Mobile, News, Review

Phone Video Call တွေခေါ်ဆိုနိုင်ပြီးဈေးနှုန်းချိုသာတဲ့ Lenovo A850i

Phone Video Call တွေခေါ်ဆိုနိုင်ပြီးဈေးနှုန်းချိုသာတဲ့ Lenovo A850i

KMD မှပေးပို့သော Product Review ဖြစ်ပါတယ်။

Lenovo a850 Smartphone ရဲ့ Upgrade Version ဖြစ်ပြီးScreen Size က ၅လက်မကျယ်ပြန့်တဲ့အပြင် QHD IPS နည်းပညာ အသုံးပြုထားခြင်းဖြစ်တဲ့အတွက် ရုပ်ထွက်အလွန်ကောင်းမွန်တာကြောင့် အသုံးပြုသူတွေအတွက် အားရမယ့် မျက်နှာပြင်နဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းထားပါတယ်။ CPU က 1.3 GHz Quad-core processor နဲ့ RAM 1 GB ပါဝင်တာကြောင့် ဖုန်းအလုပ်လုပ်ကိုင်နိုင်မှု စွမ်းအားကြီးမားပါတယ်။ Data တွေ Application တွေ ထည့်သွင်းအသုံးပြုနိုင်ရန်အတွက် Internal Memory 8 GB ပါဝင်ပြီးဖြစ်သလို 32 GB အထိ ထပ်မံတိုးချဲ့ အသုံးပြုလိုသူများအတွက်လဲ microSD Card Slot ပါဝင်ပါတယ်။

Camera က 5.0 MP Main Camera (Flash) နဲ့ 0.3MP Front Camera ပါဝင်ပါတယ်။ ဖုန်းက Dual SIM ဖုန်းဖြစ်တာကြောင့် GSM/ WCDMA SIM card ၂ မျိုးလုံးကို တပြိုင်နက်တည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Ooredooရဲ့ 900/1500 UTMS Network အတွက် အထောက်အပံ့ ကောင်းမွန်စွာ ပေးနိုင်တာကြောင့် အင်တာနက်လိုင်းကောင်းကောင်း သုံးနိုင်သလိုFront Camera နဲ့အတူ Phone Video Call အတွေ့အကြုံကိုပါ ခံစားနိုင်မှာဖြစ်ပါတယ်။ ကျပ် ၁၂၀,ဝ၀ဝ ဖြင့် ယခုလိုအရည်အသွေးမြင့်မားတဲ့ Lenovo Smartphone A850i ကို KMD အရောင်းဆိုင်ကြီးများတွင် ဝယ်ယူနိုင်ပါတယ်။ အသေးစိတ်ဆက်သွယ်ရန် KMD ဖုန်း 01-381035, 381129 Ext : 124 သို့မေးမြန်းစုံစမ်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *