News, Review

High Performance Laser Gaming Mouse PMG9801L

High Performance Laser Gaming MousePMG9801L

KMD Yangonမှ ပေးပို့လာသောသတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဂိမ်းကစားသူများအတွက် Mouse ရွေးချယ်မယ်ဆိုရင်တော့ dpi မြင့်မားတာရယ် Response Time မြန်ဆန်တာရယ်က အရေးကြီးပါတယ်။ Prolink Hesperus Laser Gaming Mouse ကတော့ တစ်ချက်ရွှေ့တာနဲ့ ကိုယ်လိုအပ်မယ့်နေရာကို တိတိကျကျနဲ့ ရွေးသွားနိုင်ဖို့ 8200 dpi အထိ စွမ်းဆောင်နိုင်တဲ့ Gaming အဆင့်မှီAvaga ADNS-9800 Laser ကိုအသုံးပြုထားဖြစ်ပါတယ်။ Response Rate လွန်စွာမြန်ဆန်တဲ့ Polling 1000hz/1ms နှင့် အတူ frame rate 12000fps အထိ အထောက်အပံ့ပေးထားပါတယ်။ Mouse တစ်လုံးထဲဖြင့် Command ပေးနိုင်ရန်အတွက် အသင့်အသုံးပြုနိုင်မယ့် ခလုတ်စုစုပေါင်း ၉ ခုပါဝင်တာကြောင့် အဆင့်မြင့်တဲ့ Gaming အတွေ့အကြုံကို ခံစားနိုင်မှာဖြစ်ပါတယ်။

Game ကစားနေချိန်မှာ မိမိလိုအပ်သလိုdpi ချိန်ညှိနိုင်ရန်အတွက် ခလုတ် နှင့်အတူ dpi ပမာဏကို ပြသပေးမယ့် LEDမီးသင်္ကေတပါ Mouse မှာပါဝင်ပြီး ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ အသုံးပြုသူစိတ်ကြိုက် Mouse ရဲ့အလေးကို ပြောင်းလဲပေးနိုင်တဲ့ Weight Adjustment ပဲဖြစ်ပါတယ်။ Design ပိုင်းမှာလည်းအသုံးပြုသူအတွက် စွမ်းရည်မြင့်တင်ပေးတဲ့ စနစ်ဖြင့် ဖန်တီးထားပြီး ဘေးနှစ်ဖက်ကို နှုးညံ့တဲ့ ရာဘာသား၊ 4D Scroll အစရှိတဲ့ အရည်အသွေးမြင့်မားတဲ့ ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ အခုလို Game ကစားသူများ အကြိုက်တွေ့စေမယ့် Prolink Hesperus Laser Gaming Mouse ကိုတော့ ဈေးနှုန်း – ၃၂,ဝ၀ဝ ကျပ်ဖြင့် အမှတ် ( ၄၇-၄၉ , ၅၁-၅၃ ) ဘိုကလေးဈေးလမ်း ဗိုလ်တထောင်မြို့နယ် MRS Computer Centre မှာဝယ်ယူနိုင်ပါတယ်။ ဆက်သွယ်ရန် ဖုန်း MRS Computer Centre 01- 392-257, 392-259, 392-138 သို့ မေးမြန်းစုံစမ်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *