News

လင်းဆေးလိုဟန်က သူမရုပ်နဲ့ တူတဲ့ ဇာတ်ကောင်ကို အသုံးပြုထားသဖြင့် Grand Theft Auto ကုမ္ပဏီကို တရားစွဲ

လင်းဆေးလိုဟန်က Grand Theft Auto Vမှာ သူမနဲ့ ရုပ်တူတဲ့ ဇာတ်ကောင်ကို အသုံးပြုထားတဲ့အတွက် Rockstar Gamesနဲ့ သူ့ပိုင်ရှင် Take-Two Interactiveကို တရားစွဲလိုက်ပါတယ်လို့ Associated Pressက ရေးသားထားပါတယ်။ အမှုကို မန်ဟက်တန်မှာ ကြားနာစစ်ဆေးနေပါပြီ။ လင်းဆေးလိုဟန်က သူမရဲ့ ရုပ်၊ အသံသာမက သူမရဲ့ အ၀တ်အစားစတိုင်များကို ခိုးယူထားတယ်လို့ ပြောပါတယ်။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး Take-Twoက ဘာမှပြောကြားခြင်းမရှိသေးပါဘူး။

လင်းဆေးလိုဟန်ကို ပုံတူကူးချထားတဲ့ ဂိမ်းထဲက ဇာတ်ကောင်က Lacey Jonasဖြစ်ပါတယ်။ Lacey Jonasဟာ ပါပါရာဇီ သတင်းထောက်တွေကနေ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ မင်းသမီးအဖြစ် ဂိမ်းဇာတ်လမ်းထဲမှာ ပါ၀င်နေတာပါ။ ထူးခြားတာက Jonas ဇာတ်ကောင်ဟာ GTA Vမှာ သိပ်ပြီး အရေးမပါဘဲ လင်းဆေးလိုဟန်ရဲ့ သတိထားမှုကို ရရှိသွားတာပါ။ Take-Twoဟာ လင်းဆေးလိုဟန်ကို ပုံတူကူးချပြီး ဒါမှမဟုတ် မင်းသမီးရဲ့ ကာရေကာချာကို တမင် ရည်ရွယ် အသုံးပြုထားတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

GTA Vကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ စတင်ဖြန့်ချီခဲ့ပြီး ပထမဆုံးရောင်းချတဲ့နေ့မှာပဲ ဒေါ်လာ သန်းရှစ်ရာဖိုး ရောင်းချရပါတယ်။

လင်းဆေးလိုဟန်က သူမကို ပုံတူကူးချထားပါတယ်လို့ ပြောဆိုတားတဲ့ Lacey Jonasရဲ့ ဂိမ်းမှာ ပါတဲ့ ဇာတ်၀င်ခန်းတွေကို အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *