Education, Lifestyle, News

KMD နှင့် Microsoft တို့မှ Microsoft Windows Server 2012 နှင့် Microsoft SQL Server 2012 နှင့်ပတ်သက်သော MSCA နှင့် MCSE Certificate ရယူလိုသူများအတွက် သင်တန်းများဖွင့်လှစ်သွားမည်

KMD နှင့် Microsoft တို့ပူးပေါင်း၍ Microsoft သင်တန်းဖွင့်လှစ်မည်

KMD Education Service မှ Microsoft နှင့် ပူးပေါင်း၍ Microsoft Official Partner အနေဖြင့် Microsoft Professional certificate သင်တန်းများကို တက်ရောက်နိုင်ပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ Microsoft ၏ Server ပိုင်းနှင့် Data Base အပိုင်းများ၏ MCSA ( Microsoft Certified Solutions Associate) သင်တန်းများကို September လ ၅ ရက်နေ့ တွင် Server 2012 နှင့် September လ ၁၇ ရက်နေ့တွင် SQL Server 2012 သင်တန်းများကို စတင်တက်ရောက်နိုင်ပြီဟု သိရှိရပါတယ်။

Microsoft အသိအမှတ်ပြု သင်တန်းဖြစ်သည့်အတွက် Microsoft ၏ Register Student အဖြစ် သင်ကြားရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Microsoft နှင့် KMD မှ ပေးသော သင်တန်းပြီးဆုံးကြောင်း Certificate ရရှိမည်ဖြစ်ပြီး Microsoft Professional Exam များလည်း ဖြေဆိုနိုင်ရန်အတွက် စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါသည်။

MCSA လက်ရရှိပြီးသူများအနေဖြင့် MCSE (Microsoft Certified Solution Expert) သင်တန်းသို့ ဆက်လက်တက်ရောက် နိုင်မည်ဟု သတင်းရရှိပါသည်။

အသေးစိတ် စုံစမ်းလိုပါက KMD Education ဖုန်း ဝ၁-၃၈၁၁၂၉၊၃၈၁၀၃၅ Extension : ၁၁၈,၁၁၉ သို့ဆက်သွယ်နိုင်ပါသည် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *