Laptops, News, Review

Acer Aspire E5-471G (i5)

New Acer Aspire E5-471G (i5)

Acer မှ Intel နောက်ဆုံးမျိုးဆက်ဖြစ်သော 5th Generation CPU ဖြင့်ထုတ်လုပ်ထားသည့် Acer Aspire E5-471G (i5) ကိုမိတ်ဆက်ပေးချင်ပါတယ်။ E5-471G (i5) တွင် Intel ရဲ့ Broadwell CPU 5200U ကိုဆင်ယင်ထားပြီး လုပ်ဆောင်ချက်နှုန်းက 2.2GHz ဖြစ်ပါတယ်။ Data အများကြီးတစ်ပြိုင်နက်တည်း လုပ်ဆောင်ချင်တဲ့အခါ CPU ရဲ့စွမ်းဆောင်ရည် လျော့ကျသွားမှာ ပူပင်စရာမလိုပဲ Core i5 ဆိုတဲ့ အတွက် Turbo boost က အမြန်နှုန်းကို 2.7GHz ထိတိုးမြှင့် ကူညီလုပ်ဆောင် ပေးသွားမှာဖြစ်ပါတယ်။ 14nm architecture နဲ့ Broadwell မှာ တည်ဆောက်ထားတဲ့အတွက် CPU ရဲ့ power စားသုံးမှုကို လျှော့ချပေးပြီးလုပ်ဆောင်ချက်များကို Haswell ထက်ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၁၄လက်မဖြစ်ပြီး၊ Acer ရဲ့ နည်းပညာတစ်ခုဖြစ်တဲ့ Acer Cinecrystal LED LCD နဲ့ တည်ဆောက်ထားတဲ့အတွက် ရုပ်ထွက်အရည်အသွေးကိုစိုပြေ တောက်ပစေပါတယ်။ Memory ကို 4GB တပ်ဆင်ပေးထားပြီး ၊ Data Storage အတွက် 500GB ကိုထည့်သွင်းပေးထားပါသည်။ Graphic အနေဖြင့် ကြည့်မယ်ဆိုရင် broadwell Intel graphic က 5500 နှင့် Nvidia Geforce GT 820M 2GB ပေါင်းစပ်ပေးမှုက graphic design software သုံးရင်ပဲ ဖြစ်စေ၊ game ဆော့ရင်ပဲဖြစ်စေ၊ အကောင်းဆုံးသော performance တွေကို စွမ်းဆောင်ရည်မြင့်မြင့် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

Data တွေကိုဖတ်နိုင်၊ ရေးနိုင်စေရန် DVD Drive ကိုပါထည့်သွင်းပေးထားပါတယ်။ Acer Nplify 802.11 b/g/n ကလည်းလူမှုကွန်ယက် ချိတ်ဆက်မှုကို လျှင်မြန်စွာချိတ်ဆက် ပေးနိုင်ပါသေးတယ်။ USB 3.0 , VGA , GBLAN, HDMI, Card Reader, port များကလည်း External Device များဖြင့် အခက်အခဲမရှိ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ Battery ကိုတော့ 6 Cell Li-ion အမျိုးအစားကိုသုံးပေးပြီး Intel ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Broad well CPU မှာ power စားသုံးမှုက 15W သာဖြစ်တဲ့အတွက် အချိန်ကြာမြှင့်စွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ update ကိုမှသုံးချင်တယ်၊ စိတ်ဝင်စားတယ် ဆိုရင်တော့ Official warranty 2 နှစ်ဖြင့် Acer Aspire E5-471G (i5) ကိုရွှေလမင်းနဂါးကုမ္ပဏီ နှင့် Dealer / Reseller ဆိုင်များသို့ မေးမြန်းဝယ်ယူနိုင်ပါတယ်။
Price – 589 USD

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *