Opinion

Microsoft ကုမ္ပဏီရဲ့ တတိယမြောက် CEO ဖြစ်လာတဲ့ Satya Nadella

Microsoft က ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ကုမ္ပဏီ၏ တတိယမြောက် CEO ရာထူးကို Satya Nadella ကိုခန့်အပ် ခဲ့တယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။ အသက် (၄၆) နှစ်ရှိပြီဖြစ်တဲ့ Nadella ဟာ အမေရိကန်လူမျိုးတစ်ယောက်ဖြစ်ပြီး အိန္ဒိယနိုင်ငံ Hyderabad မှာမွေးဖွားခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာ မွေးဖွားကြီးပြင်းလာတဲ့ Nadella ဟာ မိမိရဲ့ပညာရေးကိုလည်း အိန္ဒိယတက္ကသိုလ်တစ်ခုဖြစ်တဲ့ Mangalore University မှာ ပညာသင်ကြားခဲ့ပြီး လျှပ်စစ်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အမေရိကသို့ပြောင်းရွေ့နေထိုင်ခဲ့ပြီး University of Wisconsin-Milwaukee မှာ ကွန်ပြူတာသိပံ္ပဘာသာရပ်နဲ့ မာစတာဒီဂရီဘွဲ့ကိုရယူနိုင်ခဲ့ပြီး MBA ဘွဲ့ကိုတော့ University of Chicago မှာရရှိခဲ့တာဖြစ်ပါတယ်။

၁၉၉၂ခုနှစ်မှာ Nadella ဟာ Anupama ဆိုတဲ့အမျိုးသမီးနဲ့လက်ထက်ခဲ့ပြီး ကလေးသုံးယောက်ရှိ ပါတယ်။ လက်ရှိမှာတော့ Nadella ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော် Bellevue မှာနေထိုင်လျက်ရှိ ပါတယ်။ Cricket အားကစားနည်းကို ဝါဿနာပါတဲ့ Nadella က ကျောင်းသားဘဝတုန်းက ကျောင်းရဲ့ Cricket အဖွဲ့ထဲမှာ စိတ်ဓာတ်ပြင်းပြင်းထန်ထန်နဲ့ ကြိုးစား ကစားခဲ့သူတစ်ယောက်ပါ။ ဒီအားကစားနည်းကနေပဲ သူ့ကို ခေါင်းဆောင်အရည်းအချင်းပိုင်းနဲ့ အဖွဲ့အစည်းစိတ်ဓာတ် ထားရှိတတ်အောင် သင်ယူနိုင်ခဲ့တာပါလို့ ပြောကြားခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ၂၂ နှစ်ကျော်ကတည်းက Microsoft မှာအလုပ်လုပ်လာခဲ့တဲ့ Nadella ရဲ့ ပြောကြားချက်ထဲမှာ “ကျွန်တော်မြင်တွေ့ ခဲ့ရတာကတော့ ကျွန်တော်တို့ဟာလူတွေကို ကျွန်တော်တို့ရဲ့ပဉ္စလက်ဆန်တဲ့ ဖန်တီးမှုတွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေပေးခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ကမ္ဘာတစ်ခုဖြစ်စေခဲ့ပါတယ်။ ထိုနောက် Nadella ကဆက်လက်ပြောကြားရာတွင် “နည်ပညာကုမ္ပဏီ အများစုကတော့ ရည်မှန်းချက်ကိုယ်စီနဲ့ ၎င်းတို့၏ ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲပေးနိုင်ပါတယ်။ သိုသော်လည်း ထိုကဲ့သို့ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးအဖြစ်သို့ပြောင်းလဲပေးရာမှာ လိုအပ်ချက်တွေ ကတော့ ရှိနေမှာပဲ။ အဲ့ဒီလိုအပ်ချက်တွေကတော့ ပင်ကိုယ်ဉာဏ်စွမ်းရည်၊ ငွေကြေးအင်အားနဲ့ လုံလဝီရိယ တို့ပဲ ဖြစ်ပါတယ်။ Microsoft ကုမ္ပဏီမှာတော့ ထိုအချက်သုံးချက်စလုံးကို ပိုင်ဆိုင်ထားတယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

Nadella ဟာမကြာသေးမီနှစ်အနည်းငယ်အတွင်းမှာ Microsoft ကုမ္ပဏီရဲ့ Cloud and Enterprise group မှာ Executive Vice-President ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ Microsoft ရဲ့ CEO အသစ် Nadella ဖြစ်လာတဲ့အချိန်မှာ Bill Gate ကတော့ Chairman အဖြစ် ဆင်းပေးခဲ့ရပါတယ်။ အခု တရားဝင်ရာထူးအနေနဲ့ တည်ထောင်သူနဲ့နည်းပညာအကြံပေးဆိုတဲ့ ရာထူးတွေကို Bill Gate ကတာဝန်ယူထား ပါတယ်။ “ အခု အချိန်ဟာဒီ Industry နဲ့ Microsoft အတွက် အရေးကြီးတဲ့အချိန်ပါ။ အမှားအယွင်းမရှိဘဲ၊ ရှေ့ကိုပိုကောင်း အောင်ဆက်သွားဖို့ လိုပါတယ်။ နည်းပညာက တိုးတက်လာနေတယ်ဆိုရင် ကျွန်တော်တို့က နည်းပညာရဲ့ ရှေ့ကိုရောက်နေဖို့လိုတယ်။ ကျွန်တော်တို့ရဲ့တာဝန်က Microsoft ဟာ မိုဘိုင်းနဲ့Cloud နည်းပညာတွေမှာ ထိပ်ဆုံးကဦးဆောင်နိုင်သူဆိုတာ သေချာစေဖို့ပါပဲလို့” Nadella ကပြောကြားခဲ့ပါတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *