Minecraftကို တီထွင်သူ ဆွီဒင်လူမျိုး Markus Perssonက Beverly Hillsမှာ အံ့မခန်းတဲ့ အိမ်ဂေဟာကြီးကို ၀ယ်ယူလိုက် ပါတယ်။ အိပ်ခန်းရှစ်ခန်းပါတဲ့ အိမ်ကြီးကို ဒေါ်လာ သန်း ၇၀နဲ့ ရောင်းချခဲ့တာပါ။ Perssonက နာမည်ကြီး ရက်ပါ Jay-Zထက် လေလံပိုပေးပြီး ၀ယ်ယူခဲ့တာပါ။ သူဟာ စက်တင်ဘာလမှာ သူ့ကုမ္ပဏီကို Microsoftထံသို့ ဒေါ်လာ ၂.၅ ဘီလီယမ်နဲ့ ရောင်းချခဲ့တာပါ။ အိမ်ရဲ့ အရှေ့ပိုင်းကတော့ အလွန်ခေတ်ဆန်နေပါတယ်။

အလွန်လှပတဲ့ ရှုခင်းကို ကြည့်နိုင်တဲ့ ရေကူးကန်လည်း ပါပါတယ်။

Master Bedroomက ဒီမှာပါ။

ကြီးမားတဲ့ ရေချိုးခန်း

စတိုခန်းကလည်း မြို့ပြတိုက်ခန်းတွေထက် ကြီးပါတယ်။

ဒါကတော့ ဧည့်သည်အိပ်ခန်းတွေထဲက တစ်ခုပါ။ အခြား ဧည့်သည်အိပ်ခန်း ခြောက်ခန်းကလည်း အံ့မခန်းပါ။

မီးဖိုချောင်မှ မြင်ကွင်းကလည်း လှပပါတယ်။

Perssonက ဒီနေရာမှာ ဧည့်သည်တွေကို ဖျော်ဖြေမှာ သေချာပါတယ်။

ဒီအိမ်မှာ အလုပ်လုပ်မယ်ဆိုရင်တော့ သင့်တော်တာက ဒီနေရာမှာပါ။

ကြီးမားတဲ့ ဝိုင်အခန်းက ဒီမှာပါ။

အဓိက အစားအသောက်ခန်းက ဘုရင်တွေအတွက်တောင် သင့်တော်ပါတယ်။

ဒါက နောက်ထပ် အပြင်အဆင်တစ်ခုပါ။

အောက်ဘက်မှာတော့ ရုပ်ရှင်ရုံရှိပါတယ်။

ကားထားရာ အခန်း၊ ဘားနဲ့ ဧည့်ခန်းကို ဒီလိုထားရှိပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့နေရာပါ။

ညရှုခင်းကတော့ အံ့မခန်းပါ။ သင့်မှာ သန်း ၇၀ ရှိရင်တော့ ၀ယ်ဖို့ တန်ပါတယ်။

