News

LG Optimus L Series II များ အသစ်ထွက်၊ Dual-SIM L7 II ကို ဦးစွာ ထုတ်မည်

LG-Optimus-L-Series-II

LGဟာ MWC 2013 ပွဲမှာ သူတို့ရဲ့ Optimus L Series IIများကို ပွဲထုတ်တော့မှာ ဖြစ်ပါတယ်။ ကြိုတင် ခန့်မှန်းခဲ့ကြတဲ့ အတိုင်းပဲ ဒီ L Series IIဟာ အရွယ်အစား အနေနဲ့ကတော့ အပြောင်းအလဲတွေ ရှိလာမှာ ဖြစ်ပါတယ်။ LGရဲ့ တရားဝင် ထုတ်ပြန်ချက်အရ ယခု ဒုတိယ အကြိမ် ထွက်ပေါ်လာမယ့် L Series IIမှာ Seamless Layout, Laser Cut Contour, Radiant Rear Designနဲ့ Smart LED Lighting စတာတွေကို ဖုန်းရဲ့ ဒီဇိုင်းပိုင်း လှပမှုကို မထိခိုက်စေဘဲ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ မျက်နှာပြင် အရွယ်အစား အမျိုးမျိုးနဲ့ L Series II တွေကို ပွဲထုတ်မယ့် LGဟာ L3 IIကို (3.2)လက်မ မျက်နှာပြင်၊ L5 IIကို (4)လက်မ မျက်နှာပြင်နဲ့ L7 IIကိုတော့ (4.3)လက်မ ရှိတဲ့ မျက်နှာပြင် အရွယ်အစားတွေနဲ့ ထုတ်ဝေမှာ ဖြစ်ပါတယ်။ မတူညီတဲ့ Version အမျိုးမျိုးတို့အတွက် မတူညီတဲ့ မျက်နှာပြင် အရွယ်အစားတွေ ရှိသလို အသုံးပြုမည့် Batteryတွေလည်း တူညီမှာ မဟုတ်ပါဘူး။ အနည်းဆုံး (1560)MAHကနေ အများဆုံး (2460)MAH အထိ ပါဝင်မှာ ဖြစ်ပါတယ်။

L7 IIကိို ပထမဦးဆုံး ဖြန့်ချိမှာ ဖြစ်လို့ သူ့ရဲ့ အချက်အလက်တွေကိုတော့ ပိုမိုတိကျစွာ ဖော်ပြထားပါတယ်။ L7 IIရဲ့ Processorက 1GHZ Dual-Core Qualcom MSM 8225 CPUဖြစ်ပြီး၊ Internal Storageကတော့ 4GBရဲ့ အထက်မှာပဲ ရှိပါလိမ့်မယ်။ Random Access Memoryအတွက် 768 MB RAMကို အသုံးပြုထားပြီး Memory Card စိုက်ဖို့ Micro SD Slotလည်း ပါဝင်ပါတယ်။ကင်မရာကတော့ 8MP ရှိပြီး ရှေ့ဘက်နဲ့ကျောဘက် နှစ်ဖက်စလုံးမှာ ပါဝင်မှာဖြစ်ပါတယ်။ Dual-Sim Versionကို ဒီအပတ်ထဲမှာပဲ ရုရှားမှာ ဖြန့်ဝေမှာ ဖြစ်ပြီး Android 4.1 Jelly Beanကို တစ်ပါတည်း (On Board) ထည့်သွင်း ပေးထားမှာ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ Featuresတွေအကြောင်း အတိအကျ ပြည့်ပြည့်စုံစုံကိုတော့ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် ပြပွဲအပြီးမှာ အံ့အားသင့်စရာ အချက်အလက်တွေနဲ့အတူ တွေ့ရလိမ့် မယ်လို့ ဆိုပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *