Laptops, News, Review

Acer Aspire E5-471PG (i5)

New Acer Aspire E5-471PG (i5)

Notebook ကို Touch screen အမျိုးအစား performance မြှင့်မြှင့် သုံးချင်တယ်ဆိုရင်တော့ Acer Aspire E5-471PG (i5) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ original window 8.1 Single Language 64 bits officially ပါဝင်တဲ့အတွက် နေရာဒေသမရွေး ယူဆောင် အသုံးပြုနိုင်ပါတယ်။ Acer Aspire E5-471PG မှာ Intel Core-i5 (4210U) ကိုအသုံးပြုထားပြီး၊ CPU ရဲ့မြန်ဆန်သော လုပ်ဆောင်ချက်နှုန်းက 1.7GHz မှ Turbo boost ပါတဲ့အတွက် လုပ်ဆောင်မှုနှုန်းကို 2.70 GHz အထိ မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ Screen ရဲ့ အရွယ်အစားက ၁၄လက်မ HD LED Multi-Touch ဖြစ်ပြီး၊ 4GB DDR3L Memory တပ်ဆင်ထားပြီး၊ မြောက်များစွာသော data တွေကိုသိုလှောင်ဖို့အတွက် 1TB ကို တပ်ဆင်ပေးထားပါတယ်။ Graphic အတွက်ဆိုရင်လည်း NvidiaGeforce GT 820M 2GB က ကောင်းမွန်သောရုပ်ထွက် များကိုဖန်တီးနိုင်ပါတယ်။

DVD Super Multi Drive ပါဝင်တဲ့အတွက် Data တွေကိုလည်း Read / Write လုပ်လို့ရပါတယ်။ Acer  Crystal Eye HD Webcam ပါတဲ့အတွက် Selfie ရိုက်ချင်ရင်ပဲဖြစ်ဖြစ်၊ Chatting လုပ်ချင်ရင်ပဲဖြစ်ဖြစ်ကောင်းမွန်သောရုပ်ထွက်ကို ပေးဆောင်နိုင်ပါတယ်။ wireless ချိတ်ဆက်မှုအတွက် Acer Nplify 802.11 b/ g / n လျှင်မြန်သော ချိတ်ဆက်မှုကို ပေးနိုင်ပါတယ်။ HDMI,VGA,GbLAN, Card Reader  နှင့် USB 3.0 အစရှိသည့် Ports များလည်းပါရှိပါသည်။ Battery ကိုတော့ 6-cell Li-ion Battery ကို သုံးထားပေးတဲ့အတွက် notebook အသုံးပြုမှုကို ကြာရှည်စွာ အသုံးပြုနိုင်မှာသေချာပါသည်။ အဆိုပါ Acer Aspire E5-471PG (i5) ကို သုံးချင်ရင်တော့ ရွှေလမင်းနဂါးကုမ္ပဏီ နှင့် အမြို့မြို့၊ အနယ်နယ်ရှိ computer ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဝ၁၂-၃၀၁-၇၉၇ ၊ ဝ၁၂-၃၀၁-၇၉၈ ၊ ဝ၁၂-၂၇၇-၈၁ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
Price – 669 USD

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *