Desktop, News, Review

Acer K202 HQLCb

Acer K202 HQLCb

Acer မှ Monitor များကို အစဉ်တစိုက်အားပေးနေသော Acer ချစ်သူများအတွက် Acer မှ အသစ်ထပ်မံထုတ်လုပ်လိုက်သော LED Monitor 19.5 inches အမျိုးအစားဖြစ်ပါတယ်။ အချိုးအစားမှာ (16 : 9) ရှိပြီး Resolution အနေဖြင့် (1600 x 900) အထိအသုံးပြုနိုင်ပြီး Brightness မှာ 200 nits အထိ အလင်းစူးအားကို ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။ Contrast ratio မှာ (100,000,000 : 1) အထိရရှိပြီး လျှင်မြန်စွာတုန့်ပြန်မှု (Response Time )မှာ 5ms သာ အချိန်ကြာမြင့်သည့်အတွက် လျှင်မြန် စွာရုပ်ထွက်တွေကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ LED Technology ကို အသုံးပြုထားသည့်အတွက် ပါဝါစားသက်သာမှုကို သိသာထင်ရှားစွာ အသုံးပြုနိုင်ပါတယ်။ Analog D-Subပါဝင်မှုက သင့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာပါ။ Acer LED Monitor ကို ဝယ်ယူအားပေးချင်သူများအတွက် Acer (ရွှေလမင်းနဂါးကုမ္ပဏီ) မှ အာမခံသက်တမ်းပစ္စည်းတန်ဖိုး (2) နှစ်နှင့် လက်ခအခမဲ့ (3) နှစ်ပေးထားကာ အမြို့မြို့အနယ်နယ်ရှိ Acer Dealer/Reseller ဆိုင်ကြီးများတွင် စုံစမ်းမေးမြန်း ဝယ်ယူရရှိနိုင် ပါသည်။ ဖုန်းနံပါတ် 01-230-0087~88, 09-250177-761~62 သို့ စုံစမ်းမေးမြန်းနိုင်ပါပြီ။
တန်ဖိုး -US$ 90

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *