Apps, News, Review

Microsoft ၏ office application အသစ်ဖြစ်သည့် Sway ကိုလူအများအသုံးပြုနိုင်ပြီ

ယခင်တုန်းက ထုတ်လုပ်မည်ဟု ကြေငြာထားသော Microsoft ၏application အသစ်ဖြစ်သည့် Sway (www.sway.com) ကိုယခုအခါတွင် လူအများ အသုံးပြုနိုင်အောင် ထုတ်လုပ် လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေငြာခဲ့သည်။ Sway Website သည် Google Doc ကဲ့သို့ပင် Online တွင် မိမိ၏အလုပ်နှင့် ပါတ်သက်သည့် Presentation စာရွက်စာတမ်းများ ပြုလုပ်မျှဝေနိုင်သည့် website တစ်ခုဖြစ်ကြောင်းလည်း ကြေငြာခဲ့သည်။ထို့အပြင် Offline တွင် ပြုလုပ်ထားသော မိမိ၏လုပ်ငန်းဆိုင်ရာ Microsoft Word File များကိုလည်း အဆိုပါ Sway website တွင် ထည့်သွင်းသိမ်းဆည်းထားနိုင်မည်ဖြစ်ပြီး Facebook , Twitter အပြင် Download Link များ ဖြင့်လည်း ပြန်လည် မျှဝေနိုင်မည်ဖြစ်သည်။Sway Website တွင် Microsoft မှထုတ်လုပ်ပြီးဖြစ်သော Online Application များဖြစ်သည့် Outlook , People , Calendar, One Drive, Word Online , Excel Online, Power Point Online, One Note Online နှင့် Office Online စသော application များကိုလည်း ထည့်သွင်းပေးထား သည်ကိုတွေ့ရသည်။
Microsoft အနေဖြင့် ယခုလိုလုပ်ငန်းသုံး Online Application တစ်ခုဖြစ်သည့် Sway ကို ထုတ်လုပ်လိုက်ခြင်းဟာ အံ့သြစရာ ကောင်းတဲ့အရာမဟုတ်ဘူးလို့ ပြောကြားထားပြီး Sway နဲ့ပါတ်သက်တဲ့ အသုံးပြုပုံများကိုတော့ Microsoft ရဲ့ Blog ဖြစ်သည့် www.blogs.office.com တွင် ရေးသားဖော်ပြထားပါသည်။ Microsoft Company အနေဖြင့် ဆက်လက်၍ ထုတ်ပြန်ချက်များ အရ Sway ကိုထုတ်လုပ်ပြီး ရက်သတ္တပတ်ဆယ် ရက်သာကြာမြှင့်သေး သော်လည်းလာရောက်ကြည့်ရှုသူ အရေအတွက်မှာ တစ်သန်းကျော်သွားပြီးဖြစ်ပြီး Sign Up ပြုလုပ်ရန်လာရောက် ဆက်သွယ်လာသူများမှာ 175,000 ကျော်ရှိပြီး နေ့စဉ်လူပေါင်း ထောင်နှင့်ချီသည်အထိ တိုးမြှင့်လာပြီဖြစ်ကြောင်း Microsoft Company မှထုတ်ပြန် ကြေငြာထားသည်။
Micorsoft Company မှသူတို့၏ Websiteများနှင့် blog များတွင်ဖော်ပြချက်မှာ အထက်ပါအတိုင်း ဖြစ်သော်လည်း သတင်း website တို့၏ဖော်ပြချက်အရ Sway website ကိုအသုံးပြုသူများသည်။ တစ်ရက်လျှင်လူပေါင်း 2,500 ယောက် Signup ပြုလုပ်ရန်နှင့်လာရောက်လည်ပတ်သူအရေအတွက်မှာလဲ 14,285 ယောက် ဖြစ်ဖို့ဆိုသည်မှာ အလွန်တရာမှ မဖြစ်နိုင်သည့်သတင်းထုတ်ပြန်ချက်ဖြစ်ပြီး Microsoft အနေဖြင့်သတင်း အမှန်ကိုထုတ်ပြန်ခြင်း မရှိဘူးလို့လည်း Online Website အချို့တွင် ဖော်ပြထားပါသည်။ ဆက်လက်၍ အပြင်သတင်း website များတွင် ဖော်ပြထားချက်အရ Sway ကိုရုတ်တရက် လူစိတ်ဝင်စားမှုများ သွားခြင်းသည် ဘယ်လိုမှခန့်မှန်းလို့ မရနိုင်တဲ့ အချက်ဖြစ်နေတယ်။ဒီ Product ဟာ ကြီးမားတဲ့ Company ကြီးတစ်ခုရဲ့ Product တစ်ခုပါ။ ဒီအတွက်ကြောင့် အကျိုးကျေးဇူးတော့ရှိလိမ့်မယ်။ ဒါပေမဲ့ ဟိုအရင်တုန်းကတည်းက ဒီ application ထွက်လာဖို့ စောင့်ဆိုင်း နေရတဲ့အချိန် တွေကြောင့် ခဏလေ:အတွင်းမှာ အနည်းငယ် လူဝင်များသွားပြီး Signup ပြုလုပ်သူများချင် များသွားနိုင်ပေမဲ့ အခုလောက်ထိနေ့ တိုင်းအသုံးပြုသူများ တိုးပွားလာတယ် ဆိုတာကလည်း နောက်ထပ် လက်မခံနိုင်စရာ အချက်တစ်ချက် ဖြစ်နေတယ် လို့အပြင်သတင်း website များတွင် ဝေဖန်ဖော်ပြထားပါတယ်။
 သို့သော်စာရေးသူ၏ အမြင်အရပြောရမည်ဆိုလျှင် Sway တွင်စိတ်ဝင်စားစရာ ကောင်းသည့်အချက်များသည် microsoftoffice နှင့်ပြုလုပ်ထားသည့်မည်သည့် file ကိုမဆို အဆိုပါ website တွင်တင်ခွင့်ပေးထားသော် လည်းအခြား file အမျိုးအစားများကိုတော့ တင်ခွင့်မပေး ထားပေ။ Sway Website သည် cloud service ကို အခြေခံထားသည့် website ဖြစ်သည်။ ထိုကဲ့သို့cloudservice ဖြစ်သည့် အတွက်ကြောင့် offline microsoft office word များဖြင့်ပြုလုပ်ထားသော အလုပ် file များကို online တွင် online document အနေဖြင့် ပြန်လည်ပြောင်းလဲပြီး အခြားသူများဆီ သို့ပေးပို့နိုင်ခြင်းကြောင့် အသုံးပြုသူများ အတွက် မည်သို့အကျိုးကျေးဇူးများ ဖြစ်ထွန်းစေအုံးမလဲ ဆိုတာကိုတော့ စာရေးသူတို့အနေဖြင့် စောင့်ကြည့်ရမည် သာဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *