News

EPSON ၏ OMR Software Solution Seminars ကို CHATRIUM HOTEL ၌ ကျင်းပ

epson-OMR

EPSON၏ OMR Software Solutio Seminarsကို ဖေဖော်ဝါရီလ၊ (၂၂)ရက်နေ့တွင် CHATRIUM HOTEL၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါပွဲကို Client Focus Technology Group Co., Ltd.နှင့်အတူ ထိုင်းနိုင်ငံ အခြေစိုက် GPS on Thailand Co., Ltdမှလည်း ပညာသင်ကြားရေးနှင့် စီးပွားရေးလုပ်ငန်း အထောက်အကူပြု ITဆိုင်ရာ ပစ္စည်းများအကြောင်းကို ရှင်းလင်းတင်ပြ ဆွေးနွေးသွားပါသည်။ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများ စာမေးပွဲစစ်ပေးခြင်းနှင့် စီးပွားရေး လုပ်ငန်းများအတွက် စစ်တမ်းများ ထုတ်ပေးရာတွင် EPSON၏ OMR Software Solutionကို အသုံးပြုခြင်းအားဖြင့် အကောင်းဆုံး ဖြေဆိုမှု ရလဒ်များနှင့် အမြန်ဆုံး ထုတ်ပေးနိုင်၍ အဆင်ပြေလွယ်ကူနိုင်ပြီး Paperကုန်ကျမှု နှုန်းထားကို လျှော့ချနိုင်သည်ဟု သိရပါသည်။

“ပညာသင်ယူရေးစနစ်က ခေတ်နောက်ကျနေတာကိုအပြစ်မမြင်ပါဘူး။ ခေတ်မီတဲ့ပညာရေးကိုITနည်းပညာကိုအသုံးပြုပြီး ပြောင်းလဲလိုပါကြောင်း” မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌဦးခွန်ဦးမှ အဆိုပါဟောပြောပွဲတွင် ပြောကြားခဲ့ပါသည်။အဆိုပါ EPSON၏ OMR Software Solutionနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Client Focus Technology Group Co., Ltd. ဖုန်း – 09-420-023-290သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရပါသည်။ (DEAWE)

Leave a Reply

Your email address will not be published. Required fields are marked *