How-to

Operating System အသစ်များကိုအမြန်ဆုံး လေ့လာနိုင်မယ့် နည်းများ

ဒီနေ့ခေတ်မှာ Operating Systems လို့ဆိုလိုက်ရင် Windows အပြင် တစ်ခြားရွေးချယ်စရာ OS တွေ ရှိလာပါပြီ။ Mac OS ,Ubuntu ,Linux, IOS, Android, Chrome OS, Firefox OS Phone, Windows Phone စတာတွေ အပြိုင်အဆိုင်ပေါ်ထွက်လာပါပြီ။ ဒီဆောင်းပါးမှာ အသစ်ထွက်ပေါ်လာတဲ့ OS တွေကို အမြန်ဆုံးလေ့လာနိုင်မယ့် နည်းတွေကို မျှေ၀ပါတယ်။

Tech Websites
နာမည်ကြီး Tech Websites တွေမှာလေ့လာပါ။အဲဒီဆိုက်တွေ က OS အသစ်တစ်ခုပေါ်လာရင် အမြန်ဆုံးစမ်းသပ်သုံးစွဲပြီးစာဖတ်သူတွေကို ပြန်လည်မျှေ၀ပေးနိုင်ပါတယ်။ကျွန်တော် ကြိုက်နှစ်သက်တဲ့ Tech Websites တွေကို လင့်တွေ ပေးလိုက်ပါတယ်။
http://lifehacker.com/
http://www.addictivetips.com/
http://www.makeuseof.com/
http://www.ghacks.net/
http://www.mywindowsclub.com/
http://www.howtogeek.com/
Use a Virtual Machine
Virtual Machine ဆိုတာ Virtualization ဆော့ဝဲတစ်ခုဖြစ်ပြီး OS မျိုးစုံကို အဲဒီ ဆော့ဝဲထဲမှာစမ်းသပ်သုံးနိုင်ပါတယ်။Virtual Machine Software တွေအများအပြားရှိပြီး အဲထဲကမှ Oracle VirtualBox ကို အခမဲ့သုံးနိုင်ပါတယ်။

Run it Live – Linux Only
Linux OS တွေကို USB,CD,DVD တွေကနေ စမ်းသပ်သုံးနိုင်ပါတယ်။ ကွန်ပြူတာ က Boot Menu မှာ USB,CD,DVD ကနေ Boot တက်ပြီး Linux OS တွေကို အင်စတောလုပ်စရာမလို ဘဲ သုံးနိုင်ပါတယ်။

Use a Simulator
Company တစ်ချို့က OS အသစ်တစ်ခု ထုတ်လိုက်ရင် သူတို့ရဲ့OS ကို စမ်းသပ်သုံးနိုင်ဖို့ Simulator တွေ ပြုလုပ်ပေးတတ်ပါတယ်။Simulator ကတော့ VirtualBox လို မျိုး OS တစ်ခုလုံးကို ထဲထဲ ၀င်၀င်လေ့လာနိုင်မှာမဟုတ်ပါဘူး။
Ubuntu က သူ့ OS ကိုလေ့လာနိုင်ဖို့ Online Tour ၀က်ဆိုက်တစ်ခုပြုလုပ်ပေးထားပါတယ်။အဲဒီ၀က်ဆိုက်မှာ Ubuntu ကိုစမ်းသပ်သုံးစွဲလေ့လာနိုင်ပါတယ်။


Microsoft က Windows Phone 8 Simulator ကို ပြုလုပ်ပေးထားပြီး စမ်းသပ်သုံးစွဲလေ့လာနိုင်ပါတယ်။

Mozilla ရဲ့ Firefox OS သုံး Smart Phone ကိုစမ်းသုံးချင်ရင်တော့ Firefox Browser ကနေ Firefox OS Simulator ဆိုတဲ့ Extension ကို အင်စတောလုပ်ပြီးသုံးနိုင်ပါတယ်။

Ref : http://www.makeuseof.com/tag/6-quick-ways-to-get-familiar-with-a-new-operating-system/

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *