Mobile

ပထမဆုံး တစ်ခါတည်း ပါ၀င်သည့် မြန်မာဘာသာစကား ကီးဘုတ် HTC Buetterfly

htc-buetterfly-

မြန်မာဘာသာစကားအတွက်အထူးပြုလုပ်ထားသည့် တစ်ခုတည်းသော စမတ်ဖုန်းဖြစ်သည့် HTC ကို လက်တွေ့သုံးကြည့်လိုက်ပါ။

  1. တစ်ခါတည်းပါ၀င်သည့် ပြီးပြည့်စုံသော မြန်မာဘာသာစကားစွမ်းရည်ကို ကီးဘုတ်နှင့်အင်တာနက်တွင် ရှာဖွေခြင်းအတွက် ကြိုတင် ထည့်သွင်းထားပေးပါ သည်။
  2. စမတ်ဖုန်းခေါ်ဆိုမှု ဖန်ရှင်ကိုအသုံးပြုနေစဉ်အတွင်း QWERTY ကီးဘုတ်ပေါ်တွင် အမည်များကို ရိုက်ထည့်ခြင်းဖြင့် အဆက်အသွယ် အမည်များကို ရှာဖွေပါ။
  3. မြန်ဆန်စွာ ကြိုတင်မှန်းဆခြင်းဖြင့် မှတ်တမ်းများ၊အီးမေးလ်များနှင့် စာသားများကို ရိုက်နေစဉ်အတွင်း သင့်ဖုန်းက မြန်မာ စာလုံးများကို အကြံပြုပေးနိုင်ပါ သည်။
  4. အင်တာနက်တွင်ရှာဖွေသောအခါ သင်မည်သည့်၀က်ဘ်ဆိုဒ်ကို ၀င်ရောက်သည်ဖြစ်စေ သင်၏ HTC စမတ်ဖုန်းက ၁၀၀ % မှန်ကန်သော မြန်မာဘာသာ စကားကို ပြသပေးပါလိမ့်မည်။

နောက်ထပ်ပထမဆုံး Smartphone

ဒီနေ့ခေတ်နည်းပညာကို အပြည့်အ၀ ဖော်ပြနေတဲ့ပစ္စည်းတွေရဲ့ တီထွင်နိုင်မှုစွမ်းရည်၊ အင်္ဂါရပ်၊ပုံစံတွေကို သင်အမြဲ တွေ့မြင်နိုင်မှာ မဟုတ်ပါဘူး။ အသစ်ထပ်မံထုတ်လုပ်လိုက်သော HTC လိပ်ပြာကသာ လူတွေကို ဦးဆောင်ချင်တဲ့ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီသို့ လက်တစ်ချက်ထိရုံဖြင့် ဖြစ် လာစေတဲ့ အစွမ်းကို ပေးပါ လိမ့်မယ်။ ရုပ်ထွက်စွမ်းရည်မြင့်မားခြင်းဖြင့် ယခင်ကတီထွင်ထားသော ပြည့်စုံတဲ့ Pixel Smartphones များကို ကျော်လွန်သွားပါတယ်။ (၁) လက်မမှာ ၄၄၀ အစက် အပြောက်တွေနဲ့ ဖွဲ့စည်းထားခြင်းဖြင့် အနုစိတ် ကြည်လင်ပြတ်သားမှုကို ဖော်ပြနေပြီး ဒီအချက်ကပဲ သင်သုံးဖူးထားသမျှဖုန်းတွေထက် သာလွန်တယ်ဆို တာကို ပြသနေပါတယ်။ ဒီ(၅)လက်မရှိ စူပါ LCD နံပါတ်(၃) မှန်သည် ရုပ်ထွက်ပုံတွေ၏ ကြည်လင် ပြတ် သားမှု၊ ဆွဲဆောင်နိုင်မှု အကောင်းဆုံးတို့ကို ပြသနေပါသည်။ နဂိုပါရှိတဲ့ စက်တို့ကလည်း အရောင်၊ အလင်း၊ထင်းလင်းပြတ်သားမှုတ်ို့ကို အလိုအလျှောက်အချိန်တိုင်း ညှိပေးနေသည့်အတွက် အပြစ်ဆိုဖွယ် မရှိသော အချိုးအစား ကို ပေးစွမ်းနိုင်ပါတယ်။ တောက်ပတဲ့နေရောင်အောက်မှာတောင် အံ့အားသင့်ဖွယ် ကောင်းသော သဘာ၀ရုပ်ပုံများကို ရင်သပ်ရှုမောဖွယ်ရာ ရှုထောင့်မျိုးစုံ တို့မှ ဖန်တီးကြည့်ရှုနိုင်ပါသည်။ အကြီးဆုံးf2.0 အလင်း၀င်ပေါက်ရဲ့ အစွမ်းကြောင့် ၂.၁ မီဂါပစ်ဆာရှိသော ရှေ့ကင်မရာသည် ရင်သပ်ရှုမော ဖွယ်ကောင်းတဲ့အရောင်စိုပြည်ပြီး၊ လှပဆန်း ကြယ်တဲ့ သဘာ၀ ကျကျပုံတွေကို ပေးစွမ်းနိုင်ပါတယ်။ အနောက်ဘက်မှ အလင်းရောင်ပေးတဲ့အတွက် ၈မီဂါပစ််ဆာရှိတဲ့ အနောက်ကင်မရာကလည်း သာလွန်တဲ့ အလင်းနည်းတဲ့ ဓာတ်ပုံကောင်းတွေကို အကောင်းဆုံး ရိုက်နိုင် ပါသည်။ ဓာတ်ပုံတွေကို ရိုက်ကူးရာမှာ ပိုမြန်ပြီး အရင်ကထက်ပိုပြီး ဓာတ်ပုံရိုက်တဲ့အရသာကို ပိုကြိုက် လာပါလိမ့်မယ်။အကယ်လို့ သင့်ရဲ့ဖုန်းက Sleep In ကင်မရာအသွင်ကို ရောက်နေရင်ပါဝါခလုတ်ကို နှိပ်ပြီး ကင်မရာကို အဆက်မပြတ်ပြန်လည် ရိုက်ကူးနိုင်ပါတယ်။ မှန်ရဲ့ဘယ်နေရာကိုမဆိုထိ၍ ဓာတ်ပုံ ရိုက်ယူနိုင်ပါတယ်။ ၄ ပုံတစ်စက္ကန့်နှုန်းဖြင့် ရိုက် နိုင်ပြီး (၉၉) ချက်အဆက်မပြတ် ရိုက်ကူးကာ အကောင်းဆုံးဓာတ်ပုံတွေကို ပိုင်ဆိုင်ကြပါစို့။

ကမ္ဘာ့ ခေတ်အမှီဆုံး Processor မှ အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ရရှိခြင်း

အသစ်ထွက်ရှိလာတဲ့ Qualcomm Snapdragon ™ S4 Pro အမျိုးအစားဟာ ဒီစာကိုရေးသားနေသော အချိန်မှာ နောက်ဆုံးပေါ် Quad Core Processor အမျိုးဖြစ်ပါတယ်။ ယခုခေတ်မှာ ဘယ်သူမဆို အဆင့် အမြင့်ဆုံး (State-the-art) Processor တွေအသုံး ပြုနိုင်တဲ့အချိန်ပါ။ ဒါပေမဲ့ HTC ရဲ့လိပ်ပြာ (Butterfly) ဟာ ဒီနည်းပညာတွေထဲက အကောင်းဆုံးတွေကို ထုတ်ယူသုံးစွဲ ထားတာပါ။ ဒါကြောင့်မြန််ဆန်မှုနှုန်းပေါ် အဓိကထားတဲ့လုပ်ဆောင်ချက်တွေ၊ တစ်ခုထက်ပိုတဲ့ apps တွေကို အသုံးပြုတဲ့အခါမှာ လျှပ်စီးတစ်ဖျက် လက်သကဲ့သို့ မြန်ဆန်တဲ့တုံ့ပြန်မှုတွေကို သင်ခံစားနိုင်မှာပါ။ ဒီပါဝါကို အချိန်ကြာကြာ ဆက်လက်ရရှိစေဖို့ ပြီးပြည့်စုံတဲ့ စူပါဘက်ထရီကိုလည်း ထည့်ပေးထားပါသည်။

အသံကို အဓိကထား ချဲ့နိုင်သော စက်နှစ်မျိုးဖြင့် Beat Audio ™ ရဲ့ လုပ်ဆောင်ချက်ကို ပိုမိုအားဖြည့်ပေးခြင်း

နှစ်ခုပေါင်းစပ်ထားတဲ့ အသံချဲ့စက်တွေရဲ့ တစ်ခုခြင်းစီက ထုတ်လွှင့်ပေးတဲ့အစွမ််းဖြင့် နားကြပ်နှင့် စပီကာ တို့ကို ပါဝါဖြည့်စွမ်း ပေးထားပါသည်။ နှစ်ဆခွဲ လောက် ပိုတဲ့အသံထွက်စွမ်းအားနှင့်အတူ ဆူညံ့သံတွေကို အမြင့်ဆုံး အသံအနေအထားမှာတောင်(၁၀) ဆနှိမ့်ပေးနိုင်ခြင်း၊ တစ်ခုတည်းသော Beat Audio ™ ရဲ့ စွမ်းဆောင်ချက်တို့နှင့်အတူ ပေါင်းစည်းတီထွင်ထားမှုကြောင့် တုန်ခါ လှုပ်ရှားတဲ့အသံကို ဖြစ်ပေါ်စေခြင်း၊ ကီးအနိမ့်အမြင့်အလိုက်ပြောင်းလဲ နိုင်တဲ့သစ်လွင်ဆန်းသစ်သော သီချင်းသံစဉ်တွေနှင့်အတူ စတူဒီယိုထဲမှာ နားထောင်နေရတဲ့အလား နားသောတဆင်နိုင်မှာ ဖြစ်ပါတယ်။

သာလွန်ကောင်းမွန်တဲ့ ပုံစံ

HTC လိပ်ပြာ (Butterfly) ၏ ပုံစံသည် လှပဆန်းပြားတဲ့ဖုန်းဒီဇို်င်းတစ်ခုဖြစ်ပြီး ဒီဇိုင်းရဲ့အားနည်းချက် မရှိစေရန် အထူးပြုလုပ်ပုံဖော်ထားပါတယ်။ ကော်ဖီ ဖိတ်လို့စွန်းထင်းတဲ့ အန္တရာယ်တောင်အပါအ၀င်ပေါ့။ ဒီလိုမတော်တဆဖိတ််စင်မှုကို ကာကွယ်နိုင်တဲ့အပြင်၊ လိပ်ပြာရဲ့အချိန်မရွေးချောမွေ့တောက်ပနေတဲ့ ပုံစံဟာ အားလုံးကို ဆွဲဆောင်နေပါတယ်။ ဒီလိုကြေွရောင်ထနေတဲ့ နှစ်ရောင်ပေါင်းစပ်ထားတဲ့စနစ်၊ ခေတ််ဆန်တဲ့ ဘေးတစ်စောင်းပုံစံ၊ စိတ်ချလက်ချ ကိုင်ဆောင်ထားနိုင်တဲ့ အလုံးအထည်ကြီးမား တဲ့အချက်တို့ကြောင့် သင်ဒီဖုန်းကို ဘယ်တော့မှ လက်လွတ်ဆုံးရှုံးခံမှာ မဟုတ်ပါဘူး။

ဖုန်းရဲ့အသေးစိတ်အချက်အလက်များ

မော်ဒယ်လ်: အိစ်(၉၂၀) ဒီ
CPU ရဲ့မြန်ဆန်မှုနှုန်း: Quad Core အမျိုးအစား Qualcomm Snapdragon™ S4 Pro ၁.၅ဂီဂါဟာ့ဒ်
ဆော့ဒ်၀ဲလ်: Android ၄.၁(ဂျယ်လီဘင်း)
ဆင်းကဒ်အမျိုးအစား : မိုက်ခရို အသေးစားဆင်းကဒ်
မမ်မိုရီ: ၂ဂျီဘီရှိတဲ့ RAM (စက်ရဲ့ ခေတ္တယာယီသိမ်းဆည်းဖို့နေရာ)
ဖိုင်တွေသိမ်းဆည်းဖို့ နေရာစုစုပေါင်း ၁၆ဂျီဘီ၊သုံးနိုင်တဲ့ပမာဏသည် ပြောင်းလဲနိုင်ပါတယ်
အရွယ်အစား၊အလေးချိန် : ၁၄၃×၇၀.၅×၉.၀၈ မီလီမီတာ၊ ၁၄၀ ဂရမ်(ဘက်ထရီအပါအ၀င်)
ဖုန်းရဲ့အသွင်အပြင် : ၅လက်မအရှည်ရှိ စူပါ LCD အမှတ်၃ကို သုံးထားသောမှန်ဖြင့် full HD ၁၀၈၀ ပီကို သုံးထားသော ရုပ်ထွက်စွမ်းရည်ရှိသည့် Gorilla မှန်အမှတ်၂
အသံ : Audio ရဲ့နည်းစနစ်နှင့်ပေါင်းစပ်ထားပြီး အသံကိုပိုပြီးကျယ်ကျယ်ကြား ရအောင် အထူးပြုလုပ်ထားသော စပီကာနှင့်နားကြပ်
နက်ေဝါ့က်ဒါ : GSM/GPRS/EDGE (850/၉၀၀/၁၈၀၀/၁၉၀၀ မီဂါဟာ့ဒ်) HSPA / WCDMA: (၈၅၀/၂၁၀၀မီဂါဟာ့ဒ်)
အသံ : Audio ရဲ့နည်းစနစ်နှင့်ပေါင်းစပ်ထားပြီး အသံကိုပိုပြီးကျယ်ကျယ်ကြား ရအောင် အထူးပြုလုပ်ထားသော စပီကာနှင့်နားကြပ်
ဆက်သွယ်မှု : ၃.၅မီလီမီတာ စတူဒီယို နားကြပ်နှင့်ဆက်သွယ်ရန်အပေါက် Bluetooth ၄.၀ WI-FI, IEEE၈၀၂.၁၁အေ၊ဘီ၊ဂျီ၊အန်(၂.၄ဂီဂါဟာ့ဒ်) Micro-USB အပေါက်
အပို : မိုက်ခရိုအက်စ်ဒီကဒ်ထည့်ရန်နေရာ။
ကင်မရာ : ၈မီဂါပစ်ဆာရှိသောကင်မရာဖြင့် HTC ထုတ် ImageChip f2.0၊ BSI၊ ၂၈ မီလီမီတာမှန်ပြောင်း။ အလိုအလျောက် ချိန်စနစ်ဖြင့် LED flash ၂.၁ မီဂါပစ်ဆာရှိ ရှေ့ကင်မရာ f2.0 အလွန်ကျယ်သော မြင်ကွင်းကိုပေးတဲ့ အရှေ့ကင်မရာမှန်ပြောင်း
ဘက်ထရီ : ဖုန်းအတွင်းရှိ ပြန်လည်အားသွင်းနိုင်သော Li-ion ပေါ်လီမာ ဘက်ထရီအမျိုးအစား။ဆံ့သောပမာဏ: ၂၀၂၀ mAh

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *