အလုပ်ရှာနေတာလား၊ ရောင်းချင်တာလား၊ ၀ယ်ချင်တာလား၊ ကျွမ်းကျင်၀န်ထမ်းကောင်း အလိုရှိပါသလား၊ ၀န်ဆောင်မှု လုပ်ငန်းတွေ ကို ကြော်ငြာလိုပါသလား။
အခမဲ့ကြော်ငြာ ၀က်ဘ်ဆိုက်ဖြစ်တဲ့ Myanmar BB ၀က်ဘ်ဆိုက်မှာ ကြော်ငြာလာတင်သူတွေ လွယ်လွယ် ကူကူ တင်နိုင်အောင် စီစဉ်ပေးထားပြီး ကြော်ငြာရှာဖွေသူတွေ မြန်မြန် ဆန်ဆန် ရှာဖွေနိုင်အောင်လည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
အိမ် ခြံ မြေ၊ တိုက်ခန်း၊ ကား၊ အီလက်ထရောနစ်၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း အရောင်းအ၀ယ် အငှားလုပ်ငန်းတွေ၊ စာရင်းကိုင်၊ ကွန်ပျူတာပညာရှင်၊ အရောင်း၀န်ထမ်း၊ ယာဉ်မောင်း၊ အထွေထွေ၀န်ထမ်းစတဲ့ အလုပ်အကိုင်တွေ၊ ပညာရေး၊ ခရီးသွား၊ ကျန်းမာရေးစတဲ့ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ ထည့်သွင်း ကြော်ငြာနိုင်မှာ ဖြစ်ပေမယ့် နိုင်ငံရေး၊ လူမှုရေးတွေကိုတော့ ထည့်သွင်း ကြော်ငြာခြင်း မပြုဖို့ မေတ္တာရပ်ခံထားပါတယ်။