Gaming, Review

Grand Theft Auto V

Grand Theft Auto V

ဘယ်အချိန်ဖြစ်ဖြစ် ဆော့လို့ ကောင်းတဲ့ဂိမ်း၊ ဘယ်တော့မှ မရိုးတဲ့ဂိမ်း၊ လူကြီးရော ကလေးပါ ကြိုက်တဲ့ဂိမ်း (ကြော်ငြာမဟုတ်ပါ)။ ဒီလိုမျိူး ဂိမ်းတွေက လက်ချိူးရီလို့ ရတယ်။ GTA ဂိမ်းမာတိုင်း သိပါတယ်။ Rockstar Gamesရဲ့ ထုတ်လို့မကုန်သော ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး။ အခုဆို Grand Theft Auto V ဖြစ်သွားပါပြီ။ အပြောင်းလဲများစွာနဲ့ ထွက်ရှိလာမယ့် GTA Vကို September ကစားနိုင်မှာပါ။ USမှာ ထွက်မဲ့ရက်က September 17, 2013၊ ဒီမှာတော့ မကြာမီ လာမည်မျှော်ပေါ့။ Developer, Publisher နှစ်ခု စလုံး Rockstarပဲ တာ၀န်ယူထားပါတယ်။ သိတဲ့အတိုင်းပဲ GTA ဆိုတာ ဘယ်လောက် လွပ်လပ်လည်း ဆိုတာ၊ ဂိမ်းထဲမှာတော့ လွပ်လပ်တဲ့ ကမ္ဘာတစ်ခုပါပဲ။ ကြိုက်တဲ့နေရာကို သွားလို့ရတယ်၊ ကြိုက်တဲ့ကားကို စီးလို့ရတယ်၊ အမှုတွေဖြစ်တယ် အဲ့ဒီအမှုတွေကို ဖျောက်လို့ရတယ်။ ဂိမ်းထဲမှာ လူ့ဘ၀တစ်ခုကို လွတ်လပ်စွာ ဖြတ်သန်းလို့ရတဲ့အတွက် လူငယ် ကြိုက်ကြပါတယ်။ အခု GTA Vကို ပြောင်းလဲမှုများစွာ လုပ်ပေးထားတယ်။ အရင်ထက် လူသားပိုဆန်လာမယ်၊ မြင်နေရတာတွေက တကယ့် လက်တွေ့ဘ၀တွေနဲ့ တူညီမှုရှိနေမှာပါ။ ဂိမ်းအတွက် Graphic၊ အသံတွေကို အဆင့်မြှင့်ပေးထား ပါတယ်။ ဒီဂိမ်းထဲမှာ Character သုံးယောက် ပုံစံတွေကို မြင်တွေ့နိုင်သလို သူတို့ သုံးယောက်စလုံးကိုလည်း ကိုင်တွယ် ကစားနိုင်ပါတယ်။

San Andreas မြို့ရဲ့ လမ်းတွေကတော့ ထုံးစံအတိုင်း လှုပ်ရှားနေပါတယ်။ အဲ့ဒီမြို့ရဲ့လမ်းတွေပေါ်မှာတော့ လူတစ်ယောက် အမှုရှာနေပါတယ်။ Franklin ကတော့ အမြဲတမ်း တစ်ခုခုကို ပြသနာရှာနေပါတယ်။ သူလို လူနှစ်ယောက်တိုးလာတဲ့အတွက် San Andreas မြို့များ ပြောင်းပြန် လှန်သွားမလား စိုးရိမ်ရပါတယ်။ သုံးယောက်စလုံးက စိတ်ထင်ရာ လုပ်တတ်တဲ့ ပုံစံတွေ ဖြစ်တဲ့အတွက် မြို့တော် San Andreasနဲ့ တစ်ခြားမြို့တွေမှာ ပြစ်မှုတွေ ဘယ်လောက် တိုးလာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။ Franklinအပြင် Michael, Trevorဆိုတဲ့ ဘဲကြီးနှစ်ပွေ ပါလာတာကြောင့် သူတို့ အပြုအမူတွေနဲ့ သူတို့ရဲ့ ဘ၀တွေကိုပါ မြင်တွေ့ရမှာပါ။ GTA Vမှာ အရာအားလုံးနီးပါး ပြောင်းလဲထားတယ် ဆိုတာ မှန်ပါတယ်။ Characterတွေအပြင် မြေပုံ ပိုကျယ်လာတယ်၊ အမဲလိုက်၊ ရေကူး ၊ လောင်းကစား၊ ဂေါက်ရိုက်၊ အပျော်တမ်း ရေငုပ်တာတွေပါ ကစားရမှာ ဖြစ်ပါတယ်။ လက်နက်အသစ်တွေနဲ့ ဒီဇိုင်းမိုက်တဲ့ ကားတွေကိုပါ စီးနိုင်ပါသေးတယ်။ ခပ်မိုက်မိုက် သီချင်းအသစ်တွေလည်း ပါလာဦးမှာပါ။ Singleရော Multiပါ ရနိုင်ပါတယ်။ နေ့ရော ညပါ မြင်တွေ့ရမယ့် မြို့အနေအထားလေးကလည်း သာယာပါသေးတယ်။ ပြောင်းလဲမှု များစွာ ပါလာပေမဲ့လည်း Rockstarက သူရဲ့ GTAမူပိုင်လေးကို ပျောက်သွားအောင်တော ့မလုပ်ထားပါဘူး။

San Andreas အပြင် ကစားရမယ့် နေရာလေးတွေလည်း တော်တော်များများ ပါနေပါသေးတယ်။ Object အသေးစားလေးကတော့ စုံနေတာပါပဲ။ အမေရိကန် နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှု၊ လူနေမှုဘ၀တွေကိုပါ မြင်တွေ့ရနိုင်ပါတယ်။ ဒါကြောင့် တကယ်လို့များ အပြင်မှာ ဒီလိုမျိုးသာ ဖြစ်လာခဲ့မယ် ဆိုရင် ဘာတွေဖြစ်မလဲဆိုတာ စိတ်ကူးယဉ် ကြည့်ဖို့ ကောင်းပါတယ်။ GTA Vမှာ Franklinတို့ သုံးယောက်ရဲ့ ဘ၀ပုံစံတွေနဲ့ အတူတူ အသစ် အသစ် ပြောင်းလဲမှုတွေကို ခံစားရစေနိုင်ဖို့ ဂိမ်းမာအပေါင်းကို တစ်ချိန်တစ်ခါ Preview လုပ်ပေးလိုက်ပါတယ်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *