How-to

ဇော်ဂျီဖောင့်ကို ပုံစံတစ်မျိူးပြောင်းပြီး Install လုပ်ကြည့်မယ်

ဇော်ဂျီဖောင့်ကို ပုံစံတစ်မျိူးပြောင်းပြီး Install လုပ်ကြည့်မယ်ဆိုတာက ဘာမှတော ့မထူးဆန်းပါဘူး။ သို့သော် နည်းလမ်းတစ်ခု သိလိုက်ရတယ်။ ဖုန်းကို Factory Resetလုပ်လိုက်လည်း ပျောက်မသွားနိုင်ပါဘူး။ ဒါကြောင့် ဒီနည်းလေးကို မျှေ၀ပေးလိုက်ရတာပါ။ အရင်တုန်းက ဇော်ဂျီဖောင့်ထည့်မယ်ဆို Font Changerတွေနဲ့ ထည့်ကြပါတယ်။ Font Changerနဲ့ ထည့်ထားမယ်ဆိုရင် အကြောင်းအမျိူးမျိူးကြောင့် Factory Resetလုပ်လိုက်ရရင် Font ပျောက်သွားမှာ ဖြစ်ပါတယ်။ Font Changerတွေ မကောင်းဘူးလို့ ဆိုလိုခြင်း မဟုတ်ပါ။ ကျွန်တော်ပြောတဲ့ နည်းအတိုင်း ဇော်ဂျီဖောင့် ထည့်မယ်ဆိုရင် လိုအပ်တာ သုံးခုရှိပါမယ်။ ကိုယ်တိုင်မလုပ်နိုင်တဲ့ သူတွေအတွက်လည်း နည်းပညာ ဗဟုသုတရနိုင်ပါတယ်ဗျာ။ ဘာတွေလိုမလဲဆိုရင် ဖုန်းက Root လုပ်ပြီးသားဖြစ်ရမယ်။ Zaw Gyi .tff ရှိရမယ်၊ Root Explorer .apk ရှိရမှာပါ။ ပထမဆုံး Zaw Gyi .tffနဲ့ Root Explorer .apk ကို ဖုန်းထဲ ကူးလိုက်ပါ။ Root Explorer .apkကို Install လုပ်ပေးပါ။ ပြီးရင် Root Explorer ကိုဖွင့်ပြီး system> fonts> ထဲကို Zaw Gyi .tffကို ကူးလိုက်ပါ။ ကူးပြီးပြီဆိုတာနဲ့ ဘာမှမလုပ်လဲ Power ပိတ်လိုက်ပါ။ ပြန်ဖွင့်တဲ့အခါ မြန်မာကီးဘုတ်ထည့်ပြီး စမ်းကြည့်နိုင်ပါတယ်။ ဒီနည်းက ကြာတော့ကြာခဲ့ပါပြီ။ မသိသေးတဲ့သူတွေအတွက် ပြန်လည် မျှေ၀ခြင်းသာ ဖြစ်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *