Business, Design, Featured, Interview, News

လေးနှစ်အရွယ် ဖက်ရှင် ဂုရုက J.Crewအတွက် ဒီဇိုင်းထုတ်ပေးရမှာကို ရူးသွပ်လောက်အောင် ပျော်ရွှင်ကြောင်းပြော

လေးနှစ် အရွယ် ဖက်ရှင် ဂုရုက J.Crewအတွက် ဒီဇိုင်းထုတ်ပေးရမှာကို ရူးသွပ်လောက်အောင် ပျော်ရွှင်ကြောင်းပြော

မေဟန် အမည်ရ လေးနှစ်အရွယ် ဖက်ရှင် ဂုရုကို ပထမအကြိမ် လူတွေ သတိပြုမိတာကတော့ ဖေဖော်ဝါရီလမှာ ကတ်ကြေး၊ တိပ်နဲ့ အဆောက်အဦးဆောက်လုပ်ရာမှာ အသုံးပြုတဲ့ စက္ကူ တွေနဲ့ သူမပြုလုပ်ခဲ့တဲ့ လှပတဲ့ စက္ကူ အ၀တ်အစားတွေကြောင့်ပါပဲ။ သူမရဲ့ ဒီဇိုင်းတွေကို အနည်းငယ်ကူညီခဲ့တဲ့ သူမ မိခင်က သူမကိုယ်စား Instagram အကောင့်တစ်ခု ဖွင့်ပေးခဲ့ပြီး သူမရဲ့ အံ့ဖွယ် လက်ရာတွေကို တင်ပြခဲ့ပါတယ်။ အလွန်လျှင်မြန်စွာပဲ မီဒီယာတွေနဲ့ နာမည်ကြီး ဖက်ရှင်ဘရန်းတွေရဲ့ စိတ်၀င်စားမှုကို ရရှိခဲ့ပါတယ်။

မေဟန်ရဲ့ ဒီဇိုင်းတွေကို တွေ့မြင်ပြီးနောက်မှာ J.Crewက သူမကို ချဉ်းကပ်ခဲ့ပြီး အ၀တ်အစား၊ ဖိနပ်နဲ့ တွဲဖက် အသုံးအဆောင် တွေကို ၂၀၁၅ ခုနှစ် ဆောင်းရာသီအတွက် ကူညီပြီး ဒီဇိုင်းထုတ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

မေဟန်က သူမရဲ့ လက်ရာတွေမှာ စက္ကူ၊ လက်ဆောင်ထုပ်ပိုးတဲ့ တိပ်၊ ကျောက်မျက်ရတနာနဲ့ အခြား အနုပညာပစ္စည်းများကို အသုံးပြုခဲ့ပြီး J.Crewရဲ့ ဒီဇိုင်းအဖွဲ့က သူမလက်ရာတွေကို တကယ့်အ၀တ်အစားဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။

သူငယ်တန်းအရွယ် ကလေးမလေးအဖို့ ဒီလို ဒီဇိုင်းမျိုးတွေ ထုတ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ စာဖတ်သူလည်း ကျွန်တော့်လိုပဲ စဉ်းစားနေမှာပါ။ ဒါပေမယ့် Crewcuts Designရဲ့ အကြီးအကဲဖြစ်တဲ့ Jenny Cooperက မေဟန်ဟာ မွေးလာကတည်းက ပါရမီပါရှိလာတာလို့ ပြောပါတယ်။

မေဟန်ကို Huffingtonpostက တွေ့ဆုံ စကားပြောခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ J.Crewက သမီးနဲ့ အလုပ်လုပ်ချင်တယ်လို့ ကြားတဲ့အခါမှာ ဘယ်လို ခံစားရပါသလဲ။
ဖြေ။ ။ သမီး အရမ်းပျော်ခဲ့ပါတယ်။ တကယ်ကို လုပ်ချင်နေတာပါ။

မေး။ ။ J.Crewအတွက် ဒီဇိုင်းလုပ်ရာမှာ ဘာကို အကြိုက်ဆုံးလဲ။
ဖြေ။ ။ သမီး J.Crewကို ကြိုက်ပါတယ်။

မေး။ ။ J.Crewအတွက် ဒီဇိုင်းလုပ်ရာမှာ ဘာက အခက်ခဲဆုံးလဲ။
ဖြေ။ ။ ဘာမှ မခက်ခဲပါဘူး။

မေး။ ။ ဘာက သမီးကို လှစေတယ်လို့ ထင်လဲ။
ဖြေ။ ။ ဆံပင်ပါ။

မေး။ ။ အ၀တ်အစားတွေ လုပ်တာနဲ့ ပတ်သက်ပြီး ဘယ်အရာကို အကြိုက်ဆုံးလဲ။
ဖြေ။ ။ အားလုံးကို လုပ်ရတာ ကြိုက်ပါတယ်။

မေး။ ။ လေးနှစ်အရွယ် ကလေးငယ်တွေရဲ့ အ၀တ်ဘီရိုထဲမှာ ဘာတွေ ရှိသင့်လဲ။
ဖြေ။ ။ ရှပ်အင်္ကျီ၊ အ၀တ်အစားနဲ့ ဘောင်းဘီတွေပါ။ အဖြူနဲ့ အပြာရောင်လေးတွေပေါ့။

မေး။ ။ သမီး အသက်ကြီးလာရင်လည်း အ၀တ်အစားဒီဇိုင်းတွေ ဆက်လုပ်ချင်သေးလား။
ဖြေ။ ။ ဟင်း (ကလေးက မေးတဲ့အချိန်မှာ မုန့်ကို ပလုတ်ပလောင်းစားနေလို့ပါ။)

မေး။ ။ အ၀တ်အစားတွေ လုပ်တာအပြင် အခြား ဘာကို စိတ်၀င်စားလဲ။
ဖြေ။ ။ သမီး စက်ဘီးကိုစီးတာပါ။

မေး။ ။ အားလပ်ရက်မှာ အလိုချင်ဆုံးတစ်ခုက ဘာလဲ။
ဖြေ။ ။ မြင်းလေးပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။