Desktop, News

ဘက်စုံအသုံးပြုနိုင်တဲ့ PROLiNK24” Wide LED Backlit TV Monitor

ဘက်စုံအသုံးပြုနိုင်တဲ့ PROLiNK24” Wide LED Backlit TV Monitor

၂၄ လက်မ အရွယ်အစားရှိတဲ့ PROLiNK PRO2401TWသည် Computer Monitor ကဲ့သို့ အသုံးပြုလိုသူများ အတွက်ရော ၊ TV ကဲ့သို့ အသုံးပြုလိုသူများအတွက်ပါ အထွေထွေ လိုအပ်ချက်တွေ အားလုံးကို အကောင်းဆုံးဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပြီး အထူးထုတ်လုပ်ထားတဲ့ TV Monitor ဖြစ်ပါတယ်။ Screen Resolution 1920 x 1080 ရှိခြင်းကြောင့် အမျိုးမျိုးအစားစားသော High Definition Video များ ကြည့်ရှုရန် ၊ HD Gameများ ကစားရန် သင့်တော်တဲ့ Display အရည်အသွေးမျိုးဖြစ်ပါတယ်။ အရောင်အမျိုးအစားပေါင်း 16.7 သန်းပါဝင်တဲ့ Prolinkရဲ့ အရောင်သွေးစုံတဲ့ အချက်ဟာ ထူးခြားပြောင်မြောက်ပြီး သဘာဝကျ မှန်ကန်တဲ့ ပုံရိပ်တွေကို ဖန်းတီးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ကြည့်ရှုသူများအတွက် မြန်ဆန်ချောမွတ်တဲ့ Video Playback တွေကို ပြသနိုင်မယ့် Rapid Response Time က 2 ms ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက် တစ်ခုကတော့ Monitor မှာ Built-in Speakers ပါဝင်ခြင်းဖြစ်တာကြောင့် ကြည့်ရှုသူများကို ပိုမို အဆင်ပြေ စေမှာဖြစ်ပါတယ်။ TV Monitor ဖြစ်ခြင်းကြောင့် Monitor လိုသုံးသုံး TV လိုသုံးသုံး အဆင်ပြေဆုံးဖြစ်ရန် အရည်အသွေး မြင့်မားတဲ့ Audio နဲ့ Video Signal အတွက် HDMI ports, VGA ports, DVD Player နဲ့ Satellite တွေအတွက် Ports, TV Channel အတွက် Port တွေ အစုံအလင်ပါဝင်ပါတယ်။ (၃) နှစ် အာမခံအပါအဝင် ဈေးနှုန်း 166,500 ကျပ်ဖြင့် လုပ်ငန်းသုံး ၊ အိမ်သုံး ၊ ရုံးသုံးအထူးသင့်လျှော်တဲ့ PROLiKN PRO2401TW 24” Wide LED Backlit TV Monitor ကို MRS Sales Centre နှင့် အမြို့မြို့အနယ်နယ်ရှိ ကွန်ပျူတာဆိုင်ကြီးများတွင် ဝယ်ယူရရှိ နိုင်ပါတယ် ။ အသေးစိတ်သိရှိလိုပါကဖုန်း MRS 01-392-257, 01-392-259, KMD : 01-249-180 , 01-381-035 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *