News

Sony မှ Playstation 4 ကို မိတ်ဆက်ပြသ

palystation-sony

Sonyမှ Game စက်အသစ် Playstation 4ကို ဖေဖော်ဝါရီ၊ (၂၀)ရက်ရဲ့ ညနေပိုင်းက မက်ဟက်တန်မြို့ရဲ့ Hammersteinခန်းမမှာ မိတ်ဆက်ပြသလိုက်ပါတယ်။ Playstation 4ဟာ ၂၀၀၆ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Playstaiton 3နဲ့ ပုံစံခြင်း အနည်းငယ် ဆင်တူပါတယ်။ ဒါပေမယ့် သူ့ရဲ့ လက်ကိုင်မှာ Touchpad, Motion Controlနဲ့ Share Buttonတို့ ပါဝင်လာပါတယ်။ ဂျပန်မှ Electronic ကုမ္ပဏီ အကြီးစားတစ်ခုဖြစ်တဲ့ Sonyမှ Playstation 4ကို Hardwareပိုင်းသာမက Softwareပိုင်းမှာပါ ပိုမို ကောင်းမွန်အောင် ပြင်ဆင်ခဲ့ပြီး သူတို့ရဲ့ Gameစက်အသစ်ကို “The Fastet, Most Powerful Gaming Network”လို့ ညွှန်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက Xbox 360 Game စက်ဟာ Playstation 3ထက် ပိုမို လူကြိုက်များခဲ့ပြီး အဲဒီလို လူကြိုက်များခဲ့ရတဲ့ အကြောင်းကတော့ Xbox 360မှာ Online Service ( xbox Live) ပါဝင်ခဲ့တာကြောင့် ဂိမ်းကစား သူတွေဟာ ပြိုင်ဘက်ပေါင်း များစွာနဲ့ Onlineမှာ ယှဉ်ပြိုင်လို့ရပြီး ပိုမို လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချက်ကို ကောင်းကောင်း သင်ခန်းစာရခဲ့တဲ့ Sonyဟာ နောက်ဆုံး ပွဲထုတ်မယ့် Playstation 4ကိုတော့ Gaming Networkတွေမှာ ပါဝင် ဝင်ဆံ့နိုင်အောင် ပြင်ဆင်လာခဲ့ပြီး လူကြိုက်များမှုနဲ့ ဈေးကွက်ဝေစုတို့ကို သိမ်းပိုက်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *