How-to

Microsoft Officeအတွက် အသုံး၀င် Add-Ins, Appsများ

Microsoft Officeက Featureတွေ များပြားပြီး ပြည့်စုံလှတဲ့ Programsတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ Featureတွေကို ပိုမိုပြည့်စုံအောင် လုပ်ပေးနိုင်တဲ့ Add-Ins, Appsတွေရှိပြီး သင့် အသုံးပြုမှုပေါ် မူတည်ပြီး အသုံးချနိုင်ပါတယ်။

Office Add-Ins, Appsဆိုတာ ဘာလဲ?

Microsoft Officeမှာ Featureတွေ များပြားပြည့်စုံတယ် ဆိုပေမယ့် အရာရာတိုင်းတော့ မပြည့်စုံပါဘူး။ အဲဒီအတွက် Add-Insတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အလွယ်ပြောရရင် Add-Insဆိုတာ Officeရဲ့ Featuresတွေကို ပိုမိုပြည့်စုံအောင် လုပ်ပေးနိုင်တဲ့ Programsတွေ ဖြစ်ပါတယ်။ Browser မှာ အသုံးပြုတဲ့ Extensionတွေလိုပါပဲ။ Add-Ins, Appsတွေမှာ Freeသုံးလို့ရတာနဲ့ ၀ယ်သုံးရတာ ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ Freeသုံးလို့ရတဲ့ Add-Ins, Appsတွေကိုပဲ ဖော်ပြမှာပါ။ ဒါပေမယ့် သူတို့မှာ မကောင်းတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ Startup Timeကို အနည်းငယ် ပိုကြာစေတာပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ အသုံးပြုမှုနဲ့ ကိုက်ညီတဲ့ Add-Ins တွေကိုသာ ရွေးချယ် အသုံးပြုသင့်ပါတယ်။
Office 2013မှာတော့ Add-Insတွေကို Appsဆိုပြီးပြောင်းလဲ ခေါ်လာပါတယ်။ အင်တာနက်နဲ့ တွဲဖက်ပြီး အသုံးချလို့ရတဲ့ အတွက် Appsလို့ ပြောင်းလဲခေါ်တာပါ။ Officeအရင် Version တွေမှာ သုံးတဲ့ Add-Insတွေကို Office 2013မှာအသုံးပြုလို့ရပြီး Office 2013ရဲ့ Appsတွေကိုတော့ အရင် Office Versionတွေမှာ သုံးလို့မရတာကို သတိပြုပါ။
Add-ins for Microsoft Office 2013 and Earlier

Office Tabs

Office Tabsကတော့ Office Programsတွေဖြစ်တဲ့ Office 2010နဲ ့အရင် Versionက Word, Excel, and PowerPointမှာ Tabbed Viewအသုံးပြုလို့ရအောင် လုပ်ပေးနိုင်ပါတယ်။ (Free, Enterprise နှစ်မျိုးရှိပြီး Enterpriseမှာ Publisher, Access, Project, and Visioတို့မှာပါ Tabbed Viewသုံးလို့ ရပါတယ်။) Documentတွေ အများကြီးဖွင့်ပြီး အလုပ်လုပ်တဲ့သူတွေအတွက် Tabတစ်ခုနဲ့တစ်ခု ကူးပြောင်းပြီး အသုံးပြုလို ့ရတဲ့အတွက် အဆင်ပြေပါတယ်။ Tabတွေကို Groupတွေ ခွဲပြီးလည်း သုံးနိုင်ပါတယ်။ Office 2013ကို အသုံးပြုတဲ့သူ ဆိုရင်တော့ Office Tabsကို အသုံးပြုလို့ မရပါဘူး။ Extend Officeကို အသုံးပြုရမှာပါ။ Extend Officeနောက်ဆုံး Versionမှာ Tabတွေကို ဘယ်ဘက်၊ ညာဘက် စသဖြင့် အဆင်ပြေတဲ့နေရာမှာ နေရာချ အသုံးပြုလို့ ရပါတယ်။

Search Commands

Search Commandsကို Microsoft’s Office Labsက ပြုလုပ်ထားတာဖြစ်ပြီး Microsoft Word, Excel, and PowerPointတို့မှာ Command, Wordsတို့ကို အလွယ်တကူ ရှာနိုင်ပါတယ်။ Office 2007, 2010မှာ သုံးနိုင်ပါတယ်။

Excel Utilities


App Proက ပြုလုပ်ထားတဲ့ Excel Utilities မှာ Excelနေ့စဉ် အသုံးပြုနေတဲ့ သူတွေအတွက် Shortcuts (၃၀)ကျော်နဲ့ Selection Toolsတွေကို အလွယ်တကူ သုံးနိုင်ပါတယ်။ Conditional Formatting, Data Validation, Unhiding or Rehidingစတာတွေကို Keyboard Shortcuts, One-Click Access Buttonတွေနဲ့ လွယ်လွယ်ကူကူ သုံးနိုင်ပါတယ်။ Excel Utilitiesအတွက် သီးသန့် Ribbon Tabပါရှိပြီး Shortcutတွေကို အသုံးပြုနိုင်ပါတယ်။

ASAP Utilities

Excel အသုံးပြု သူတွေအတွက် နောက်ထပ်အသုံး၀င်တဲ့ Toolတစ်ခုကတော့ Excel Utilitiesဖြစ်ပြီး Features, Shortcutsပေါင်း (၃၀၀)ကျော် ပါရှိပါတယ်။ Worksheetsတွေကို သီးခြားဖိုင် အနေနဲ့ Exportလုပ်တာတွေ၊ Sheet Tabတွေကို Name, Colorအလိုက် Sortလုပ်တာတွေ၊ Worksheets တွေကို Auto-Naming လုပ်တာတွေ၊ Formatting, Content အလိုက် Cellတွေကို Select လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဒီ Add-Inက Homeနဲ့ Student Usersတွေအတွက် Free ပေးသုံးပါတယ်။ Excel 2000ကနေပြီး  2013ထိ သုံးနိုင်ပါတယ်။ 32-bit Versionတွေမှာပဲ အသုံးပြုလို ့ရတာကိုတော့ သတိပြုပါ။

VisualBee

VisualBeeကတော့ PowerPoint Presentationတွေကိုပိုပြီး စတိုင်ကျပြီး တင်ပြလို့ကောင်းတဲ့ Presentationတွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ PowerPoint 2007, 2010မှာ သုံးနိုင်ပြီး ရွေးချယ်စရာ Template, Imageတွေ စုံလင်စွာ ပါရှိပါတယ်။ Animations, Transitionsတွေလည်း Built-Inပါရှိပါတယ်။

Apps for Office 2013

Office 2013အတွက် Appsတွေကို Office Storeမှာ ရှာဖွေနိုင်ပြီး Free,Paid Versionတွေ ရှိပါတယ်။ Office 2013က ထွက်ရှိတာ မကြာသေးတဲ့အတွက် Appsတွေ အများကြီးတော့ မရှိသေးတာ တွေ့ရပါတယ်။ အဲဒီထဲကမှ Freeရပြီး အသုံးတည့်မယ့် Appsနှစ်ခုကို ရေးပေးလိုက်ပါတယ်။

Search the Web

Search The Webက Word, Excel, Project & Powerpointစတဲ့ Programsတွေကနေပဲ Google Searchကို အသုံးပြုနိုင်ပါတယ်။ Imageတွေကိုပါ ရှာနိုင်ပြီး Browserကို အသုံးပြုစရာ မလိုတဲ့အတွက် အလုပ်ရှုပ် သက်သာစေပါတယ်။

Bing Dictionary (English)


Bing Dictionary ကလည်း Word and Excel 2013မှာသုံးနိုင်ပြီး သိချင်တဲ့ အချက်အလက်တွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ရှာမယ့်စကားလုံးတွေကို Suggestလုပ်ပေးနိုင်ပြီး Definition တွေကိုလည်း အလွယ်တကူ ရှာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *