News

ဘီယာ ငှဲ့ ပေးတဲ့ စက်ရုပ်

ဂျပန် Company တစ်ခုဖြစ်တဲ့ Asahi ဟာ သူ့ ရဲ့ ဘီယာ ငှဲ့ ပေးတဲ့ စက်ရုပ်ကို စမ်းသပ်နေတာနှစ်နဲ့ ချီနေပြီဖြစ်ပါတယ်။အခုတော့ (၁၂) စက္ကန့်မှာ ဘီယာ ခြောက်ခွက်ကို ဖိတ်စင်မှုမရှိဘဲ ငှဲ့ပေးနိုင်တဲ့ စက်ရုပ် ကိုပြုလုပ်နိုင်ခဲ့ပါပြီ။

Asahi က သူ့ရဲ့ စက်ရုပ်ကို Tokyo မှာ ပြုလုပ်တဲ့ International Robotics Expo မှာပြသခဲ့တာဖြစ်ပါတယ်။ ဒီ စက်ရုပ် Barman ရဲ့ထူးခြားချက်က လုံး၀ဖိတ်စင်မှုမရှိအောင် ဘီယာ ငှဲ့ပေးနိုင်တာဖြစ်ပါတယ်။

ဘီယာခွက်ထဲကို မဖိတ်စင်ဘဲ ဘီယာ ငှဲ့ ဖို့ဆိုတာလွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဘီယာ ဖိတ်စင်မှုကြောင့် ဘီယာဆိုင်ပိုင်ရှင်တွေဟာ ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေကြပါတယ်။
အခုတော့ ဒီပြဿနာကို စိတ်ပူစရာမလိုတော့ ဘဲ Nagoya အခြေစိုက် စက်ရုပ်တီထွင်တဲ့ Company ဖြစ်တဲ့ NST နဲ့ ပူးပေါင်းပြီး စက်ရုပ် ဘီယာငှဲ့ သမားကို အောင်မြင်စွာတီထွင်နိုင်ခဲ့ပြီလို့ Asahi ကပြောပါတယ်။ ဒီစက်ရုပ် Barman က လူသောက်သုံးမှုများတဲ့ ဘီယာ ဘားတွေမှာတောင် ကောင်းမွန်လျှင်မြန်စွာအလုပ်လုပ်နိုင်ပါတယ်။

Asahi ကအရင်တုန်းကလည်း ဒီလိုစက်ရုပ်မျိုးဖြစ်တဲ့ Tornado draft beer dispenser ကိုတီထွင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီစက်ရုပ်ကိုအသုံးပြုရင် အထူးပြုလုပ်ထားတဲ့ ဘီယာခွက်လိုအပ်မှာဖြစ်ပြီး အခုထုတ်လုပ်ထားတဲ့ စက်ရုပ်ကတော့ အဲလိုခွက်မျိုးမလိုဘဲ နှစ်သက်ရာခွက်ကိုအသုံးပြုနိုင်ပါတယ်။

ဈေးနှုန်းနဲ့ရောင်းချမယ့်ရက်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ ခန့်မှန်းချက်အရ နောက် နှစ်နှစ်လောက်မှ ရောင်းချမယ်ထင်ပါတယ်။
Asahi ရဲ့ သုတေသန ဌာန မှာ Junichi Kitano ကပြောကြားရာမှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ စက်ရုပ်ကို ဆက်လက်တီထွင်ဆန်းသစ်ဖို့ အချိန်အနည်းငယ်စောင့်ပါလို့ပြောဆိုပါတယ်။
phpuh9m1c

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *