Education, Lifestyle, News

SOAS (University of London) နှင့် University of Westminster ၏ ပညာရေးဟောပြောပွဲများသို့ ဖိတ်ကြားခြင်း

British Council

SOAS (University of London) နှင့် University of Westminster ၏ ပညာရေးဟောပြောပွဲများသို့ ဖိတ်ကြားခြင်း…..SOAS (University of London) နှင့် University of Westminster တို့မှ ပံ့ပိုး၍ ဗြိတိသျှကောင်စီ မြန်မာမှ စီစဉ်ကျင်းပမည့် ပညာရေးဟောပြောပွဲများကို ရန်ကုန်မြို့ အမှတ် ၇၈၊ ကမ်းနားလမ်း ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် နိုဝင်ဘာလ ၈ ရက် စနေနေ့တွင် နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိ နှင့် နေ့လည် ၂:ဝဝ နာရီမှ ညနေ ၄:ဝဝ နာရီအထိ အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်သောကြောင့် ကြွရောက်သတင်းယူပါရန် ဖိတ်ကြားအပ်ပါသည်။

 

ဟောပြောပွဲနေ့ရက် – နိုဝင်ဘာလ ၈ ရက် ၂ဝ၁၄ (စနေနေ့)

ဟောပြောပွဲအချိန် – SOAS University of London – နံနက် ၁ဝ:ဝဝ နာရီ မှ ၁၂:ဝဝ နာရီအထိ၊ University of Westminster – နေ့လည် ၁၄:ဝဝ နာရီ မှ ၁၆:ဝဝ နာရီအထိ။

ဟောပြောပွဲနေရာ – ဗြိတိသျှကောင်စီစာကြည့်တိုက် (အမှတ် ၇၈၊ ကမ်းနားလမ်း ကျောက်တံတားမြို့နယ်၊ ရန်ကုန်) နံနက်ပိုင်း ၁ဝ နာရီမှ ၁၂ နာရီအထိ ပညာရေးဆွေးနွေးပွဲတွင်SOAS University of London , IFCELS ၏ ဌာနမှူ း Mr. William Hetherington မှ မြန်မာကျောင်းသားများ ရရှိနိုင်သော ပညာရေး အခွင့်အလမ်းများ၊ တက်ရောက်နိုင်သောဘာသာရပ်များနှင့် ပညာသင်ထောက်ပံ့ဆုများအကြောင်းကို ရှင်းလင်းပြောကြားသွားမည်ဖြစ်သည်။ နေ့လည် ၂းဝဝ နာရီမှ ညနေ ၄းဝဝ နာရီအထိ ဆွေးနွေးပွဲတွင် University of Westminster, Director of Internationalisation ဖြစ်သည့် Mr. Jon Pike မှ မြန်မာကျောင်းသားများ ရရှိနိုင်သော ပညာရေးအခွင့်အလမ်းများ၊ ဘွဲ့ကြိုဘွဲ့လွန်သင်တန်းများနှင့် ACCA, HND, NCC နှင့် ABC တက်ရောက် ပြီး (သို့) သင်ကြားနေသော ကျောင်းသားများအတွက် ပေါင်းကူး အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါသည်။ ဟောပြောပွဲမှာ မည်သူမဆို တက်ရောက်နိုင်ပြီး ဝင်ကြေးမှာ အခမဲ့ဖြစ်သည်။ လူဦးရေသတ်မှတ်ထားပါသဖြင့် ဟောပြောပွဲတက်ရောက် လိုပါက ကြိုတင်စာရင်းသွင်းပါရန် တိုက်တွန်းလိုပါသည်။

ကြိုတင်စာရင်းသွင်းနိုင်ရန် ဖုန်းနံပါတ် ဝ၁- ၃၇ဝ-၉၃၃ လိုင်းခွဲ ၃၃၆၃၊ ၃၄၄၃ သို့ ဖုန်းဆက်၍ဖြစ်စေ၊ [email protected] သိို့ email ပို့၍ဖြစ်စေ၊ https://www.surveymonkey.com/s/bc-seminar-nov တွင် online registration ပြုလုပ်၍ဖြစ်စေ စာရင်းသွင်းနိုင်ပါသည်။ ပညာရေးဟောပြောပွဲ နှစ်ခုလုံးသို့တက်ရောက်လိုသူများအဆင်ပြေစွာ တက်ရောက်နိုင်ရန် ဗြိတိသျှကောင်စီမှ အခမဲ့နေ့လည်စာ ပြင်ဆင်ထားပေးမည် ဖြစ်ပါသည်။ အဆိုပါပွဲသို့ ကြွရောက်သတင်းယူပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ တက်ရောက်မည်ဆိုပါက မသီရိရတနာကျော် (Digital and Communications Officer ၊ ဗြိတိသျှကောင်စီ) ဖုန်းနံပါတ် ဝ၉ ၂၅၄ ဝ၁၁ ၂၉၈ သို့၎င်း အီးမေးလ် [email protected]သို့၎င်း ပြန်လည် အကြောင်းကြားပေးပါရန် ပန်ကြားအပ်ပါသည်။

SOAS University of London အကြောင်းသိကောင်းစရာ

SOAS သည် University of London ၏ ကောလိပ်တစ်ခုဖြစ်သည့်အပြင် အာရှတိုက်၊အာဖရိကတိုက် နှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ ကမ္ဘာ့ပထမတန်းတက္ကသိုလ်တစ်ခုဖြစ်သည်။ IFCELS သည် UK နိုင်ငံ၏ ထိပ်တန်းအဆင့်တွင်ပါဝင်သော Foundation နှင့် Pre-Masters programme များ သင်ကြားပို့ချပေးသာ နေရာတစ်ခုဖြစ်သည်။ IFCELS သည် ICC Foundation နှင့် FDPS Pre-Master programme များ၏ ပေါင်းကူးပညာရေး အစီအစဉ်များကို ဖွင့်လှစ်ပို့ချပေးလျက် ရှိနေသည်မှာ ယခုနှစ်တွင် နှစ်သုံးဆယ်ပြည့်ပြီ ဖြစ်ပါသည်။ Foundation နှင့် Pre Master programme များသည် စီးပွားရေးပညာရပ်၊ဘဏ္ဏာရေးပညာရပ်၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ ၊ ဥပဒေပညာရပ်၊ ဖွံ့ဖြိုးမှုပညာလေ့လာမှုပညာရပ်၊ မီဒီယာပညာရပ်၊ လူမှုရေးသိပ္ပံပညာရပ်၊ လူမှုဘာသာရပ်များ တို့တွင် ကျောင်းသားများ ဒီဂရီအဆင့်အထိ တက်ရောက်သင်ကြား နိုင်ရန် ကြိုတင်ပြင်ဆင်မှုများပေးသော အရည်အသွေးမြင့်မားသော programme များဖြစ်ပါသည်။ ၎င်း Programme များကို ပြီးမြောက်သော ကျောင်းသားအများစုသည် SOAS တက္ကသိုလ် နှင့် UK နိုင်ငံ၏ ထိပ်တန်း ၃ဝ တွင်ပါဝင်သောတက္ကသိုလ်များသို့ ဆက်လက်သွားရောက် ပညာသင်ယူ ဆည်းပူးလျက် ရှိကြသည်။

Foundation နှင့် Pre Master programme များတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားများ သည် SOAS ရှိ ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းအများစုသို့ သတ်မှတ်ချက်ပေါ် မူတည်သော ကမ်းလှမ်းချက် (conditional offers) ဖြင့် ဆက်လက်၍ ပညာဆည်ပူးခွင့် အာမခံချက် ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် ၄င်းကျောင်းသားများသည် SOAS ရှိ တက္ကသိုလ်ပညာအဆင့် (degree-level) များသို့ ဆက်လက်၍ ပညာသင်ယူမည်ဆိုပါက ကျူ ရှင်ဖိုးများကိုလည်း ၅ ရာခိုင်နှုန်း လျှော့ပေးမည်ဖြစ်သည်။

IFCEL၏Pathway Programme နှစ်သုံးဆယ်ပြည့်အထိမ်းအမှတ်အဖြစ် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင် စတင်မည့် ICC programme သို့ တက်ရောက်သင်ကြားလိုသော မြန်မာကျောင်းသားများအတွက် ပညာသင် ထောက်ပံ့ဆု စတာလင်ပေါင် ၅ဝဝဝ နှစ်ဆု အပြင် SOAS ရှိ ဘွဲ့လွန်သင်တန်း သို့တက်ရောက်ရန် FDPS သို့ လျှောက်ထားသော ကျောင်းသားများအတွက် ပညာသင်ဆု စတာလင်ပေါင်၂ဝဝဝ ခြောက်ဆုတို့ကို ချီးမြှင့် သွားမည်ဖြစ်ပါသည်။

The University of Westminster အကြောင်းသိကောင်းစရာ

The University of Westminter သည် London ၏ အလယ်ဗဟိုတွင် တည်ရှိပြီး ၁၈၃၈ ခုနှစ်တွင် ဗြိတိန် နိုင်ငံ၏ ပထမဆုံး စတင်တည်ထောင်ခဲ့သော သိပ္ပံနှင့်နည်းပညာသင်ကြားပေးသော အဆင့်မြင့်ပညာ ကောလိပ် ဖြစ်ပါသည်။ ထိုအချိန်မှစ၍ စီးပွားရေးလုပ်ငန်းဆိုင်ရာ၊ ပညာရေးဆိုင်ရာ။ အတတ်ပညာဆိုင်ရာများ ပေါင်းစပ်ထားသော လူမျိုးပေါင်းစုံပါဝင်သည့် တက္ကသိုလ်အဖြစ် တိုးတက်လာခဲ့ပါသည်။ ၄င်းတက္ကသိုလ်တွင် ကျောင်းသားပေါင်း ၂၄ဝဝဝ ခန့်အနက် ၁၆ ရာခိုင်နှုန်းမှာ ဥရောပ ဒေသအပြင်မှ လာရောက် ကျောင်းတက် သူများဖြစ်ပြီး ဘွဲ့လွန်သင်တန်းတက်သူများမှာ ၅ဝ ရာခိုင်နှုန်းအထိ တိုးတက်လာပါသည်။ အချုပ်ဆိုသော် နိုင်ငံပေါင်း ၁၅ဝ ကျော်မှ ကျောင်းသားများလာရောက် ပညာသင်ယူနေကြပြီး မတူကွဲပြားသော ကျောင်းသားများနှင့် ဝန်ထမ်းများ၏ ယဉ်ကျေးမှုများနှင့် အတွေ့အကြုံများ နှီးနှောဖလှယ်နိုင်သော၊ ပညာသင်ကြားနိုင်သော နေရာဖြစ်ပါသည်။ များပြားလှသော ဘာသာရပ်များမှ ဘာသာရပ်တစ်ခုခြင်းစီ အလိုက် အလွန်ကောင်းမွန်သောအဆင့်အဖြစ် သတ်မှတ်ခံရပြီး၊ တက္ကသိုလ်များ၏ သုတေသနနယ်ပယ် တော်တော်များများတွင် ဦးဆောင်လျှက်ရှိသည်မှာ အနုပညာနှင့် ဒီဇိုင်းဘာသာရပ်၊ အီလက်ထရောနစ် ၊အင်ဂျင်နီယာဘာသာရပ်နှင့် မီဒီယာဘာသာရပ်များလည်း အပါအဝင်ဖြစ်သည်။

တက္ကသိုလ်၏ အနာဂတ် မျှော်မှန်းချက်မှာ ၊ နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ခြင်း နှင့် ရေရှည်တည်တံ့ခိုင်မြဲခြင်း တို့ဖြစ်သည်။ ၎င်းတက္ကသိုလ်တွင် ဗိသုကာပညာနှင့် သဘာဝပတ်ဝန်းကျင် တည်ဆောက်ခြင်းဘာသာရပ်၊ စီးပွားရေးလုပ်ငန်းဘာသာရပ်၊ မီဒီယာ၊ အနုပညာနှင့် ဒီဇိုင်းဘာသာရပ်၊ လူမှုရေးသိပ္ပံဘာသာရပ်၊ သိပ္ပံ နှင့် နည်းပညာဘာသာရပ်စသည့် မဟာဌာန ၅ ဌာနရှိပါသည်။ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအတွက် ကျောင်းသားများသင်ယူလိုသော ဘာသာရပ် ပေါင်းများစွာ ဆည်းပူးနိုင်သည့် တက္ကသိုလ်လည်းဖြစ်သည်။ ထို့အပြင် ACCA, HND, NCC နှင့် ABE တက်ရောက်ပြီးသော (သို့) တက်ရောက်နေသော ကျောင်းသားများအတွက် ပေါင်းကူးအစီအစဉ်များစွာ လည်းရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *