News

MCPAရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) ၏ နှစ်ပတ်လည်အထိမ်းအမှတ် အသင်းသားစုံညီ တွေ့ဆုံ ဆွေးနွေးပွဲ ကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ အခမ်းအနားအစီအစဉ်ကို အပိုင်း(၂) ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ပထမပိုင်းတွင် လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြမည်ဖြစ်ကာ ဒုတိယပိုင်းတွင် အလုပ်အမှုဆောင်များနှင့် အသင်းဝင်များမှ MCPA Action Plan (2013-2014)ကို အကောင်အထည်ဖော်မည့် အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် Keynote Speaker အဖြစ် ဒေါက်တာအောင်ထွန်းသက်မှ ပြောကြားပေးမည်ဖြစ်ပြီး MCPA Action Plan များကို အုပ်စုအလိုက် အကောင်အထည်ဖော်မည့်ပုံစံများ ဆွေးနွေးအကြံပြုကြမည်ဖြစ်ပါသည်။ ထိုပြင် ရှေ့ဆက်အကောင်အထည်ဖော်ရန် အသင်းသား များပါဝင်သည့် Working Committee များကို ချက်ချင်းဖွဲ့စည်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် ခဲ့မှုအတွက် အသိအမှတ်ပြုလက်မှတ်များလည်း ထုတ်ပေးမည်ဖြစ်သည်။

အဆိုပါအခမ်းအနားနှင့် ပူးတွဲ၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ စစ်ဆေးသော စာမေးပွဲအောင်မြင်သူများ၊ MCPA ၏ Fellow Membership ရရှိထားသူများနှင့် အသင်းလှုပ်ရှားမှုဆိုင်ရာ ထောက်ပံ့ပေးသူများအတွက်ပါ ဂုဏ်ပြုလက်မှတ် များကို ထည့်သွင်းချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ယခုနှစ် ထူးခြားမှုအနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ လှုပ်ရှားမှုများကို Showcase ပုံစံဖြင့် ပြသသွားမည်ဖြစ်ပြီး အဆိုပါ Showcase တွင် ICT Lab, Raspberry Pi Project, Academic Excellence Awards များနှင့် အသင်းလှုပ်ရှားမှုဆိုင်ရာ ဆောင်ရွက်သည့် ဓါတ်ပုံများ ထည့်သွင်းပြသသွားမည် ဖြစ်သည်။ ထို့အပြင် အသင်းသားလျှောက်လွှာ များကိုလည်း လက်ခံခြင်းနှင့် ကဒ်ထုတ်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

အခမ်းအနား Registration ပြုလုပ်ချိန်တွင် အမှတ်တရလက်ဆောင် (Delegate Kits) ပစ္စည်းများနှင့် အခမ်းအနား မပြီးဆုံးမီအချိန်တွင် Lucky Draw မဲဖောက်ပေးခြင်းတို့ဖြင့် အခမ်းအနားသို့ တက်ရောက်သူ အသင်းသားများကို လက်ဆောင် အဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ အဆိုပါနှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာသူများအတွက် အထူးအစီအစဉ် အနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ နေ့လယ်စာ၊ Coffee Break များဖြင့် ဧည့်ခံကျေွးမွေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အဆိုပါအခမ်းအနားနှင့် ပတ်သက်၍ အသင်းသားများမှ မေးမြန်းလိုသည်များ၊ အကြံပြုဆွေးနွေးလိုသည်များ ရှိပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သို့ စာဖြင့်သော်လည်းကောင်း၊ အီးမေးလ် ဖြင့်သော်လည်းကောင်း စက်တင်ဘာ လ (၁၉) ရက်နေ့ ညနေ (၄းဝဝ) နာရီ နောက်ဆုံးထား၍ ပေးပို့ နိုင်ပါသည်။

အသင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို www.mcpamyanmar.org, MCPA facebook (https://www.facebook.com/mcpa) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ အီးမေးလ် ([email protected])၊ (ဖုန်း (၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀ ၈၈၃၀၀) သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

နေ့ရက် = ၂၂ – ၉ – ၂ဝ၁၃ (တနင်္ဂနွေနေ့)

ပထမပိုင်းအစီအစဉ်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသားစုံညီတွေ့ဆုံဆွေးနွေးပွဲ
အချိန် = နံနက် (၉း၃ဝ – ၁၀း၃ဝ) နာရီ
နေရာ = Conference Hall
MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်။

ဒုတိယပိုင်းအစီအစဉ်

MCPA Action Plan (2013-2014)ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲ
အချိန် = နံနက် (၁၀း၄၅) နာရီမှ ညနေ (၅း၀ဝ) နာရီ
နေရာ = Conference Hall
MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *