Education, Lifestyle, News

KMD တွင်နိုင်ငံတကာအသိအမှတ်ပြု Computing ဒီပလိုမာသင်တန်းတန်းခွဲသစ် ဖွင့်လှစ်မည်

KMD တွင်နိုင်ငံတကာအသိအမှတ်ပြု Computing ဒီပလိုမာသင်တန်းတန်းခွဲသစ် ဖွင့်လှစ်မည်

KMDမှ ပေးပို့လာသောသတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

စက်တင်ဘာလအတွင်း နိုင်ငံတကာအသိအမှတ်ပြု Computing ဒီပလိုမာသင်တန်း တက်ရောက်လိုသူများအတွက် KMD မှ စက်တင်ဘာလ ၁၉ ရက်နှင့် ၂၇ ရက်နေ့တွင် တန်းခွဲသစ်များ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်မှာ ဖွင့်လှစ်မည့် တန်းခွဲသစ်က နေ့လည် ၁၁ နာရီခွဲမှ ၃ နာရီ (တနင်္လာနေ့မှ သောကြာနေ့) တက်ရောက်ရောက်ရမည်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖွင့်လှစ်မည့် သင်တန်းကတော့ စနေတနင်္ဂနွေ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းချိန်ကတော့ နံနက် ၇ နာရီမှ နေ့လည် ၂ နာရီအထိ ဖြစ်ပါတယ်။

သင်တန်းကာလမှာ ၁ နှစ်ဖြစ်ပါတယ်။ ယခုပထမနှစ် Computing ဒီပလိုမာသင်တန်း L4DC ကိုတက်ရောက်ပြီးပါက နိုင်ငံတကာအသိအမှတ်ပြု Diploma ကိုရရှိမည်ဖြစ်ပြီး Advance Computing Diploma သင်တန်း L5DC သို့ ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ပါတယ်။ ပထမနှစ်သင်တန်းတွင် အဓိကဘာသာရပ်များအဖြစ် Computer Netwroks, Computer Systems, Databases နှင့် Designing and Developing Object Oriented Computer Program ကို လေ့လာသင်ကြားရမည်ဖြစ်ပြီး Skills for Computing, Designing and Developing Websites, Software Development Techniques နှင့် Office Solutions Development ဘာသာရပ်များကိုလည်း ရွေးချယ်သင်ကြားနိုင်မည်ဖြစ်ကြောင်းလဲ သိရှိရပါတယ်။

ဘာသာရပ်တိုင်းအတွက်လည်း Assignment များ ပြုလုပ်ရမည်ဖြစ်တဲ့ အတွက်ကြောင့် စာတွေ့လက်တွေ့ တပြိုင်နက်တည်း သင်ကြားပေးမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ၂၀၁၄ ခုနှစ် ၁၀တန်းအောင်မြင်ပြီးသူများအနေဖြင့်လည်း မိမိရရှိတဲ့ ဂုဏ်ထူးအရေအတွက်အလိုက် သင်တန်းကြေးကင်းလွှတ်ခွင့် ၂၀% မှ ၁၀ဝ% အတွင်း ရရှိမည်လဲဖြစ်ကြောင်း သိရှိရပါတယ်။ အသေးစိတ် သိရှိလိုသူများ ဆက်သွယ်နိုင်ရန် KMD ဖုန်း 01:700895 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *