Business, Featured, Lifestyle, News

Sony Pictures ၀န်ထမ်းများ လွန်ခဲ့တဲ့ဆယ်နှစ်အကြာက ရုံးခန်းတစ်ခုထဲမှာ အလုပ်လုပ်နေ

Sony Pictures၀န်ထမ်းများ လွန်ခဲ့တဲ့ဆယ်နှစ်အကြာက ရုံးခန်းတစ်ခုထဲမှာ အလုပ်လုပ်နေ

လူတိုင်းအတွက် မတူညီနိုင်ပါဘူးလို့ သူမကပြောပါတယ်။ သူမရဲ့ ဘဏ်အကောင့် သတင်းအချက်အလက်တွေကို မှောင်ခိုဈေးကွက် ၀က်ဆိုက်မှာ ရောင်းချထားတာကို သိရှိပြီးနောက်မှာတောင်မှ သူမဟာ အကောင်းမြင်တတ်လာပါပြီ။ သူမရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားသွားတာကိုတော့ စိုးရိမ်နေပါတယ်။ သူမရဲ့ Private သတင်းအချက်အလက်တွေ ဖိုရမ်တစ်ခုခု ဒါမှမဟုတ် တစ်နေရာရာမှာ ရောက်ရှိနေမလားဆိုတာ မြင်ယောင်ပြီး တုန်လှုပ်နေပါတယ်။ သူမမှာလည်း စိတ်ပူဖို့ အခွင့်အရေးရှိပါတယ်။

သူမဆိုတာကတော့ Sony Pictures ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းအမျိုးသမီးတစ်ယောက်ပါ။ သူမဟာ အခုဆိုရင် အင်တာနက် မပေါ်ခင်တုန်းက အသုံးပြုခဲ့တဲ့ လော့ချထားတဲ့ ရုံးခန်းတစ်ခုထဲမှာ အလုပ်လုပ်နေတယ်လို့ ပြောပါတယ်။

ကျွန်မတို့ ၁၉၉၂ ခုနှစ်မှာ ပိတ်မိနေပါပြီလို့ သူမကပြောပါတယ်။

သူမက ကိုယ်ယောင်ဖျောက်ထားဖို့ တောင်းဆိုခဲ့ပေမယ့် ဟက်ခံရပြီးနောက်ပိုင်းမှာ Sony Pictures ၀န်ထမ်းတစ်ယောက်ရဲ့ နေ့စဉ်အတွေ့အတွေကြုံကို ပြောပြဖို့တော့ သဘောတူညီခဲ့ပါတယ်။ သူမက သာမာန်အခြေအနေကို ပြန်ရောက်လာပြီဖြစ်ပြီး တစ်နည်းတစ်ဖုံအားဖြင့် ပိုပျော်ဖို့တောင်ကောင်းလာပြီလို့ ပြောပါတယ်။

သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတာကတော့ အလုပ်အသစ်တွေလုပ်ဖို့ နည်းပညာဟောင်းတွေကို မှီခိုနေရတာပါ။

“ကျွန်မတို့မှာ အီးမေး၊ Voicemailမရှိလို့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောနေရပါတယ်။ အချို့လူတွေကတော့ Faxပို့ရပါတယ်။ ပရင်တာအဟောင်းတွေကို ဆွဲထုတ်ပြီး အသုံးပြုနေရပါတယ်။ ဒါဟာ စိတ်ပျက်စရာပါ။ “ လို့ သူမကပြောပါတယ်။

ကုမ္ပဏီကြီးတွေရဲ့ လုံခြုံရေး ကျိုးပေါက်ခဲ့ရင် ဒါတွေဖြစ်လာတာပါပဲ။ Fax Machineကို မှီခိုရတာတွေ၊ Email, Instant Messagesတွေကို မသုံးရဘဲ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆက်သွယ်ရတာတွေဖြစ်လာတာပါ။

Sony Pictures ဟက်ကာတွေက နို၀င်ဘာလ ၂၄ ရက်မှာ Private Emailတွေကို ပြသလိုက်ကတည်းက အထင်ကရ ဖျော်ဖြေရေး ကုမ္ပဏီက တုန်လှုပ်သွားတာပါ။ ဂျပန်စီးပွားရေး တိုးတက်လာတဲ့ ၁၉၈၉ ခုနှစ်မှာ Sony Corporationနဲ့ Columbia Picturesတို့က Sony Pictures Entertainment( SPE) ကို တည်ထောင်ခဲ့ကြတာပါ။ သူဟာ အခုဆိုရင် ရုပ်ရှင်စတူဒီယိုနဲ့ တီဗီစတေရှင်တွေ ပိုင်ဆိုင်တဲ့ ရှစ်ဘီလီယမ်တန်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်နေပါပြီ။ ကုမ္ပဏီက သူ့ရဲ့ အရင်နဲ့ အခု ၀န်ထမ်းတွေအတွက် ကာကွယ်ရေး သတင်းအချက်အလက်တွေကို သူ့ရဲ့ ၀က်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။

ဟက်ကာတွေဟာ ကွန်ထရက်တာတွေကနေ ဒါရိုက်တာတွေအထိ ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဘာနဲ့ တူသလဲဆိုရင် နာမည်ကျော် Angelins Jolieက သူ့ဘော့စ်ရဲ့ Private Emailတွေကို ဖတ်သလိုမျိုး၊ အောက်ခြေ၀န်ထမ်းတွေရဲ့ ဘဏ်သတင်းအချက်အလက်တွေ ခိုးယူခံရသလိုမျိုးပါပဲ။

အတွင်းပိုင်းမှာတော့ SPEက ပြန်လည် တုန့်ပြန်မှုတွေ လုပ်နေပါတယ်။ ၀န်ထမ်းအားလုံးကို ကိုယ်ရေးအချက်အလက် ကာကွယ်ပေးမှုကို တစ်နှစ်တာ ပေးခဲ့သလို တော်တော်များများက ကိုယ်ရေးအချက်အလက်ကာကွယ်မှုအတွက် နာမည်ကြီး Appဖြစ်တဲ့ Lifelockကို ၀ယ်ယူခဲ့ကြပါတယ်။ အချို့တွေက သူတို့ရဲ့ Credit Cardနဲ့ အွန်လိုင်းမှ စာချုပ်စာတမ်းတွေကို တွေ့မှာ ကြောက်နေကြပါတယ်။ လူတိုင်းက Facebook Pageကနေ Credit Card Loginsအထိ နေရာတိုင်းမှာ Passwordတွေ ပြောင်းလိုက်ပါပြီ။

လော့အင်ဂျလိစ်မှ SPE ရုံးမှာ လုပ်နေတဲ့သူက “ ကျွန်တော့် ဘဏ့်အကောင့်ကို ပထမတစ်ကြိမ်တိုက်ခိုက်မှုပြုလုပ်တဲ့ နေ့မှာပဲ ခိုးယူခံလိုက်ရပါတယ်။ ပထမတော့ တိုက်ဆိုက်တာလို့ပဲ ထင်ခဲ့တာပါ။ “ လို့ ပြောပါတယ်။

အခုတော့ သူမက အီးမေးမှ အရာတစ်ခုက သူမအကောင့်ကို ဟက်ခံရတယ်လို့ သံသယဖြစ်နေပါတယ်။

အခုတော့ သူမဟာလုပ်ဖော်ကိုင်ဖက်တွေနဲ့ နီးကပ်နေပြီလို့ ပြောပါတယ်။ ၂၁ ရာစု စီးပွားရေးမှာတော့ ကြောင်တောင်တောင်နိုင် တဲ့ မျက်နှာချင်းဆိုင် ဆက်သွယ်မှုတွေ အသုံးပြုနေရပါပြီ။ ဖုန်းတွေကို အသုံးပြုလို့မရတဲ့ အချိန်ပါ။ ဌာနခွဲတွေက မသိတဲ့လူတွေ နဲ့လည်း ထိပ်တိုက် စကားပြော အလုပ်လုပ်နေရပါတယ်။

ကံဆိုးတာက ပြဿနာတွေကို ပိုများစေတဲ့ အတွင်းပိုင်းစနစ်တွေ ခေတ်မမီခြင်းပါ။ ဆယ်စုနှစ်တစ်ခုကတည်းက Backup မလုပ်ထားတဲ့ ကွန်ပျူ တာတွေကို တွေ့နေရပါတယ်။ ဒါဟာ Hardwareအဟောင်းမှာ လုံခြုံမှုမရှိတဲ့ Softwareအဟောင်းတွေကို အသုံးပြုထားတာပါ။ ဒီစီးပွားရေးလုပ်ငန်းမှာ လူတော်တော်များများက နည်းပညာကျွမ်းကျင်သူတွေ မဟုတ်ကြဘူးလို့ သူမကပြောပါတယ်။

အားလုံးတော့ ဆုံးရှုံးသွားတာမဟုတ်ပါဘူး။

“ ကျွန်မတို့မှာ အလုံးစုံပြည့်စုံတဲ့ ရုံးခန်းရှိပါတယ်။ နေ့စဉ်အလုပ်တွေကို လုပ်နိုင်ပါတယ်။ Voicemailကိုလည်း ပြန်ရပါပြီ။ ပထမတော့ တုန်လှုပ်ခဲ့ကြပေမယ့် အခုတော့ တည်ငြိမ်သွားပါပြီ။ လူတော်တော်များများရဲ့ ကွန်ပျူ တာတွေကိုတော့ ဖယ်ရှားလိုက်ပေမယ့် Macsတွေကို အသုံးပြုနေကြပါတယ်။ ” လို့ သူမက ပြောပါတယ်။ အလုပ်အများစုကို iPhones, iPadsတွေမှာ လုပ်ကြပါတယ်။ အရေးပေါ် အီးမေးစနစ်ကိုလည်း တပ်ဆင်ပြီးပါပြီ။ ဒါပေမယ့် Attachment တွေကိုတော့ ထည့်ခွင့်မပေးထားပါဘူး။

“ ကွန်ပျူ တာနဲ့ ပရင်တာတွေရှိတဲ့ ဌာနတွေရှိနေပါပြီ။ ရုံးခန်းတစ်ခုလုံးမှာ ကွန်ပျူ တာ တစ်လုံး၊ နှစ်လုံးပဲရှိတာလည်း အနည်းငယ်တော့ ရှိပါတယ်။ တစ်နည်းပြောရရင် ကျွန်မတို့ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က ရုံးခန်းထဲမှာ အလုပ်လုပ်နေတာပါ။ ” လို့ သူမကပြောပါတယ်။

သူမက ခဏတိတ်ဆိတ်နေပါတယ်။ သူမ လုပ်စရာတွေရှိနေပါတယ်။ ရုံးခန်းထဲက သူမရဲ့ တစ်ခုတည်းသော ကိရိယာဖြစ်တဲ့ သူမရဲ့ ကိုယ်ပိုင် iPhoneကနေ စကားပြောနေတာပါ။ ပြီးရင်တော့ သူမအလုပ်တွေလုပ်တော့မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။