ဒေတာ သိုလှောင်ရန်၊ ပြောင်းရွှေ့ရန်နှင့် သိမ်းဆည်းပေးရန်အတွက် ကျောင်းသူ/သား၊ လုပ်ငန်းရှင်များအတွက် နယ်ပယ်အမျိုးမျိုးမှာ အသုံးဝင်စေမဲ့ Apacer AH 129ကို မိတ်ဆက်ပေးပါရစေ။ အကြမ်းခံနိုင်သည့်အပြင် ဒီဇိုင်းပိုင်းမှာပါ ကျစ်လစ်သိပ်သည်း စမတ်ကျစေမဲ့ ဒီဇိုင်းလေးနှင့် ပွဲထွက်လာပါတယ်။ ပျောက်ရှခြင်းမှ ကင်းဝေနိုင်ရန်အတွက် စတစ်တွင် Key Chainဖြင့် တွဲဖက်ပေးထားခြင်းက Fannyဆန်ဆန် လှပမှုကို ပေးစွမ်းနေမှာပါ။ နည်းပညာအပိုင်းမှာတော့ ရေစိုခံပြီး၊ Retractable USD Drive တွန်းထုတ်လို့ရတဲ့ ဒီဇိုင်းလေးနှင့် ဖြစ်ပါတယ်။ Apacerရဲ့ ထုံးစံအတိုင်း သင့်ရဲ့ ဒေတာများကို လုံလောက်စွာ သိုလှောင်ရန်အတွက် ဖိုင်ချုပ်တဲ့ APPကို http://ACE.apacer.com တွင် Download ယူနိုင်ပါသည်။ ဒေတာအပြောင်းအရွေ့တွင် အဆင်ပြေနိုင်ရန်အတွက် USB 2.0ကို အသုံးပြုထားပါသည်။ Life Time Warranty ပေးထားတဲ့အတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာ အသေအချာပါ။ Apacer AH 129ကို ရွှေလမင်းနဂါးမှ ဖြန့်ချီပြီး မြန်မာနိုင်ငံ အမြို့မြို့ အနယ်နယ်ရှိ ကွန်ပျူတာဆိုင်ကြီးများနှင့် ဖုန်းဆိုင်ကြီးများတွင် ၀ယ်ယူရရှိနိုင်ပါပြီ။ ဈေးနှုန်းလေးကတော့ – 4 GBကို 8700 ကျပ်ဖြင့် လည်ကောင်း၊ 8 GBကို 9100 ကျပ်ဖြင့် လည်ကောင်း ၀ယ်ယူနိုင်ပါပြီ။ စုံစမ်းမေးမြန်းလိုပါက 01-2301797~98 သို့စုံစမ်းနိုင်ပါပြီ။
ရေစိုခံ Apacer AH 129

31
May