News

HTC Authorised Service Centre မှ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခြင်း

htc-authorised-services

HTC Authorised Service Centreမှ အရည်အသွေးပိုင်းနှင့် ဝန်ဆောင်မှုပိုင်းများနှင့် ပတ်သက်၍ စာနယ်ဇင်းများအား ရှင်းလင်း ပြသခြင်းများကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်ရှိ HTC Service Centreတွင် ဖေဖော်ဝါရီလ (၁၆)ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ HTC Service Centreမှ Deputy General Manager ကိုဇော်လှိုင်ဘွားမှ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ရခြင်းနှင့် လက်ရှိ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုများ အကြောင်းကို ရှင်းလင်း တင်ပြပေးခဲ့ပါသည်။ ထို့နောက် Product & Service Manager ကိုရဲဝင်းနိုင်မှ HTC Service Centre၏ ဝန်ဆောင်မှုများတွင် အရည်အသွေးပိုင်း မည်ကဲ့သို့ ထိန်းသိမ်းထားပုံ၊ အင်ဂျင်နီယာများကို မည်ကဲ့သို့ လေ့ကျင့်သင်ကြားခဲ့ပုံများကို Presentation Slide နှင့်တကွ ရှင်းလင်းတင်ပြခဲ့သည်။

HTC Service Centreများကို နိုင်ငံတကာ၏ စံချိန်စံညွှန်းများနှင့် International Rules & Regulationများအတိုင်း ဖွင့်လှစ်ထားသော Service Centre ဖြစ်ခြင်း။ HTC၏ စက်ရုံတည်ရှိရာ ထိုင်ဝမ် Repair Centreတွင် On-Job Training တက်ရောက်ထားသော ကျွမ်းကျင်မှု ပြည့်ဝသည့် အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းထားခြင်း။ ခေတ်မီတိကျသော Testing Toolsများ၊ Diagnostic Programများ၊ ကမ်ဘာ့အဆင့်မီ RF Testerများဖြင့် တိကျမြန်ဆန်စွာ အချိန် (၂)ရက်မှ (၃)ရက်အတွင်း ဝန်ဆောင်မှုပေးခြင်း။

မြန်မာနိုင်ငံအတွက် တင်သွင်း ဖြန့်ဖြူး ရောင်းချ ပေးနေသော မော်ဒယ်လ် (၆)မျိုးအတွက် Mobile Phone အလုံး (၁,၀၀၀)လျှင် Spare Parts အလုံး (၄၀)အထိ လုံလောက်စွာ Aanti Static Caseများဖြင့် ထိန်းသိမ်းထားရှိပေးပြီး အခြား မော်ဒယ်လ်များအတွက် Spare Partsများကို လိုအပ်သလို Orderမှာယူ ပြင်ဆင်ပေးခြင်း။ Service Roomအတွင်း Electro Static Discharge (ESD) Safe Workstationများဖြင့် လုံခြုံစိတ်ချမှု ရှိအောင် ဖွဲ့စည်းထားပြီး အင်ဂျင်နီယာများမှလည်း ESD Instructionအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရခြင်းကြောင့် လူ့ကိုယ်ခန္ဓာအတွင်းမှ တည်ငြိမ် လျှပ်စစ်ကြောင့် ဖြစ်ပေါ်လာသော ဖုန်းတွင် အသုံးပြုထားသော Componentများ သက်တမ်းနည်းသွားခြင်း၊ ထပ်ဆင့် ချို့ယွင်းမှုများမှ ရှောင်ရှားနိုင်ခြင်း အစရှိသော အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့ပြီး HTC Service Centre၏ လုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့ လှည့်လည် ပြသပေးခဲ့ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *