How-to

Pattern Lock လုပ်ထားတဲ့ ဖုန်းတစ်လုံး Lock မေ့သွားခဲ့ရင်

Android ဖုန်းတစ်လုံးကို အသုံးပြုသူတွေက Security တစ်ခုအနေနဲ့ ဖုန်းကို Lock လုပ်ထားလေ့ ရှိပါတယ်။ ဖုန်းကို Lockအမျိူးမျိူး လုပ်လို့ရ ပါတယ်။ တချို့က Password၊ တချို့က Pattern Lock လုပ်ထား ကြပါတယ်။ တကယ်လို့ Pattern Lock လုပ်ထားပြီး တစ်ခါတစ်ရံ မေ့သွား တဲ့အခါ ဘယ်လိုပြန်လုပ်ကြမလဲ။ ဒါလည်း ဖြေရှင်းလို့ရပါတယ်။ Pattern Lock လုပ်ထားတဲ့ ဖုန်းတစ်လုံး Lockမေ့သွားရင် အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။ ဒီနည်းလေးက Huawei ဖုန်းတော် တော် များများကို ဖြေရှင်းလို့ရပါတယ်။ Samsung ဖုန်းတွေအတွက်တော့ ဒီနည်းနဲ့ ဖြေရှင်းလို့မရပါဘူး။ Pattern Lockလုံး၀ မေ့သွားပြီဆိုရင် ဘာမှ မလုပ်ပါနဲ့တော့ အရင်ဆုံးဖုန်းကို ပါဝါပိတ်လိုပ်ပါ။ Battery ဖြုတ်ပြီး ၅စက္ကန့် လောက် ထားလိုက်ပါ။ ပြီးရင် Batteryပြန်တပ်ပြီး Volume+, Power Key, Home Keyပါတဲ့ဖုန်းတွေဆို Home Keyပါတွဲနှိပ်ပေးပါ။ CWM Modeထဲ ရောက်သည်အထိ နှိပ်ထားပေးပါ။ CWM Modeထဲရောက်သွားပြီဆိုရင် အရင်ဆုံးတွေ့ရမှာက စာကြောင်းလေး၊ ငါးကြောင်း လောက်တွေ့ရပါလိမ့် မယ်။
အဲ့ဒီစာကြောင်းတွေထဲကမှာ Factory Data Resetဆိုတဲ့ စာကြောင်းကို တွေ့ရင် နှိပ်လိုက်ပါ။ သူ့ဘာသာ အလုပ်လုပ်နေပါလိမ့်မယ်။ ပြီးသွားရင် Reebotကျသွားပြီး Bootပြန်တက်လာတဲ့အခါ Pattern Lockမရှိတော့ဘဲ Factory Setting ဖြစ်သွားပါလိမ့်မယ်။ CWM Modeထဲက စားကြောင်းတွေကို ရွေးချင်ရင် Volume+, Volume – နဲ့ရွေးနိုင်ပြီး Power Keyနဲ့ အတည်ပြုလို့ ရပါတယ်။ ဒီလောက်ဆို Pattern Lockကျနေတဲ့ ဖုန်းတွေကို အလွယ်တကူ ဖြေရှင်းလို့ရပါပြီ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “Pattern Lock လုပ်ထားတဲ့ ဖုန်းတစ်လုံး Lock မေ့သွားခဲ့ရင်

  1. may thu kyaw says:

    ကောင်းတယ် မှတ်ထားရမယ် ဗဟုသုတရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *