Cameras, News, Review

Transcend CVR Drive Pro 200

Transcend CVR Drive Pro 200

တိုးတက်လာသော ခေတ်နှင့်အညီ ယနေ့တွင်ကားစီးတဲ့ အရေအတွက်များလာသလို မတော်တဆမှုများလည်းများပြားလာလျှက် ရှိပါတယ်။ သင်တို့ကား၏ မတော်တဆမှုများကို မျက်မြင်သက်သေတစ်ယောက်အလား မှတ်တမ်းတင်ထားပေးနိုင်မဲ့ Transcend အမှတ်တံဆိပ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Transcend အမှတ်တံဆိပ် ဟာဆိုရင်ဖြင့် Taiwan တွင် အအောင်မြင်ဆုံး အမှတ်တံဆိပ်ဖြစ်ပြီး IT နှင့် ဆက်စပ်ပစ္စည်းများကို အရည်အသွေး ကောင်းမွန်စွာဖြင့် ထုတ်လုပ်ရောင်းချပေးနေသော အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။Transcend CVR Drive Pro 200 ရဲ့ Camera Module ပိုင်းကို ကြည့်မယ်ဆိုရင် View Angle ကို ၁၆၀ ဒီဂရီထိ မြင်ရပြီး၊ COMOS Mega-Pixel 3MPနဲ့ Infrared Filter Lens ကို Glasses Lenses က ၇ခု ဖြင့်ကာကွယ်ပေးထားသောကြောင့် ပုံရိပ်မှုန်ဝါးခြင်းမှ အပြည့်အဝ ကာကွယ်ထားသည့်အတွက် မည်သည့်ပတ်ဝန်းကျင် အခြေအနေတွင်မဆို ကြည်လင် ပြတ်သားစွာဖြင့် တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။Transcend CVR Drive Pro 200

ApatureF/2.0 က တော့ နေ့ဖြစ်စေ၊ ညဖြစ်စေ ကျရောက်လာသော အလင်းအမှောင်ကို အလိုအလျောက် ထိန်းညှိပေးသွားမှာ ဖြစ်ပါတယ်။ Display Screen ကို ၂.၄ လက်မနဲ့ ထုတ်လုပ်ထားပြီး Card ရဲ့ Capacity ကို 64GB အထက်တိုးမြှင့်လို ရပါသေးတယ်။ Transcend Drive Pro ရဲ့ G-Sensor က သင်မရှိသောသင့်ရဲ့ နောက်ကွယ်တွင်  ကားတွင် ဖြစ်သွားသော မတော်တဆမှု၊ ထိခိုက်မှုများကို record လုပ်ထားပေးမှာ ဖြစ်ပါတယ်။Transcend CVR Drive Pro 200-2

Build in Wifi ပါဝင်သောကြောင့် Drive Pro 200 ရဲ့ application ကို Android device ရော ၊ Apple iOSတွင်ပါ download လုပ်လို့ရသည့်အတွက် မည်သည့် Device နှင့်မဆို လွယ်ကူစွာ ချိတ်ဆက်နိုင်ခြင်းသည် Transcend CVR ရဲ့ အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ Design ပိုင်းကိုလည်း ရိုးရှင်းစွာတည်ဆောက်ထား ပြီးသီးသန့်နေရာ ပေးစရာမလိုသောပုံစံကို ဒီဇိုင်းထုတ်ထားပါတယ်။ Drive Pro 200 ၏ wireless network ကို smartphone ၊ Tablet တို့နှင့် ချိတ်ဆက်၍လည်း မှတ်တမ်းလုပ်ထားသော video များကို ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Warranty ကိုတော့ ၂နှစ် အပြည့်ပေးထားပါတယ်။ Transcend CVR Drive Pro 200 ကိုဝယ်ယူချင်တယ်ဆိုရင်တော့ Transcend Product များကို တရားဝင်တင်သွင်း ဖြန့်ချီနေတဲ့ ရွှေလမင်းနဂါးကုမ္ပဏီသို့ မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါသည်။
PH – 012-301-797 , 012-301-798 , 012-277-81
Price – 103500ကျပ်

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *