Gadgets, Review

Microsoftရဲ့ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ စမတ်နာရီလာမည်။

Microsoftရဲ့ နှလုံးခုန်နှုန်းတိုင်းတာပေးတဲ့ စမတ်နာရီ လာမည်

Microsoftက ၀တ်ဆင်သူရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်တဲ့ Sensorsများ တပ်ဆင်ထားတဲ့ စမတ်နာရီကို တီထွင်နေတယ်လို့ Forbesက ရေးသားထားပါတယ်။ အဲဒီ စမတ်နာရီက တိုင်းတာပေးတဲ့ သတင်းအချက်အလက်များကို စမတ်ဖုန်းမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

စမတ်နာရီကို Microsoftရဲ့ Xbox Kinectဌာနမှ တီထွင်နေတာဖြစ်ပြီး စမတ်နာရီဟာ တစ်ခါအားသွင်းထားရင် နှစ်ရက်နဲ့ နှစ်ည အသုံးပြုနိုင်ပါတယ်။ Samsung Gear Fit လက်ပတ်မှာလို နှလုံးခုန်နှုန်းကို တိုင်းတာဖို့ ခလုတ်နှိပ်စရာ မလိုပါဘူး။ Microsoftရဲ့ စမတ်နာရီဟာ နှလုံးခုန်နှုန်းကို စဉ်ဆက်မပြတ် တိုင်းတာပေးနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီအချက်က Microsoftရဲ့ စမတ်နာရီဟာ Samsung Gear Fitထက်သာလွန်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

Microsoftက စမတ်နာရီကို ဒီနှစ်ထဲမှာ ရောင်းချဖို့ ရှိနေပါတယ်။ အမေရိကန်မှာ နွေရာသီကျရောက်မယ့် ဇွန်လနဲ့ စက်တင်ဘာလအတွင်းမှာ ရောင်းချမယ်လို့ Forbesက ရေးသားထားပါတယ်။ စမတ်နာရီမှ တိုင်းတာထားတဲ့ သတင်းအချက်အလက်များကို ၀င်းဒိုးဖုန်းမှာသာမက iPhoneနဲ့ Android စမတ်ဖုန်းများမှာပါ သိနိုင်မှာဖြစ်ပါတယ်။ စမတ်နာရီမှာ ရောင်စုံထိတွေ့မျက်နှာပြင် တပ်ဆင်ထားမှာဖြစ်ပြီး သာမာန်လက်ပတ်နာရီများလိုမဟုတ်ဘဲ လက်ကောက်၀တ်ရဲ့ အတွင်းဘက်မှာ ၀တ်ဆင်ရမှာပါ။

အဲဒီအတွက် မျက်နှာပြင်ကို အခြားလူများ အလွယ်တကူ ကြည့်လို့မရဘဲ မိမိရဲ့ ပုဂ္ဂလိက သတင်းအချက်အလက်များကို လုံခြုံစေမှာပါ။ Kinect Engineerများက စမတ်နာရီအတွက် ဆော့ဝဲပလက်ဖေါင်းကို တီထွင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဆော့ဝဲက Sensorများကို တိုင်းတာစေမှာဖြစ်သလို သတင်းအချက်အလက်များကို ၀တ်ဆင်သူကို ပြသပေးမှာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ ဒီလောက်ပဲ သိရပါသေးတယ်။ Forbesကလည်း စမတ်နာရီရောင်းချမယ့် နေ့ရက်ကို ရေးသားထားခြင်းမရှိသေးပါဘူး။ Microsoftက စမတ်နာရီကို ပွဲထုတ်မယ့် နေ့ရက်ကို စောင့်မျှော်ရပါတော့မယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *