News

ဝါရှင်တန်မှာ အလုပ်လက်မဲ့ပေါင်း နှစ်သန်းလောက်ရှိနေပြီ…

ဝါရှင်တန်မှ ထွက်ပေါ်လာသော သတင်းတစ်ရပ်အရ ၎င်းတို့မြို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု အားနည်းသဖြင့် အလုပ်လက်မဲ့ဦးရေ တစ်နေ့တစ်ခြားတိုးပွားလာကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် အလုပ်လက်မဲ့ဦးရေ နှစ်သန်းခန့် ရှိနေပြီး အဆိုပါ ကိစ္စကို အစိုးရအဖွဲ့အနေဖြင့်မည်သို့ ကိုင်တွယ်မည်ဆိုသည်မှာ စိတ်၀င်စားဖွယ်ပင်ဖြစ်နေသည်။ အမေရိကန်ပြည်ထောင်စုတွင်မူ လက်ရှိ အလုပ်လက်မဲ့ဦးရေမှာ 11.8 သန်းရှိနေပြီ ဖြစ်သည်။ ၂၀၀၉ ခုနှစ်မှစ၍ နှစ်စဉ် အမေရိကန်၏ အလုပ်အကိုင်အခွင့်အလမ်း မူဝါဒများမှာ မသေချာမရောရာ ဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ အဆိုပါဥပဒေမှာ သုံးပုံနှစ်ပုံသောအလုပ်လက်မဲ့များအတွက် ပို၍ပင် မသေချာဖြစ်ခဲ့သည်။ ကျောင်းသားများ ဘွဲ့ရပြီးသည့်အခါ မည်သည့်အလုပ်ကို လုပ်ရန် သေချာစွာ စီစဉ်ပေးထားမှုလည်း အားနည်းလာခဲ့သည်။ လက်ရှိအချိန်တွင် အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ကြိုးစားနေကြကြောင်းလည်း သိရှိရပါသည်။

Ref : http://www.businessinsider.com/paper-washington-dithering-and-unemployment-2013-7

Leave a Reply

Your email address will not be published. Required fields are marked *