News

Microsoft က Office Online ကို ကြေညာ

Microsoft က သူ့ရဲ့ Office Program တွေကို Online မှာ အသုံးပြုဖို့ ပြီးခဲ့တဲ့ လများအတွင်းမှာ ပြုလုပ်ပေးခဲ့ပါတယ်။ အခု Online မှာ အသုံးပြုလို့ရတဲ့ Office Program တွေကို Office Online လို့ အမည် ပြောင်းလိုက်ပါတယ်။ Office Online တွင် Word, Outlook, Excel, OneDrive, OneNote, PowerPoint, People and Calendar စတာတွေကို Browser ကနေ အသုံးပြုရမှာ ဖြစ်ပြီး office.com ကနေ သွားရောက် အသုံးပြုနိုင်ပါတယ်။ သာမန် Office Program တွေနဲ့ အသုံးပြုပုံခြင်း ဆင်တူပါတယ်။

Microsoft Account ကို အသုံးပြုပြီး အဲဒီ ၀န်ဆောင်မှုတွေကို အသုံးပြုနိုင်ပါတယ်။ Windows 8 စတိုင် Icon တွေကို တွေ့မြင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ File တွေအားလုံးကို သင့် Account မှာ အလိုအလျောက် သိမ်းပေးမှာ ဖြစ်ပါတယ်။ Document တွေကို တစ်ချိန်တည်းမှာပဲ အခြားသူများနှင့် ပူးပေါင်းပြီးလည်း Edit ပြုလုပ်နိုင်ပါတယ်။ Office Online မှာ PowerPoint နဲ့ Excel တို့အတွက် Templates ရာပေါင်းများစွာ ပြုလုပ်ပေးထား တဲ့အတွက် Document တွေကို အလွယ်တကူ ဖန်တီးနိုင်ပါတယ်။ Application Switcher Menu လည်း ပါရှိပြီး Application တစ်ခုကနေ တစ်ခုကို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Office Online ကို office.com မှာ သွားရောက် အသုံးပြုနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *