Samsung Galaxy S5မှာ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်တဲ့ ကျန်းမာရေး အထောက်အကူပြု စွမ်းဆောင်ချက်များ ပါရှိလာပြီး S Health Appကိုလည်း အဆင့်မြှင့်ပေးထားပါတယ်။ သင့်နှလုံး ရဲ့ကျန်းမာရေးကို စဉ်ဆက်မပြတ် စောင့်ကြည့်နိင်မှာ ဖြစ်ပါတယ်။ အောက်မှာ လေ့လာကြည့်လိုက်ရအောင်။
S Health Appကို ဖွင့်ပါ။ Appကို ဖွင့်ပြီးရင် အောက်ခြေက Heart Rateကို နှိပ်ပါ။
ဖုန်းရဲ့ အနောက်ဘက် ကင်မရာ အောက်က Sensor ပေါ်ကို လက်ချောင်းတင်ပါ။ Sensorက သင့် နှလုံးခုန်နှုန်းကို တိုင်းတာနေတဲ့အချိန်မှာ အနီရောင် ပြောင်းသွားပါလိမ့်မယ်။ လက်ချောင်းကို Sensor ပေါ်မှာ ဖွဖွလေး တင်ထားရမှာ ဖြစ်ပြီး အရမ်းဖိထားစရာ မလိုအပ်ပါဘူး။ အသက်လည်း ပုံမှန် ရှုနေရမှာ ဖြစ်ပါတယ်။
လက်ချောင်းကို ဆယ်စက္ကန့်လောက် ငြိမ်သက်စွာထားပါ။ လက်ချောင်း မငြိမ်သက်ရင် ဖုန်းမှာ ပြထားတဲ့ နှလုံးပုံက လိမ္မော်ရောင် ပြောင်းသွားပါလိမ့်မယ်။
Appက တိုင်းတာပြီးရင် ဖုန်းမျက်နှာပြင်မှာ နှလုံးခုန်နှုန်းကို ပြသပေးပါလိမ့်မယ်။ Mayo Clinicရဲ့ အဆိုအရ အရွယ်ရောက်ပြီးသူ တစ်ယောက်ရဲ့ ပုံမှန် နှလုံးခုန်နှုန်းဟာ တစ်မိနစ်လျှင် ၆၀ ကနေ ၁၀၀ ကြား ရှိပါတယ်။
ညာဘက်အောက်ထောင့်က Chart Symbolကို နှိပ်ရင် တိုင်းတာထားတဲ့ နှလုံးခုန်နှုန်းများကို မှတ်တမ်းပြုစုပြီး ပြသပေးထားမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေစဉ် မှာ နှလုံးခုန်နှုန်းကို စဉ်ဆက်မပြတ် တိုင်းတာပေးနိုင်ဖို့ အတွက် Samsung Gear Fit စမတ်လက်ပတ်က ပိုမို သင့်တော်ပါတယ်။
ပုံများကို အောက်မှာ Galleryနဲ့ ပြပေးလိုက်ပါတယ်။

 
		
		 
						
					





 
						 
						 
						 
						 
						 
						 
						 
						 
						 
						 
						 
						