Mobile

Oppo Find 5 Mobile Phone

oppo-find-5

အမေရိကန် အခြေစိုက် အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ်တဲ့ Oppo ကုမ္ပဏီဟာ အရည်အသွေး ကောင်းမွန်သော Blu-ray Playersနှင့် Home Theaterတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တစ်ခုပါ။ ဥရောပ၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတွေမှာ Oppo ရုံးခွဲတွေကို ဖွင့်လှစ်ထားပါတယ်။ ယခုလက်ရှိ အချိန်မှာလည်း Oppoဟာ နည်းပညာ မြင့်မားတဲ့ 3D Blu-ray Disc Playersတွေကို ထုတ်လုပ်ထားသည့် အပြင် ၎င်းတို့၏ မိုဘိုင်းဖုန်း ထုတ်ကုန်အသစ် တစ်မျိုးဖြစ်တဲ့ Oppo Find 5 မိုဘိုင်းဖုန်းကိုလည်း အရည်အသွေး ကောင်းမွန်စွာဖြင့် ဖန်တီး တီထွင် ထုတ်လုပ်လိုက်ပါတယ်။ Oppo Find 5ဟာ ပေါ့ပါး သေးသွယ်တဲ့ ကိုယ်ထည်ကို စွဲမက်ဖွယ်ရာ ကောင်းတဲ့ ဒီဇိုင်းဖြင့် တည်ဆောက် ထားပြီး နောက်ဆုံးပေါ် နည်းပညာတွေဖြင့် ပေါင်းစပ် တီထွင်ထားတဲ့ စမတ်ဖုန်း တစ်လုံးပါ။

 

Display

ပုံရိပ်ပေါ် မျက်နှာပြင် အရွယ်အစား ၅လက်မရှိတဲ့ IPS Screenကို အသုံးပြုပေးထားတဲ့အတွက် ကြည်လင် ပြတ်သားတဲ့ ပုံရိပ်တွေကို ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် ခံစား ကြည့်ရှု နိုင်မှာပါ။ ရုပ်ထွက် အရည်အသွေးကို အသေးစိတ် ဖော်ပြပေးမယ့် Resolution ပမာဏ ကတော့ 1920×1080 Pixels (Full HD) ရှိပါတယ်။ တစ်လက်မမှာ ထောက်ပံ့ပေးထားတဲ့ Pixel ပမာဏ ကတော့ 441 ppi ရှိတဲ့အတွက် တခြား စမတ်ဖုန်းတွေထက် သာလွန် ကောင်းမွန်နေတာ တွေ့ရပါတယ်။ Displayနှင့် Touch Sensorsကို ပေါင်းစပ် တီထွင်ထားတဲ့ OGS နည်းပညာကို Oppo Find 5 ဖုန်းထဲမှာ ထည့်သွင်း ပေးထားတဲ့အတွက် အရောင် အရည်အသွေးတွေကို တောက်ပ စိုပြေစွာဖြင့် သဘာ၀အတိုင်း ဖော်ပြပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည် ပါးလွှာမှုက 3.25mmသာ ရှိတဲ့အတွက် သွားလေရာကို အလွယ်တကူ သယ်ဆောင်သွားနိုင်မှာပါ။

Hardware & OS

ဖုန်းအတွင်းပိုင်း လုပ်ဆောင်ချက်တွေကို လျင်မြန် သွက်လက်စွာ လုပ်ဆောင်ပေးမယ့် Processorကိုတော့ Qualcomm APQ8064 Quad-Core 1.5GHzကို အသုံးပြု ပေးထားပါတယ်။ ဖန်သားပြင်ပေါ်က ချောမွေ့ ညက်ညောတဲ့ ရုပ်ပုံ အရည်အသွေးတွေနှင့် ဂိမ်းရုပ်ထွက်တွေကို သက်၀င် လှုပ်ရှားအောင် ဖန်တီးပေးမယ့် Graphicsပိုင်းကိုတော့ Adreno 320GPUက တာ၀န်ယူ လုပ်ဆောင် ပေးပါလိမ့်မယ်။ Memoryကတော့ 2GB ဖြစ်ပါတယ်။ အချက်အလက်တွေကို သိမ်းဆည်းပေးမယ့် Storageကိုတော့ 16GBနှင့် 32GB နှစ်မျိုး ရွေးချယ်နိုင်မှာပါ။ ဘက်ထရီ အမျိုးအစားကတော့ 2500mAh Lithium-ion Battery အမျိုးအစား ဖြစ်ပါတယ်။ Android 4.1 (Jelly Bean) OS ကို ထည့်သွင်း ပေးထားပါတယ်။

Connectivity

GSM ဖုန်းအမျိုးအစားဖြစ်ပြီး အသုံးပြုနိုင်တဲ့ ကွန်ယက်တွေကတော့ (EDGE/UMTS/HSDPA/ HSUPA/HSPA+/HSPA+42) အစရှိတဲ့ ကွန်ယက်တွေကို အသုံးပြုနိုင်ပါတယ်။ Wireless အင်တာနက်ကို ချိတ်ဆက်ပေးမယ့် Wi-Fi 802.11 a/b/g/n ပါ၀င်ပြီး Bluetooth,Wi-Fi Display,DLNAနှင့် NFC အစရှိတဲ့ စနစ်တွေကိုလည်း ထည့်သွင်း ပေးထားပါသေးတယ်။

Camera & Price

ခရီးထွက်တဲ့အခါမှာ သဘာ၀ရှုခင်းများနှင့် အမှတ်တရ ဓာတ်ပုံတွေကို ရိုက်ကူးပေးမယ့် ကင်မရာ စွမ်းရည်ကတော့ 13 Megapixel ရရှိပြီး ကင်မရာကို ထောက်ပံ့ပေးတဲ့ အစိတ်အပိုင်းတွေကတော့ HDR, 4 Layer Coatingနှင့် Blue Glass Filtersတို့က အကောင်းဆုံး ထောက်ပံ့ပေးထားတာ တွေ့ရပါတယ်။ CMOS Technology, Brust Modeနှင့် 120 FPS Video Recording အစရှိတဲ့ စနစ်တွေကိုလည်း ထည့်သွင်း ပေးထားပါတယ်။ Oppo Find 5 မိုဘိုင်းဖုန်းကို 16GBအတွက် USD 499နှင့် 32GB ကိုတော့ USD 569ဖြင့် ဈေးနှုန်း သတ်မှတ်ထားပါတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *