ယခင်တစ်ပတ်အတွင်း iOS device များပေါ်တွင် ဖြစ်ပေါ်ခဲ့သော နာမည်ကျော် Rockband ဂိမ်းကစားမရမှု ပြဿနာကို ထုတ်လုပ်သူဖြစ် သော EA Games မှ ပြန်လည်ဖြေရှင်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ EA မှ ၂၀၀၉ ခုနှစ်အတွင် iOS ပေါ်တွင် စတင် ထုတ်လုပ်ခဲ့သော Rockband မှာ နာမည်ကြီး ဂိမ်းတစ်ခုအဖြစ်ရှိနေရာမှ ရုတ်တရက် မေလ ၃၁ ရက်နေ့နောက်ပိုင်း ပိတ်သိမ်းသွားတော့မည်ဟု သတိပေးစာတန်း ပေါ်ပေါက်ခဲ့သည့်အတွက် အသုံးပြုသူများမှာ အံ့အားသင့်သွားခဲ့ကြပါတယ်။ ယခုအချိန်တွင်တော့ EA မှ Rockband အား မေ ၃၁ နောက်ပိုင်းတွင် ပြန်လည်ကစားသွားနိုင် မည်ဟုကြော်ငြာခဲ့ပြီး နည်းပညာရှင်များမှာတော့ ယခုဖြစ်ရပ်တွင် Apple ၏ apps များအတွက် အာမခံပေးထားမှုကို မေးခွန်းထုတ်လျှက် ရှိနေကြပြီး EA Games ၏ ယခုကဲ့သို့ နည်းပညာ အခက်အခဲ အတွက် ပြန်လည်ဖြေရှင်းမှုမျိုးကို အလိုရှိနေကြကြောင်း သိရပါတယ်။
iOS ပေါ်တွင် Rockband ကို ဆက်လက် ကစားနိုင်ပြီ

07
May