News

Mobile World Congress 2014 က ရွေးချယ်တဲ့ အကောင်းဆုံး စမတ်ဖုန်းဆုကို HTC One ရရှိ

ထိုင်၀မ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ HTC ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်တဲ့ HTC One ကို Mobile World Congress က တစ်နှစ်တာအတွက် အကောင်းဆုံး စမတ်ဖုန်းဆု ပေးအပ်လိုက်ပါတယ်။ အဆိုပါဆုဟာ မိုဘိုင်းဆက်သွယ်ရေး လောကမှာ ထိပ်တန်းဆု ဖြစ်ပြီး GSM Association (GSMA) က ပေးအပ်လိုက်တာဖြစ်ပါတယ်။ အခြားနာမည်ကြီး စမတ်ဖုန်းများဖြစ်တဲ့ Apple iPhone 5S, Nokia Lumia 1020, Samsung Galaxy Note 3 တို့ကို ကျော်လွှားရရှိခဲ့တာဖြစ်ပါတယ်။

HTC One ကို ၂၀၁၃ ခုနှစ်မှာ လန်ဒန်နဲ့ နယူးယောက်မှာ စတင်ရောင်းချပေးလိုက်တာဖြစ်ပါတယ်။ ၄.၇ လက်မအရွယ် Full HD Display တပ်ဆင်ထားပြီး 1920×1080 Pixels Resolution ရှိပါတယ်။ 1.7GHz Quad-Core Processor နဲ့ UltraPixel ကင်မရာ တပ်ဆင်ထားပါတယ်။ ကင်မရာက အလွန်ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံများနဲ့ ဗီဒီယိုများကို ရိုက်ကူးပေးနိုင်ပါတယ်။

HTC One ဟာ ဒီဇိုင်း၊ အသံအရည်အသွေး၊ စွမ်းဆောင်ချက်များမှာ အလွန်ကောင်းမွန်ပြီး ဆုရရှိတဲ့အတွက် အလွန်ဂုဏ်ယူ ၀မ်းမြောက်မိပါတယ် လို့ HTC ရဲ့ CEO ဖြစ်သူ Peter Chou က ပြောပါတယ်။ နိုင်ငံတကာဆု တစ်ခုကို ထပ်မံရရှိလိုက်တဲ့အတွက် HTC One ဟာ အခြားပြိုင်ဖက်များနဲ့ မတူထူးခြားတဲ့ စွမ်းဆောင်ချက်တွေကို ပေးစွမ်းနိုင်တယ်ဆိုတာ သက်သေပြလိုက်တာ ဖြစ်ပါတယ်။ အခုရရှိတဲ့ အောင်မြင်မှုအပေါ်အခြေခံပြီး ပိုမိုဆန်းသစ်တဲ့ ထုတ်ကုန်များကို မကြာမီလများမှာ ထုတ်ဖော်ပြသမှာ ဖြစ်ပါတယ်လို့ Peter Chou က ထပ်မံပြောပါတယ်။

Global Mobile Awards 2014 ကို မီဒီယာနဲ့ ခွဲခြမ်းစိတ်ဖြာသူ နယ်ပယ်မှ ကျွမ်းကျင်သူ ၁၇၅ ယောက်ကျော်က မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ ကဏ္ဍခြောက်ခုမှာ ဆုပေးတာဖြစ်ပြီး Best Smartphone ဆုက Best Mobile Handsets and Devices ကဏ္ဍ အောက်က ဆုငါးခုထဲက တစ်ခုဖြစ်ပါတယ်။

အခြားကဏ္ဍများအတွက်လည်း ဆုတွေပေးအပ်ခဲ့ပါတယ်။

Nokia Lumia 520 က ကုန်ကျစရိတ်အသက်သာဆုံးစမတ်ဖုန်းဆု ကို ရရှိပါတယ်။ ဆန်ကာတင်စာရင်းမှာရွေးချယ်ထားတဲ့အခြားဖုန်းများမှာ Lenovo A390T, the Samsung Galaxy Young, the Sony Xperia E, and the Xiaomi Hongmi တို့ဖြစ်ပါတယ်။

စွမ်းဆောင်ရည်နိမ့်စမတ်ဖုန်း ကဏ္ဍ မှာ Nokia 105 က ရရှိသွားပါတယ်။ ဆန်ကာတင်စာရင်းမှာ ရွေးချယ်ထားတဲ့ အခြားဖုန်းများက Nokia 208, the Nokia 515, the Nokia Asha 210, and the Nokia Asha 503 တို့ ဖြစ်ပါတယ်။

Apple iPad Air က အကောင်းဆုံး တက်ဘလက်ဆုကို ရရှိခဲ့ပြီး ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံထားရတဲ့ အခြားတက်ဘလက် များက Apple iPad mini 2, the Google Nexus 7 (2013) and the Sony Xperia Tablet Z တို့ဖြစ်ပါတယ်။

တီထွင်ဆန်းသစ်မှု အကောင်းဆုံး ထုတ်လုပ်သူဆုကို LG က ရရှိသွားပါတယ်။ ပြီးခဲ့တဲ့နှစ်က Samsung က ရရှိတာဖြစ်ပါတယ်။

ဆုရရှိမှုစာရင်း အပြည့်အစုံကို အောက်ကလင့်မှာ လေ့လာနိုင်ပါတယ်။

http://www.globalmobileawards.com/winners-2014/

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *