ယခင်အချိန်များတွင်iPhone 4G နှင့် 4S များကို Unlock ပြုလုပ်ရာတွင် အခက်အခဲများ ရှိခဲ့ရာမှ ယခုအခါတွင် တရားဝင် Unlock ကဲ့သို့ ရရှိရန် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။
ထိုကဲ့သို့ပြုလုပ်ရာတွင် iOS 5.0 ရှိသော iPhone 4G နှင့် 4S များကို Unlock ပြုလုပ်နိုင်မည် ဖြစ်ကာ မိမိ၏ iPhone မှာ Jailbreak ပြုလုပ် ထားရမည် ဖြစ်ကြောင်း အဆိုပါ ဝန်ဆောင်မှုကို ပြုလုပ်ပေးလျက် ရှိသော U-Store ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သော ကိုနေသူအောင်မှ ပြောကြားသွားပါတယ်။ ၄င်းမှနေ၍ iPhone 4G တွင် iOS 5.0 နှင့် iOS 5.0.1 တင်ထားပါက Official Unlock ပြုလုပ်နိုင် မည်ဖြစ်ကြောင်း၊ iPhone 4S တွင်တော့ iOS 5.0 ၌သာ ရရှိဦးမည်ဖြစ်ကြောင်း ရှင်းပြသွားပါတယ်။ အဆိုပါ ဝန်ဆောင်မှုအား ပြုလုပ်ချင်ပါက ကိုနေသူအောင် (U-Store) ဖုန်း ၀၉ ၅၁၀၂ ၀၇၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ဝန်ဆောင်ခ အနေဖြင့် ကျပ် ၅ သောင်းကျသင့်မည် ဖြစ်ကြောင်း သိရပါတယ်။
ပြည်တွင်း၌ iPhone 4 များကို Unlock ပြုလုပ်နိုင်ပြီ

07
May