားရတဲ့သတင်းတစ်ခု ကတော့ လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ပညာရေးဘက်ဂျက်ကို သုံးဘီလီယံ နည်းပါးထပ်မံကျခံသုံးစွဲသွားမယ်ဆိုတာပါဘဲ။ လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကိုးဘီလီ ယံ သုံးစွဲခဲ့တာြဖစ်တဲ့အတွက် လာမည့်ဘဏ္ဍာရေးနှစ်မှာ ၁၂ဘီလီယံနီးပါးအထိ သုံးစွဲသွားဖို့ စီစဥ်ထားတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ပညာရေးဘတ်ဂျက်သုံးစွဲ တာ တစ်ြခားနိုင်ငံတွေနဲ့ယှဥ်လျှင် တော်တော်လေးနည်းနေသေးကြောင်း၊ အစိုးရကဘတ်ဂျက် ကို အခုမှ တိုးမြှင့်သုံးစွဲတယ်ဆိုပေမယ့် နိုင်ငံတကာနှင့်ယှဥ်လျှင် အများကြီးကိုနောက်ကျ ကျန်‌ နေပါကြောင်း၊ အစစအရာရာ ပြောင်းလဲမှကို ရမှာဖြစ်ကြောင်း၊ ပြောင်းလဲဖို့ပြောနေတာလည်း ကြာပြီဖြစ်ကြောင်း၊ အပြောင်းအလဲတွေခဏခဏ လုပ်တိုင်းလည်း တကယ်ထိရောက်တဲ့ အပြောင်းအလဲဖြစ်ဖို့ အချိန်တန်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံပုဂ္ဂလိကဆရာများအသင်းချုပ်မှ ဥက္ကဌဒေါက်တာစိုး၀င်းဦးက ပြောသွားတာတွေ့ရပါတယ်။

ပညာရေးနှင့်ပတ်သက်လို့ပြောမယ်ဆိုရင်တော့ ပြောစရာတွေက အများကြီးပါပဲ၊ ပြောမဆုံးပေါင် တောသုံးထောင်လို့ ဆိုရမှာပေါ့၊ ကြည့်လေ မြန်မာနိုင်ငံရဲ့ ပညာရေး ပြုပြင် ပြောင်းလဲမှုမှာ ပညာသင်နှစ်တွေတိုးမြှင့်ဖို့ စီစဥ်နေတာနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့လူမှုရေး ပြဿနာအပေါ်အခြေခံပြီးစဉ်းစားဆောင်ရွက်သင့်ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍမှာ ပညာ သင်နှစ်(၁)နှစ်စီ တိုးမြှင့်ခဲ့ပြီးနောက် ယခုအခါ အခြေခံပညာကဏ္ဍမှာလည်း စာသင်နှစ်များ တိုးမြှင့်ရန် စီစဥ်အကောင်အထည်ဖော်လျက်ရှိပြီး ပညာရှင်များအကြား သဘောထားကွဲပြား မှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေအရ ပညာသင်နှစ်များ တိုးမြှင့်လိုက်ပါ က ပြည်သူလူထုမှာ လူမှုရေးအခက်အခဲများ ဖြစ်ပေါ်လာနိုင်တာကြောင့် အများပြည်သူရဲ့ သဘောဆန္ဒကို အလေးထားဆောင်ရွက်ဖို့လိုအပ်ကြောင်း ထောက်ပြတဲ့ပညာရှင်တွေလည်း ရှိနေပါတယ်။

ဒါကြောင့်မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ ပြောင်းတော့ပြောင်းရမှာပဲ။ ဒါပေ မယ့် အဖက်ဖက်က လိုအပ်ချက်တွေ မရှိအောင် အားလုံးကဝိုင်း၀န်းပြီး စေတနာကောင်းတွေ ထားပြီး လုပ်ကြကိုင်ကြရင်တော့ သားရွှေအိုးထမ်းလာတာ မြင်ကြရမှာပေါ့ဗျာ။ နောက်ထပ် လည်း အပြောင်းအလဲတွေမများစေချင်တော့ပါဘူး။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “ပညာရေး အလေးထား အပြောင်းအလဲ မများစေချင်ပါ

Leave a Reply

Your email address will not be published. Required fields are marked *