Desktop, News, Review

Acer Aspire TC605 ( i7 )

Acer Aspire TC605 ( i7 )

Acer ရဲ့ မြောက်များစွာသော Branded Desktop များမှ အသစ်ထပ်မံရောက်ရှိလာတဲ့ Series အသစ် Aspire TC605 (i7) ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ Branded Desktop တစ်လုံးကို ရှာဖွေနေသူများအတွက် 4th Generation Intel Core i7 4790 Processor ကို အသုံးပြုထားပြီး Nvidia Geforce GT 710 2 GB ကိုထည့်သွင်းထားခြင်းက သင့်ရဲ့ စိတ်ကူးကို အကောင်အထည် ဖော်ပေးနိုင်ပါတယ် ။ Desktop ကို ဝယ်ယူရုံနဲ့ Acer Keyboard, Mouse, Speaker တစ်ပါတည်း ပါရှိပြီး သင်ကြိုက်နှစ်သက်ရာ Acer Monitor နဲ့ တွဲဖက်သုံးစွဲပြီး Branded Desktop ကို ပိုင်ဆိုင်နိုင်ပါပြီ။

ဒီ Aspire TC605(i7) Desktop မှာ Intel 4th Generation i7 4790( 3.6 GHz with Turbo Boost up to 4.0GHz, 8MB L3 Cache) အသုံးပြုထားပြီး Nvidia Geforce GT 710 2GB Graphic ပါရှိခြင်းကြောင့် Graphic အသုံးပြု  Application များ၊ 3D Game များနှင့် အခြား Softwareများကိုပါ Performance ကောင်းကောင်းဖြင့် အသုံးပြုနိုင်ပါတယ်။ ထို့အတွက် အထောက်အကူ ဖြစ်စေမယ့် Memory ကို 8GB DDR3 တပ်ဆင်ထားပြီး Data များသိမ်းဆည်းရန်နှင့် အခြား application များ install ပြုလုပ်ရန်အတွက် 1TB HDD က လုံလောက်စေမှာပါ။ ထို့အပြင် HDD ကို လွယ်ကူစွာ ဖြုတ်တပ်နိုင်တဲ့ HDD Carrier ပါဝင် ပါတယ်။ DVD Super Multi Double Layer တပ်ဆင်ထားပြီး မြန်နှုန်းမြင့် GbLAN, Wireless LAN တို့နှင့်အတူ Wirless Option 802.11b/g/n ပါရှိပြီး HDMI Port, Card Reader ကို စုံလင်စွာတပ်ဆင်ထားခြင်းက သင့်အတွက် ပြီးပြည့်စုံတဲ့ ခံစားချက်ကို ရရှိစေမှာပါ ။ စိတ်ပါဝင်စားပြီး မေးမြန်းဆက်သွယ်သူတွေအတွက် ရွှေလမင်းနဂါးကုမ္ပဏီမှ တရားဝင် တင်သွင်း ပြီး အာမခံသက်တမ်း (၃)နှစ် (parts and Services) ပေးထားကာ အမြို့မြို့အနယ်နယ်ရှိ Acer Dealer/Reseller ဆိုင်ကြီးများတွင် စုံစမ်းမေးမြန်း ဝယ်ယူရရှိနိုင်ပါသည်။ ဖုန်းနံပါတ် 01-230-0087~88, 09-250-177-761~62,01-230-1797~98 သို့ စုံစမ်းမေးမြန်းနိုင်ပါပြီ။  ဈေးနှုန်း – US$ 770

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *